เส้นทาง

Soe Myat Hello🙏🙏

25/07/2026
25/07/2026
25/07/2026

မူဆယ်မြို့မှ မူးယစ်ဆေးလွန်သူကို ဆေးကုသပေးရန် တရုတ်ဘက်က ငြင်းပယ်

မဲခေါင်၊ ဇူလိုင် ၂၅

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှ မူးယစ်ဆေးလွန်သူတစ်ဦးကို ဆေးကုသပေးရန် တရုတ်ဘက်က ငြင်းဆိုလိုက်သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်တွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရုတ်ဘက်က ဆေးကုသပေးရန် ငြင်းပယ်လိုက်သဖြင့် မူးယစ်ဆေးလွန်လူနာကို မူဆယ်မြို့ ဆေးရုံသို့ ပြန်သယ်ခဲ့ရသည်။

ဇူလိုင် ၂၁ ရက်ညတွင် မူဆယ်မြို့နေ အမျိုးသားလူငယ်၂ ဦးသည် KTVတစ်ခုတွင် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် Kကို အလွန်အကျွံသုံးစွဲခဲ့ခြင်းကြောင့် တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးကို လူမှုကူညီရေးအသင်းများက တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ လွဲပြောင်းကုသပေးနိုင်ရန် ကူညီပေးခဲ့သည်။

စာရွက်စာတမ်းအထောက်အထားအစုံဖြင့် တရုတ်နိုင်ငံဘက်တွင် ကုသနိုင်ရန် ဇူလိုင် ၂၂ တွင် ကြိုးစားပို့ဆောင်ခဲ့သော်လည်း လူနာသည် မူးယစ်ဆေးသုံးစွဲသည်ဟုဆိုကာ တရုတ်ဘက်က ဆေးဝင်ရောက်ကုသခွင့် ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

“တရုတ်ဘက်က သာမန်လူနာဆို ဆေးကုဖို့ ခွင့်ပြုလေ့ရှိတယ်။ အခုက မူးယစ်ဆေးသုံးလို့ဖြစ်တာဆိုပြီးတော့ ခွင့်မပြုဘူး။ လူနာကိုလည်း နန်းတော်ဂိတ်ကနေတစ်ဆင့် မူဆယ်ပြည်သူ့ဆေးရုံကိုပဲ လူမှုကူညီရေးအသင်းက ပြန်ပို့ပေးလိုက်ရတယ်။ အတူဆေးသုံးတဲ့ တစ်ယောက်ကတော့ သေသွားတယ်”ဟု မူဆယ် ဒေသခံသတင်းရင်းမြစ်ကပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်သည့် အရေးပေါ်လူနာများကို တရုတ်ဘက်က လက်ခံကုသပေးခြင်းမရှိသဖြင့် မူးယစ်ဆေးသုံးစွဲသည့်သူများ၏ မိသားစုဝင်များအနေဖြင့် သတိပြုကြရန် လိုအပ်သည်ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။

ယမန်နေ့ ဇူလိုင် ၂၄ ကလည်း မူဆယ်မြို့ KTV တစ်ခုတွင် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် Kကို အသုံးလွန်သဖြင့် ၂ ဦးသေဆုံးကာ တစ်ဦးအရေးပေါ် ဆေးရုံပို့ခဲ့ရသေးသည်။

မူဆယ်တွင် သီးသန့် မှတ်ပုံတင်ထားသည့် စာရင်း သိုမဟုတ် တရားဝင် စာရင်းဇယား ထုတ်ပြန်ထားခြင်း မရှိဘဲ KTV အကြီး အသေး ၇၀ ခန့်ဟုစုံစမ်းသိရှိရပြီး ၊ ၎င်းတိုမှာ အုပ်ချုပ်ရေးပိုင်းကို သိန်းရာချီပေး၍ဖွင့်လှစ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့သည် နယ်စပ်စီးပွားရေးနှင့် ညဘက်ဖျော်ဖြေရေး လုပ်ငန်းများ လှိုင်လှိုင်ရှိသော မြို့ဖြစ်သည့်အတွက် KTV၊ ကလပ်နှင့် ဟိုတယ်တွဲဖက် KTV ရုံပေါင်းများစွာ ဖွင့်လှစ်ထားရှိကာ မူးယစ်ဆေးဝါးမျိုးစုံလည်း ရောင်းချနေကြကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်တွင် ရှိသည့် မူဆယ်မြို့ကို စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၁၅ ဖွဲ့ထက်မနည်းက ထိန်းချုပ်ထားပြီး ခိုး ဆိုး လုယက် ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။


#မူဆယ်
#ရှမ်းမြောက်
#မူးယစ်ဆေး
#ဆေးရုံ
#ငြင်းဆန်

25/07/2026
25/07/2026
25/07/2026

#มงกุฎ❤️

13/08/2025
10/07/2025

Hello 🙏🙏

ที่อยู่

Surat

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Soe Myat โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่