เส้นทาง

Aung Thu-Vlog မိမိ ကိုယ်ကိုယ် ေကာင်းေအာင် ကြိုးစားမည်

အပေါ်ကတော့ မင်းသမီး နဝရတ်ရဲ့ သိန်းပေါင်းသောင်းချီ အကုန်ခံ တည်ဆော-/က်ထားတဲ့ အိမ်ကြီး ဖြစ်ပီးတော့ အောက်ကတော့ မင်းသမီး ပွင့...
27/09/2026

အပေါ်ကတော့ မင်းသမီး နဝရတ်ရဲ့ သိန်းပေါင်းသောင်းချီ အကုန်ခံ တည်ဆော-/က်ထားတဲ့ အိမ်ကြီး ဖြစ်ပီးတော့ အောက်ကတော့ မင်းသမီး ပွင့်နဒီမောင်ရဲ့ သိန်းပေါင်း 2 သောင်းကျော် အကုန်အကျ ခံ တည်ဆော-/က်ထားတဲ့ ခမ်းနားလှတဲ့ အိမ်ကြီးတွေပေါ့

ဒီအိမ်ကြီး နှစ်အိမ်လုံးရဲ့ ခမ်းနားမှုတွေကို မီဒီယာတွေက သွားရောက် ရို-/က်ကူးပြကြတယ် အပေါ်ယံ အမြင်မှာတော့ အားကျစရာကြီးပေါ့

ဒါမဲ့ ဒီ မင်းသမီး နှစ်ယောက်လုံးမှာ တူညီတဲ့ အချက်က ဒီလို သိန်း ပေါင်းသောင်းချီ ခမ်းနားလှတဲ့ အိမ်ကြီးတွေမှာ အတူ နေထိုင်ပေ မယ့် မိသားစုဝင်တွေ လုံးဝ မရှိကြတော့တာပဲ

မင်းသမီး နဝရတ်ဆိုလဲ တစ်ယောက်ထဲ အပျိုကြီး မိဘတွေကလဲ ဆုံးပါးသွားကြပီ သူမနဲ့ မွေးချင်းအမကလဲ သူမနဲ့ လာနေနိုင်တဲ့ အခြေအနေမဟုတ် သူ့မိသားစုနဲ့သူ

မင်းသမီး နဝရတ်က သူမအိမ်ကြီးကို တစ်လအတွင်းမှာပဲ အ ရောင်းပြန်တင်ခဲ့တယ်

ဘာလို့ဆို ပိုက်ဆံရှိလို့ ဆော-/က်လိုက်ပေမယ့် သူမ တစ်ယောက် ထဲ နေထိုင်ရတော့ အိမ်ကြီးက ကြီးလွန်းနေလို့ပါတဲ့ ဒီ အိမ်ကြီးမှာ နေရတာ သူမ အထီးကျန်တယ်လို့ ခံစားရတယ်လို့ ပြောလာတယ်

မင်းသမီး ပွင့်နဒီမောင်ကလဲ ဒီအိမ်ကြီးကို မိသားစုဝင်တွေ အားလုံး ဆုံးရှံူးလိုက်ရတဲ့ သူမရဲ့ စိတ်ပင်ပန်းမှုတွေကို ဖြေဖြေ-/ာက်ဖို့ ဒီ အိမ်ကြီးကို ဆော-/က်ခဲ့တာတဲ့ဒီလို ခမ်းနားတဲ့ အိမ်ကြီးမှာ သူမနဲ့ အတူ စံစား နေထိုင်မယ့် သူမရဲ့ မိသားစုဝင်တွေ တစ်ယောက်မှ လူ့လောကမှာ မရှိကြတော့ဘူး

အပေါ်ယံကြည့်ရင်တော့ အိမ်ကြီးရဲ့ ခမ်းနားမှုတွေ အားကျစရာ စည်းစိမ်တွေကို တွေ့ရမှာ ဖြစ်ပေမယ့် အတွင်းထဲမှာတော့ အထီးကျန်မှုတွေနဲ့ အိမ်ကြီး သက်သက်ပါပဲ 9

ဒီ အဖြစ်ကို ကြည့်ရင်း တွေးမိတာက လူတွေဟာ ဘယ်လောက်ပဲ ချမ်းသာပါေစ စိတ်ရဲ့ အားကိုးရာ မိသားစုဆိုတာကြီးကို လိုအပ် တယ် ဆိုတာပါပဲ

လူတွေ အပြေးအလွှားရှာဖွေ နေကြတဲ့ စည်းစိမ်ဥစ္စာတွေဟာ ကိုယ် နဲ့ အတူ စံစားမယ့် မိသားစုရှိနေမှသာ အဓိပ္ပာယ်ရှိနေတာမျိုးပါ.

ဥစ္စာပစ္စည်းတွေနောက်လိုက်ပီး မိသားစုနဲ့ မိတ်ဆွေတွေကို အချို့က ချနင်: ခဲ့ကြသူတွေ ရှိတယ် အချို့ကလဲ စည်းစိမ်ဥစ္စာတွေ အတွက် မိသားစုဝင်တွေ သက်ရှိထင်ရှားရှိတုန်းမှာ ခွဲခွ-/ာ နေထိုင်ကြရတာ တွေ ရှိတယ်

အဆုံးသက်မှာတော့ စည်းစိမ်ဥစ္စာတွေနောက် ပြေးလိုက်ရင်း နောက်မှာ ပြန်မရနိုင်တော့တဲ့ အရာတွေ ကျန်နေခဲ့တာကို လူတွေ ဟာ သတိမထားမိကြဘူး

မိသားစုဆိုတာကြီး ရှိနေသေးရင် တန်ဖိုးထားကြဖို့ အသိလေးသတိပေးလိုက်ပြစေခဗျာ🙏🥰

23/09/2026

ငါငိုသာလား ရီနေသာလားAIရယ်🤣🤌

22/09/2026

အကသင်ဆရာ စိတ်မရှည်သော်အခါ🤣

21/09/2026

နောက်ဆုံးမှာ သမီးလေး ပါဝင်သရုပ်ဆောင်🤣🤌

20/09/2026

ဂိမ်းဆော့ရသာမလွယ်🤌🤣

19/09/2026

ဂိမ်းဆော့သာ မလွယ်🤌🤣

19/09/2026

ဒီအသက်ရွယ်နဲ့ခေါင်းတွေတကယ်မူး🤣

18/09/2026

AI အစစ်ပါ အနည်းငယ်ခေါင်းတိုက်မှု့ဖြစ်ပွါး🤣🤌

12/09/2026

စားကြပါအုံးခ ငပိထောင်စားကောင်း😝

09/09/2026

မိမိ သူဌေးအလုပ် လုပ်သော်အခါ 🤣🤌

ที่อยู่

Surat Thani
84000

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Aung Thu-Vlog โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์