SU Myanmar Store

Directions Contact the business

SU Myanmar Store Selling Bags �

ဒီလောက်ချမ်းနေတာ ဘာလို့မီးမလင်းသေးတာလဲ
02/20/2026

ဒီလောက်ချမ်းနေတာ ဘာလို့မီးမလင်းသေးတာလဲ

မာမီ့မွေးနေ့မနက်ခင်းမှာ 🎂🎊♥️♥️
01/09/2024

မာမီ့မွေးနေ့မနက်ခင်းမှာ 🎂🎊♥️♥️

09/18/2023

Money Mindset Miracles တဲ့...

စာအုပ်နာမည်ကိုတွေ့ပြီး ထူးခြားလိုက်တာဆိုတဲ့ အတွေးက ရုတ်ခြည်းဝင်ရောက်လာတာ။
"ငွေ နဲ့ပတ်သက်တဲ့ အတွေးအမြင် အံ့ဖွယ်များ" ဆိုရင် ဒီစာအုပ်ထဲ ဘာတွေပါမလဲဆိုပြီး စိတ်ဝင်စားမိတာ အမှန်ပဲ။ တကယ်လည်း ကြားဖူးနားဝမရှိသည့် ငွေပေါ်မှာ ထားရှိရမည့် အကြောင်းအရာတွေ တပုံတပင်ကြီး တွေ့လိုက်ရတယ်။

ကျမတို့တွေဟာ ငွေကြေးနဲ့ ပတ်သက်လာရင်
Business Minded တွေထားရှိပြီး တွက်ချက်တတ်ရင် ...business theory တွေကို သင်ယူလေ့လာပြီး အလုပ်လုပ်တတ်ရင် သေချာပေါက် income ကောင်းအောင် လုပ်နိုင်ပြီဆိုပြီး တရားသေ မှတ်ယူထားတတ်ကြတယ်။ ဒီစာအုပ်လေးဖတ်ကြည့်လိုက်တော့မှ ဒါတွေဟာ Money IQ (intelligence Quotient)တွေသာဖြစ်ပြီး...ကိုယ့်ဆီမှာ ငွေကြေးကံကောင်းလာအောင်၊ ပိုင်ဆိုင်မှုတွေ မြဲမြံနေအောင် Money EQ ( Emotional Quotient ) တွေလည်း လိုအပ်ကြောင်း သိရှိလိုက်ရတယ်။

ကိုယ်နေ့စဥ် သုံးစွဲနေတဲ့ ပိုက်ဆံတွေဟာ တန်ကြေးရှိတဲ့ စက္ကူသာသာ စာရွက်တွေမဟုတ်ပဲ...
Energy တွေ ကိန်းအောင်းနေတဲ့ တန်ခိုးသတ္တိတွေနဲ့ နတ်တစ်ပါးလိုပဲ။ သူ့အပေါ်မှာ တန်ဖိုးမထားရင်
နတ်ဆိုးအသွင်ပြောင်းလဲသွားနိုင်တယ်။ သူနဲ့ကိုယ်နဲ့ ဆက်ဆံရေးတွေ အဆင်မပြေဖြစ်သွားနိုင်တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အမြဲစိတ်ပင်ပန်းနေရနိုင်တယ်။ ကိုယ့်ဘေးမှာ ရှိနေရင်တောင် ငွေကြေးအပူနဲ့ မအေးချမ်းနိုင်တော့ဘူးဆိုတာမျိုးပေါ့။

ဒီစာအုပ်ထဲမှာ ဆရာမ မွန်ဟော်စီက Money Energy တွေကို လေးလေးနက်နက် ခွဲခြမ်း စိတ်ဖြာပြီး ဘဝအတွေ့အကြုံတွေနှင့် ယှဥ်ကာ သုံးသပ်ပြသွားတယ်။ ခေါင်းစဥ် အခု(၄၀) နှင့်အတူ ပေးသွားတဲ့ massage တွေဟာ အံ့ဖွယ်ဘနန်းပဲ ။ တခါမှ မတွေးခဲ့ဖူးတဲ့၊ ကြားဖူးနားဝမရှိဘူးတဲ့ အကြောင်းအရာတွေ။

