Ortaki Homemade Passionate Food by Ortaki

အသီးအရွက်ကြိုက်သောသူများ ဆီလျော့စားချင်သူများအတွက် ထွေလီကာလီသတ်သတ်လွတ် သနပ်စုံသုပ်🍆🌽🫛🫑🥬🥒🥦😋ချက်နည်းလေးကိုတော့ Tiktok မှာတ...
21/07/2026

အသီးအရွက်ကြိုက်သောသူများ
ဆီလျော့စားချင်သူများအတွက် ထွေလီကာလီသတ်သတ်လွတ် သနပ်စုံသုပ်🍆🌽🫛🫑🥬🥒🥦😋
ချက်နည်းလေးကိုတော့ Tiktok မှာတင်ထားပါတယ်ရှင်🤗
https://vt.tiktok.com/ZSX44h2d2/



#သတ်သတ်လွတ်

05/02/2026

ဘတ် ၂၅၀ ဝန်းကျင်နဲ့အိမ်မှာအဝလုပ်စားဖြစ်တာလေးပါ။
ဝက်သုံးထပ်သားကင်နဲ့ ကိုရီးယားပဲကြာဇံသုပ်

၀က်သုံးထပ်သား ၉၀
၀က်အူနှစ်မျိုး ၃၀
ဆလပ်ရွက် ၁၀
ငရုတ်သီးတောင့် ၁၀
ဂင်ချီ ၄၀
ပဲကြာဇံ ၁၈
ဥနီ ၁၀
ဟင်းနုနွယ် ၁၀
ရှီတာကီမှို 7ခု (အိမ်မှာကျန်နေသော)
နှမ်းဆီမွှေး(မရှိလို့၀ယ်ရရင်တော့ +၄၀)လောက်ပေါ့😁😁

04/02/2026

တစ်နေ့တစ်နေ့ဘာချက်ရမလဲစဉ်းစားရခက်နေပြီ၊
ဆီပြန်ဟင်းတွေစားရတာရိုးလာပြီဆိုရင်တော့ဒီလို သရက်သီးငပိချက်ချဉ်ငံစပ်လေးချက်စားကြည့်ပါနော်🤗🤗

ကိုယ့်အဖေ မီးဖိုချောင်၀င်ချက်တဲ့နေ့ဆိုအမြဲပြောတဲ့
ယနေ့စားသောက်ဖွယ်ရာများပါရှင့်

သရက်သီးငပိချက်၊ ၀က်သားလုံးကြော်၊ မြင်းခွာရွက်ဟင်းခါး 🥭🥩🥬

သားလေးရဲ့ ထိုင်းသူငယ်ချင်းလေးတွေပါကြိုက်တဲ့လွယ်ကူသော ထိုင်းထမင်းကြော်လေး😋😋ပါ၀င်ပစ္စည်းထမင်း  (နှစ်ပွဲစာ)၀က်သား ( ၁၅ ကျပ်...
03/02/2026

သားလေးရဲ့ ထိုင်းသူငယ်ချင်းလေးတွေပါကြိုက်တဲ့လွယ်ကူသော ထိုင်းထမင်းကြော်လေး😋😋

ပါ၀င်ပစ္စည်း

ထမင်း (နှစ်ပွဲစာ)
၀က်သား ( ၁၅ ကျပ်သား အတုံးသေးလေးတွေတုံးထား)
ကြက်ဥတစ်လုံး
ကိုက်လန်ရွက် (တစ်စည်း၏ ၁/၃ နုသောအပိုင်းလေးတွေရွေး၍သင်ထားရန်)
ကြက်သွန်ဖြူနှစ်တက် (တပြားရိုက်ထား)
ငြုပ်သီးအနီ (စားချင်သလောက်)

ချက်နည်း
📌ဆီပူလာလျှင် ကြက်သွန်ဖြူတစ်ပြားရိုက်ထားတာထည့်၍ အရသာနည်ထားသော၀က်သားပါရောထည့်မွှေကြော်
📌၀က်သားလေးတွေကျက်လာလျှင်အိုးတစ်ဖက်ကပ်ပြီးကြက်ဥလေးထည့်ပြီး ကျက်လာပါကအကုန်ရောမွှေရန်
📌 ကြာညို့ ခရုဆီ ဆား အရသာမှုန့် ထည့်ထားသောထမင်းထည့်မွှေ၍ ကိုက်လန်ရွက်ပါထည့်၍ ခဏအုပ်ထားပါ
📌 ၃ မိနစ်လောက်နေလျှင်ရောမွှေပြီး ငရုတ်ကောင်းလေးဖြူး သံပုရာရည်လေးညှစ် သခွားသီးလေးကိုက်၍ အားရပါးရသုံးဆောင်နိုင်ပါပြီ 🤗🤗