ခေါင်းစဥ်တစ်ခုချင်းစီဟာ ...တစ်ကြိမ်တည်းဖတ်ရုံနဲ့ မလုံလောက်ပဲ နောက်တစ်ခေါက်လောက်ပြန်ဖတ်ပြီး သေချာလိုက်နာကျင့်ကြံဖို့ လိုအပ်တယ်လို့ ကျမတော့ထင်မိတယ်။ စာထဲပါတဲ့အရာတွဟာ ပေါ့ပေါ့ပါးပါးဖတ်သွားလို့ မရပဲ ...ပြန်ဖတ်လိုက် ပြန်တွေးလိုက် လုပ်သင့်တာတွေဖြစ်နေတာ။ ဒါမှလည်း ဆရာမပေးလိုက်တဲ့ Money Mindset ဟာ ကိုယ့်ဆီမှာ အလေ့အကျင့်တစ်ခုလို စွဲသွားမှာပါ။

"ပိုက်ဆံတွေတော့ ရနေပါရဲ့..ငါ့လက်ထဲ ငွေမမြဲလိုက်တာ..ဘာကြောင့်မှန်းကို မသိဘူး"
" ငွေရှာရခက်လိုက်တာ..တခြားသူတွေတော့ ဘယ်လိုရှာနေကြလဲ မသိဘူး" ဆိုတဲ့သူတွေ.... ဖတ်သင့်လှတယ်...
ကျမလည်း ဒီစာအုပ်လေးဖတ်လိုက်ရတော့မှ ငွေကြေးနဲ့ ပတ်သက်ပြီး ပြောင်းလဲသင့်တဲ့ အတွေးအခေါ်တွေ ငါ့ဆီမှာ ရှိနေပါလားဆိုတာ သိလိုက်ရတာ။

စာဖတ်သူအပေါင်းလည်း ငွေကြေးကံတွေ ကောင်းမွန်လာပြီး ပင်လယ်ရေလို သုံးစွဲသမျှ မကုန်ခမ်းပဲ ပေါကြွယ်ဝပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း....

Mindset Miracles

🌞 "Whether you're clocking in at 9-5 or hustling as an entrepreneur, Mondays can be a challenge. But remember, challenge...
09/18/2023

🌞 "Whether you're clocking in at 9-5 or hustling as an entrepreneur, Mondays can be a challenge. But remember, challenges are just opportunities in disguise. 💼🚀

Start each day with a heart full of gratitude, and watch the world respond in kind. 🌍💕

This Monday, let's conquer the week with optimism and gratitude. It's the recipe for success! 🌟👏😊🌟

Dream Big! Live Big!

09/01/2023
01/04/2023

Think less. Live more.
နည်းနည်းပဲတွေးပါ..
များများနေထိုင်ပါ..တဲ့..

လူတိုင်းမှာ အတွေးတွေ အများကြီးရှိပါတယ်..ကျွန်မတို့ဟာ.. စက္ကန့်မလပ်တွေး နေတတ်ကြပါတယ်..
အတွေးတွေထဲမှာ..ကောင်းတာတွေလည်းပါ..ပါတယ်..ဆိုးတာတွေလည်းပါ..ပါတယ်..

ကောင်းတဲ့အကြောင်းလေးတွေ..တွေးပြီးတော့ စိတ်ကြည်လင်ပျော်ရွှင်ရသလိုမျိုး မကောင်းတာတွေ..တွေးပြီး အကြီးအကျယ်စိတ်ပူပင်သောကရောက်တာမျိုးလည်း ရှိတာပါပဲ..

အိမ်သားတစ်ယောက်က ချောင်းဆိုရုံ ပဲရှိသေးတယ်..ဘာမှမဖြစ်သေးဘူး ..တွေးရင်းတွေးရင်းနဲ့... အတွေးကောင်းကောင်းနဲ့ကိုတွေးလိုက်မိတာ အသုဘချပြီး
သွားလို့..နောက်ဘဝတောင်ရောက်သွားပြီ ဆိုတာမျိုးတွေပါပဲ..

ဒါကြောင့်..
တွေးတိုင်းလည်း..မကောင်းပါဘူး
ကျွန်မလည်း..ကိုယ့်ကိုယ်ကိုအမြဲတမ်းသတိပေးနေရတတ်ပါတယ်.. စာရေးသူဆိုတော့လည်းအတွေးကခပ်များများရယ် ..

အတွေးတွေကအမြဲတမ်း.. မဖြစ်လာသေးတဲ့ ရှေ့ကိုကြိုရောက်နေတတ်ပါတယ်..ဒါကြောင့်မို့လို့..ကျွန်မက တရားထိုင်တဲ့..တရားမှတ်တဲ့ အကျင့်ကို ပြုစုပျိုးထောင်ထားရတာပါပဲ.. ဒီလိုမှမဟုတ်ရင်ကျွန်မအတွေးတွေထဲမှာ ချာချာလည်ပြီးရူးသွားမှာ ကိုစိုးရိမ်မိလို့ပါ..

လူတိုင်းလူတိုင်းမှာ ကိုယ်ဖြေရှင်းရမဲ့ ပြဿနာ တွေရှိကြတာပါပဲ.. ပြဿနာတိုင်းကလည်း..အဖြေနှစ်မျိုးပဲရှိပါတယ်.. တချို့ပြဿနာတွေဟာဖြေရှင်းလို့ရတယ်... တချို့ပြဿနာတွေကဖြေရှင်းလို့မရဘူး..

သစ္စာရွှေစည်ဆရာတော်ရဲ့တရားထဲမှာမှတ်ထားခဲ့ဖူးပါတယ်..
ဖြေရှင်းလို့ရတယ်ဆိုရင်..ဘာတွေပူနေဦးမှာလဲ..တဲ့..ဖြေရှင်းလိုက်ရုံပဲပေါ့ ..

ဖြေရှင်းလို့မရဘူးဆိုရင်လည်း ပူပန်မနေနဲ့တော့လေ.. ကိုယ်ဘာမှ လုပ်ပေးလို့မှမရတာပဲ.. ဖြစ်လာသမျှကိုလက်သင့်ခံပေးလိုက်ရုံသာရှိတော့တာပါပဲ..

အမျိုးသားတစ်ယောက်က..အရက်အလွန်အကျွံသောက်တဲ့အခါမှာသူ့အမျိုးသမီးကရင်ဖွင့်ပါတယ်.. သူဘယ်လိုလုပ်ပေးရမှန်းမသိပါဘူး..တဲ့ .. တစ်ခုခုဖြစ်မှာကိုစိုးရိမ်နေမိပါတယ်..တဲ့

လူကြီးတွေကလည်းပြောကြတယ်.. ယောက်ျား..ဒီလောက်တောင်သောက်နေတာ..မိန်းမကဘာမှမပြောဘူးလားလို့..ဘာတို့.. ယောက္ခမ တွေ...ယောင်းမတွေကလည်း..သူ့ကို အပြစ်ပြောကြတယ်လို့ ဆိုပါတယ်..

သူဘယ်လိုပြောပြော တစ်ရက်ကိုအရက်..နှစ်ပုလင်းလောက်သောက်တာပါပဲ..တဲ့..

ကျွန်မအဖေက..အင်မတန်..အရက်သောက်ခဲ့တဲ့သူမို့လို့ကျွန်မက.. အရက်သောက်တဲ့လူတစ်ယောက်ရှိနေတဲ့ အိမ်ကမိသားစုဝင်တွေရဲ့ခံစားမှုကိုနားလည်ပါတယ်..ဒါပေမဲ့.. ဒီအမျိုးသားအတွက်...မိန်းမလုပ်သူက..ဘာလုပ်ပေးနိုင်မှာတဲ့လဲ..