၀က်သားတုတ်ထိုးစားချင်တယ် ဆိုင်လိုလေးသေချာတုတ်လေးတွေနဲ့ထိုး နှစ်ချောင်းသုံးချောင်းကို ဟင်းချိုလေးထဲစိမ်ပြီး အချဉ်လေးနဲ့တိ...
02/02/2026

၀က်သားတုတ်ထိုးစားချင်တယ်
ဆိုင်လိုလေးသေချာတုတ်လေးတွေနဲ့ထိုး နှစ်ချောင်းသုံးချောင်းကို ဟင်းချိုလေးထဲစိမ်ပြီး အချဉ်လေးနဲ့တို့စားကြမယ်ဆိုပြီးထိုးလိုက်တာ တစ်၀က်ကုန်ပါလေရော🤭
တုတ်ဆီတစ်ချောင်း ဗိုက်ဆီတစ်လုပ်နဲ့ 😛

အဲ့လိုနဲ့ပဲတုတ်ကလေးနဲ့စားချင်တဲ့အစီအစဉ်ဟာဖြင့်
တုတ်ဖိုးသာပိုကုန်သွားလေသတည်း....
🤣🤣

အိမ်မှာရှိတဲ့ ဆန်ပြားဖတ်လေးရယ်၊ မတ်ပဲလေးကြော်ပြီး မန်းလေးမုန့်တီသုပ်ပုံစံလေးသုပ်စားပါတယ်။အလွမ်းပြေ တော်တော်စားကောင်း😋
18/01/2026

အိမ်မှာရှိတဲ့ ဆန်ပြားဖတ်လေးရယ်၊
မတ်ပဲလေးကြော်ပြီး မန်းလေးမုန့်တီသုပ်ပုံစံလေးသုပ်စားပါတယ်။
အလွမ်းပြေ တော်တော်စားကောင်း😋

ဒီနေ့ Lazada ကနေ Readymade ဒန်ပေါက်လေးပေါင်းအိုးနဲ့ချက်စားဖြစ်ပါတယ်။ကြက်သားကိုတစ်ညအရသာ‌၀င်အောင်သေချာလေးနယ်နှပ်ထားပြီး ကြ...
30/11/2025

ဒီနေ့ Lazada ကနေ Readymade ဒန်ပေါက်လေးပေါင်းအိုးနဲ့ချက်စားဖြစ်ပါတယ်။

ကြက်သားကိုတစ်ညအရသာ‌၀င်အောင်သေချာလေးနယ်နှပ်ထားပြီး ကြက်သွန်နီကြော်လေးကြော်ပြီးပြန်နှပ်ချက်တာတော်တော်လေးစားကောင်းပါတယ်။
သူ့ဆီမှာပိုပါတဲ့မဆာလာလေးပဲ ကြက်သားအတွက်ပြန်သုံးထားတာပါ။ ဆန်ကိုတော့ပုံမှန်ရေချိန်အတိုင်းမထည့်ပဲ ဆန်သုံးခွက်ကို ရေ ၄ ခွက်နဲနဲလေးလျော့ထည့်ချက်တာအတော်ပါပဲ။ သူ့မှာပါတဲ့အရောင်မှုန့်လေးတော့ အရမ်းဝါဝါကြီးမကြိုက်လို့ တစ်၀က်လောက်ပဲထည့်ပါတယ်။
ဆန်လေးကိုကော့စဉ်းပြီး မအီပဲအ၀စားလို့ရပါတယ်လို့🤭

သူ့မှာပါတဲ့ ဘာလချောင်ကြော်ကိုတော့ ကိုယ့်အိမ်အကြိုက် အကြမ်းဖတ်လေးရယ် ပုစွန်ခြောက်လေးရယ်ထပ်ရောပြီးစပ်စပ်လေးကြော်၊ အအီပြေသခွားချဉ်လေးတော့ထပ်စီစဉ်လိုက်ပါတယ်😁

တော်တော်လေးစားကောင်းလို့ Review လေးပေးတာပါ။
တံဆိပ်က Queen တံဆိပ်ပါရှင့်🤗🤗

အဝေးရောက်နေပေမဲ့ အငတ်မခံနိုင်သော
Foodie လေး Ortaki ပါရှင့်😂😂

19/09/2025

ပျင်းနေတဲ့အချိန် ဗိုက်ကထဆာတော့ ကျန်နေတဲ့ကော်ပြန့်ဖတ်လေးတွေဟာ ရေမုန့်ဖြစ်သွားပါတော့တယ်🤭🤭

ဒါပေမဲ့ သိပ်စားကောင်းနော် coffee လေးနဲ့လည်းလိုက်မှလိုက်☕☕
Okay👌🏿😜

ที่อยู่

Kwaend Daokhanong
Thon Buri District
10600

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ortakiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์