ဒီလိုအရက်သောက်နေတာဟာမိသားစုထဲမှာအိမ်တွင်းရေးပြဿနာတစ်ခုဖြစ်နေပေမဲ့ တစ်နေ့ကိုနှစ်ပုလင်းသောက်ဖို့ရွေးချယ်ခဲ့တာလည်း.. သူကိုယ်တိုင်ဖြစ်နေခဲ့ပြီပဲ... ဒါဟာသူ့ရဲ့ရွေးချယ်မှုမို့လို့ကျွန်မတို့ကဘာမှမတတ်နိုင်ပါဘူး..စိတ်ပူနေလည်း အလကားပါပဲ.. တချို့ ကိစ္စ တွေ.. တချို့လူတွေကို..ကိုယ်ကဘယ်လိုမှဆွဲတင်ပေးလို့မရနိုင်ပါဘူး

ဥပမာတစ်ခုက
ကျန်းမာရေးနဲ့ပတ်သက်တယ်ဆိုရင်လည်းဒီသဘောအတိုင်းပဲဖြစ်ပါတယ်..ကျွန်မဆိုရင် လူကြီးမိဘတွေရဲ့ ကျန်းမာရေးအတွက် အမြဲ..စိတ်ပူပင်နေတတ်ပါတယ်..

ဒါပေမဲ့ အခုနောက်ပိုင်းတော့..အရင်ကလောက်မပူတော့ဘူး ..ဘာဖြစ်လို့လဲဆိုတော့..စိတ်ပိုင်းဆိုင်ရာအရကိုယ့်ကိုယ်ကိုယ်လည်း..ပြင်ဆင်ထားပြီးသားဖြစ်သလို လောကအသိနဲ့ တရားအသိကိုမျှတအောင်နေတတ်ခဲ့လို့လည်းဖြစ်ပါတယ်

လောကအသိအရတော့.. မိသားစုထဲမှာဘယ်သူဖြစ်ဖြစ်..
တစ်ခုခုဖြစ်ရင်..ဘာတွေဘယ်လို..အရင်စလုပ်မယ်ဆိုတာမျိုးကို ကျွန်မတွေးထားလိုက်ပါတယ်..ဖြစ်လာသမျှကို..ရသလောက်တော့အတတ်နိုင်ဆုံးဖြေရှင်းမယ်..ကုသမယ်..ဆိုတဲ့စိတ်မျိုးရှိပါတယ်..

ဓမ္မအသိအနေနဲ့ကတော့...ဖြေရှင်းလို့မရ...ဘာမှလုပ်ပေးလို့မရတော့ဘူးဆိုရင်လည်း..ဘာတတ်နိုင်ဦးမှာလဲ..ဒီတိုင်းပဲထိုင်ကြည့်နေလိုက်ရတော့မှာပါပဲ... အရာရာဟာကံတရားအတိုင်းပါပဲလို့ ကြိုတွေးထားခဲ့ပါတယ်.. စိတ်ပူနေလည်းဖြစ်မဲ့ ကိစ္စ
ဟာဖြစ်ကိုဖြစ်လာမှာပါပဲ..

ဒါကြောင့်တချို့..ကိစ္စတွေမှာ ခံစားရတာ..ကြေကွဲရတာတွေရှိပေမဲ့ ကျွန်မတို့... စိတ်ပူပင်သောကရောက်နေလည်း
ဘာမှမတတ်နိုင်ပါဘူး ..ဖြစ်လာမဲ့အရာတွေ...ဖြစ်လာနေတဲ့အရာတွေအကုန်လုံးကို..လက်သင့်ခံလိုက်ပြီး...အားလုံးပြီးဆုံးသွားမဲ့အချိန်ကို စောင့်နေဖို့သာရှိတော့တာပါပဲ..

အရာရာဟာ..မမြဲဘူးဆိုတဲ့သဘောသဘာဝအတိုင်း.. တစ်ချိန်တော့ ကိုယ့်စိတ်ကိုယ် ဒုက္ခ ပေးနေတဲ့အရာတွေ...ပူပင်သောကတွေဟာလည်း..ချုပ်ငြိမ်းသွားမှာပဲဖြစ်ပါတယ်..

နည်းနည်းတွေးပါ ..
များများနေထိုင်ပါ...
Think less.Live more.
ဆိုတဲ့စကားကလေးကိုကျွန်မက ..

နည်းနည်းတွေးပါ..
အခုချိန်မှာသာနေထိုင်လိုက်ပါ..
Think less.Live Now .
လို့ပြောင်းပြီး...ပြောချင်ပါတယ်

အခုအချိန်မှာနေထိုင်ပါဆိုတာက..Mindful..ဖြစ်တာ.. သတိနဲ့နေထိုင်ပါ..ဉာဏ်နဲ့နေထိုင်ပါလို့ ဆိုလိုရင်းပဲဖြစ်ပါတယ်...

အတွေးတွေကို လျော့နည်းသွားစေဖို့ဟာလည်း..သတိရှိနေမှ ဖြစ်မှာပါ ..ဒါကြောင့် အခုအချိန်မှာသာ..နေထိုင်လိုက်ပါ..

မွန်ဟော်စီ
၂၀၂၁ ဇန်နဝါရီ





#မနက်စာအာဟာရ

Photo
Pixabay

01/04/2023

Social Media ကနေ..လူတွေBurnout ဖြစ်တယ်ဆိုတဲ့အကြောင်းလေး
ရေးထားတာနဲ့ ဆက်စပ်ပြီး..
.. အရင်ဆုံး စိတ်ပင်ပန်းနွမ်းနယ်ရတဲ့..အကြောင်းလေးတွေကို ရှင်းပြချင်လို့ ဒီစာလေးကို ရေးလိုက်ပါတယ်..

လူတိုင်း လူတိုင်း စိတ်ဓာတ်ကျတယ်ဆိုတာ..ဘ၀မှာ အနည်းနဲ့အများတော့ဖြစ်ဖူးကြတာပါပဲ..
စိတ်ဖိစီးမှု..စိတ်ညစ်စရာတွေနဲ့ စိုးရိမ်သောကတွေဟာလည်း ပေါ်လာတတ်ကြတာ သဘာ၀ပဲ..

ဒါပေမဲ့
စိတ်ဓါတ်ကျတာ..Stress ရတာတွေဟာ
အချိန်အကြာကြီး..ဖြစ်လာတဲ့အခါ
ကိုယ်ရော..စိတ်ပါ ထိခိုက်လာတတ်ကြတယ်..
Burnout ဖြစ်လာကြတယ်
ပင်ပန်းနွမ်းနယ်လာတတ်ကြပါတယ်
ခြေကုန်လက်ပန်းကျလာတတ်ကြပါတယ်..

Burnout ရဲ့ သဘာ၀ကိုက..တစ်ခုခု ဆို ပေါက်ကွဲဖို့ အဆင်သင့် ဖြစ်လာတတ်တာပဲ
Mild tension and irritability လို့ ဆို်ကတာကိုး..
စိတ်မှာ tension ဖြစ်နေတာပေါ့..
တင်းနေတဲ့ စိတ်အခြေအနေတစ်ခု ဖြစ်နေတာပေါ့..
ဘာမှ မဟုတ်တာလေးကိုပဲ overreact လိုတာထက်ပိုပြီး တုံ့ပြန်နေမိတာမျိုးပေါ့..

အိမ်မှာရော..အလုပ်မှာပါ..
ထစ်ကနဲရှိ အော်ပစ်လိုက်မိတာမျိုး..
ဘယ်သူကဘာလာပြောပြော
အထိမခံရွှေပန်းကန် ဖြစ်နေတာမျိုးဆို..ကျွန်မတို့မှာ..
စိတ်ဖိစီးမှုတစ်ခုခုဖြစ်နေတာသေချာပါတယ်

စိတ်ဖိစီးမှု Stress ဆိုတာ လူတိုင်းမှာရှိပါတယ်

Stress ဖြစ်လာပြီဆို အရင်ဆုံး
အိပ်စက်ခြင်းကို သိသိသာသာ ထိခိုက်လာတတ်ပါတယ်..
ခဏလေးအိပ်ပျော်ပြီး ပြန်နိုးလာတာ..
ပြန်အိပ်မရတော့တာ..
အိပ်ပျော်နေတယ်လို့ ထင်ပေမဲ့ တကယ်တမ်းမှာ ပတ်၀န်းကျင်က အသံတွေ လှုပ်ရှားမှုတွေ အားလုံးကို သိနေတာ..

ဒါကို..
အင်္ဂလိပ်လိုတော့ Insomnia လို့ခေါ်ကြပါတယ်
Insomnia က ၃လလောက်ဖြစ်နေပြီဆို ဒီလူဟာ..စိတ်ဖိစီးမှုရှိနေတယ်ဆိုတာ သေချာပေါက်ပြောလို့ရပါပြီ..

အိပ်မပျော်ဘူးဆိုရင် အလုပ်လည်း ကောင်းကောင်းလုပ်လို့မရတော့ပါဘူး
အာရုံစိုက်လို့မရဘူး
Concentration ကျလာတယ်..
ကိုယ်အရမ်းကြိုက်နှစ်သက်ခဲ့တဲ့အရာတွေကိုတောင် ပြန်လုပ်ချင်တဲ
စိတ်ဆန္ဒ..အင်အားမရှိတော့ဘူး..
ဒါတွေက ကိုယ့်ကို ပျော်ရွှင်လာအောင် မစွမ်းဆောင်နိုင်တော့ဘူး..

နောက်တစ်ခုက အစာစားတာတွေ ပုံမမှန်တော့ဘူး..
တချို့ လုံး၀မစားတော့ဘူး
စားဖို့မေ့နေတယ်
တချို့ တစ်ချိန်လုံး စားချင်နေတယ်..
မုန့်တွေ လိုက်ရှာနေတာမျိုးပေါ့

လုပ်ရတဲ့ အလုပ်ပေါ်မှာ လုံး၀ လှုပ်ရှား တက်ကြွမှုမရှိတော့ဘူး
Motivation မရှိတော့ဘူး
အလုပ်သွားတဲ့အခါတိုင်း ကိုယ့်ကိုယ်ကို တရွတ်တိုက်ဆွဲခေါ်သွားတာခံရသလို ဘာမှမလုပ်ရသေးဘူး
အကြီးအကျယ် ပင်ပန်း လေးလံ နှေးကွေးနေပြီ

တစ်ချိန်လုံး နေမကောင်းဖြစ်နေသလို ခံစားရတယ်
ဗိုက်နာတယ်..ခေါင်းကိုက်တယ်..
စသည်ဖြင့် ပေါ့

၉နာရီလောက် အိပ်ရာထဲမှာ အိပ်နေလည်း ခြေကုန်လက်ပန်းကျနေတယ်

အဲဒီလို လက္ခဏာတွေ တစ်ခုမဟုတ်တစ်ခု ဖြစ်နေပြီဆိုရင် Burnout ဖြစ်နေပြီလို့ ပြောလို့ရပါတယ်

Burnout ဖြစ်နေတာကို ကုစားဖို့လိုပါတယ်..

ဟိုပွဲတက်ရဦးမယ်
ဒီပွဲသွားရဦးမယ်..
သူနဲ့ ချိန်းထားတာ ဖျက်လို့မကောင်းဘူး..
သွားမှကောင်းမှာ..ဆိုတဲ့..
၀တ်တရား ကျေရုံ ဆောင်ရွက်ရတဲ့ Social plansတွေကို လျှော့ချဖို့လိုတယ်..

အလုပ်လုပ်တဲ့ အခါမှာ ခဏခဏ pause လုပ်ပေးပါ..ရပ်ပေးပါ..
၃နာရီလောက်တောက်လျှောက်လုပ်နေတာထက်စာရင်
နာရီ၀က်လောက်လုပ်ပြီး..၁၀မိနစ်လောက် ဟိုလျှောက် ဒီလျှောက်....
ပြတင်းပေါက် ဖွင့်ပြီး အပြင်လေးဘာလေးကြည့်..
အအေးလေး..သောက်..
စသည်ဖြင့် break လေးတွေယူယူပြီး.လုပ်တာဟာ..ပိုပြီး..ထိရောက်မှုရှိနိုင်ပါတယ်..

စာကျက်နေတဲ့သူတွေဆိုလည်း ဒီသဘောအတိုင်းပါပဲ..
စာ၃ပုဒ်ကျက်..သီချင်းတစ်ပုဒ်နားထောင်..ဆိုတာမျိုးပေါ့..

ကျွန်မတော့ အဲဒီအတိုင်း လုပ်ကြည့်တာ အဆင်ပြေတယ်..

နားမယ်ဆိုရင် တကယ်ကို နားလိုက်ရမယ်..
အာရုံတွေကိုပါနားလိုက်ရမယ်....
အာရုံအကြမ်းစားတွေ စုပြုံနေတဲ့
အာရုံတုံ့ပြန်မှုကို စေ့စော်တတ်တဲ့
Social Media ပေါ်က
သတင်းတွေ နားမထောင်မိဖို့ မကြည့်မိဖို့..မဖတ်မိဖို့ သိပ်ကို အရေးကြီးတယ်..

တစ်ယောက်တည်း နေလိုက်ဖို့ Solo Time ကအရေးကြီးတယ်..
စကားတွေအများကြီးပြောမနေတော့ဘူး
ကိုယ့်စိတ်ကိုပဲ..နားလည်အောင်လုပ်တယ်..
ကိုယ့်စိတ်ကိုပဲစကားပြောတယ်..

စိတ်နာကျင်နေတာကိုသိတယ်..
ဘာဖြစ်လို့ နာကျင်ရသလဲ..နားလည်တယ်..

စိတ်ရှုပ်နေတယ်..
စိတ်ရှုပ်နေတာကို သိနေတယ်..
နားလည်တယ်..

ဒေါသဖြစ်တာ..
၀မ်းနည်းတာ..စတဲ့
စိတ်ခံစားမှုအမျိုးမျိုးဟာ..အဲဒီလို
စောင့်ကြည့်လိုက်တာနဲ့..
ပထမအဆင့်အနေနဲ့..ဆက်မဖြစ်တော့ဘဲ တန့်သွားတတ်ပါတယ်
ဆက်ပြီးကြည့်နေရင်း..
တဖြည်းဖြည်း ပါးလျားသွားပါတယ်..
နောက်ဆုံးမှာ ပျေက်ကွယ်သွားပါတယ်..

ဒါက..စိတ်ကို ဖြေလျှော့လိုက်တဲ့ ပုံစံပါ..
စိတ်ကိုသိနေတဲ့ သတိက..အလေ့အကျင့်အားကောင်းလာတဲ့အခါ..ဝိပဿနာဥာဏ်အထိဖြစ်ပေါ်နိုင်ပါသတဲ့..

မွန်ဟော်စီ
၂၀၂၀ ဇန်နဝါရီ





#မနက်စာအာဟာရ

#ဟန်ချက်ညီသောဘဝ

Photo
FreeStock

01/04/2023

ကျောင်းမှာစာသင်တုန်းက ကြုံခဲ့ဖူးတဲ့တပည့်လေး နှစ် ယောက်ရှိပါတယ်.. တစ်ယောက်တည်းနေရင်အဆင်ပြင်တယ်.. တစ်ယောက်စီ နေတယ်ဆိုရင်လည်း..ဘာမှမဖြစ်ဘူး..

နှစ်ယောက်ပေါင်းလိုက်ပြီဆိုရင် အသံလေးတွေထွက်လာတတ်ပါတယ် ..ပြဿနာလေးတွေတက်လာတတ်ပါတယ် ..မတည့်အတူနေလေးတွေ..သူကအရင်စလုပ်တယ်..သူကသားမကြိုက်တာကို ပြောထားလျက်နဲ့ လုပ်တယ်..စသည်ဖြင့်ပါပဲ..

ကျွန်မကသူတို့ကို..Trouble comes double ပြဿနာနှစ်ထပ်ကွမ်းကတော့ရောက်လာပြီလို့.. အမြဲ..စ..နောက် ပြောလေ့ရှိပါတယ်..သူ တို့လာပြီဆိုတာနဲ့...ကဲ..Trouble comes double ဟေ့..လို့ဆိုလိုက်ရင်အကြောင်းသိတဲ့တခြားတပည့်တွေကလည်း ဝိုင်းပြီး သဘောကျကြ
တော့တာပါပဲ..

အပြောင်အပျက်သဘောမျိုး..ချစ်စနိုးနဲ့..
ပြောတာပါ ..စာတစ်ပုဒ်ရေးမယ်လို့စဉ်းစားမိတဲ့အခါမှာဒီအကြောင်းအရာလေးကိုသွား..
သတိရလိုက်မိပါတယ်..

တစ်ခါတလေကျရင်..ကျွန်မတို့ ကိုယ်တိုင်က..ပြဿနာရဲ့အရင်းအမြစ်တွေ.. အစိတ်အပိုင်းတွေ ဖြစ်နေတတ်ကြပါတယ်....

အဲဒီလိုဖြစ်နေမှန်း..ကိုယ့်ကိုယ်ကိုယ် သတိမထားမိကြပါဘူး ..

ကျွန်မဆိုရင်အိမ်မှာ ပွစိပွစိလည်း ပြောတတ်ပါတယ် .. ဒါကြောင့်ကျွန်မ..ရှိနေရင်နားမခံသာဘူးလို့..အိမ်ကလူတွေကပြောကြပါတယ်

ကျွန်မကတော့..ပြောတယ်ဆိုတာကလည်း..လိုအပ်လို့ပြောရတာပဲလို့ ဆင်ခြေပြန်ပေးလေ့ရှိပါတယ် ..တစ်ခါတလေကျတော့..သူတို့က..ကျွန်မကိုမကြိုက်ကြပါဘူး အဲဒီအခါမှာ..ကျွန်မ..ဆိုတဲ့သူက အိမ်တံစက်မြိတ်အောက် ကိုဝင်လာတာနဲ့မကောင်းတော့ဘူး ..အိမ်တံစက်မြိတ်အောက်ကလွတ်သွားတာနဲ့..အားလုံးအပေါ်မှာ..ကောင်းတဲ့သူ ဖြစ်သွားတာပဲလို့.. ရယ်သွမ်းသွေးကြပါတယ်..

အိမ်တွေမှာ..မိသားစုတွေမှာလည်းထုံးစံအတိုင်း ပြဿနာ လေးတွေရှိတတ်ကြတာပါပဲ ..

ရေစက်မောင်းပြီးတင်ထားတယ်..ရေပြည့်နေပြီ.. ပိတ်ဖို့မေ့နေကြတယ် ..ဘယ်သူမှမကြားဘူး.. အလုပ်လုပ်နေတဲ့သူကကြားရတယ်.. အာရုံအပျက်ခံပြီးဆင်းပိတ်ရတော့.. မကြားဘဲ..ထိုင်နေကြတဲ့သူတွေကို ဆူမိ..ပွားမိတယ်..

ဘာမှတော့..ကြီးကျယ်တဲ့အကြောင်းတွေမဟုတ်ပါဘူး..ဒါပေမဲ့..ဒီလိုပဲပြောကြ..ဆိုကြရင်းနဲ့ စိတ်တွေတိုလာကြရော.. အဲဒီအခါမှာ..ကျွန်မက ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခု..သူ့အလိုလိုဖြစ်လို့..သွားပါတော့တယ်..

ကျွန်မအမျိုးသားဆိုရင်လည်း..ဒီလိုပါပဲ.. သူကသိပ် စည်းကမ်းကြီးတဲ့သူမို့လို့ ..သူ့အစားအစာပြင်ဆင်တဲ့နေရာမှာ...တစ်ယောက်က...တစ်ခုခုများ..သွားတင်ထားမိရင် ဒေါသတွေကြီးလာတတ်ပါတယ် ..အဲဒီအခါမှာသူကိုယ်၌က ပြဿနာရဲ့ အစိတ်အပိုင်းဖြစ်သွားတာပါပဲ..

ဒေါသဖြစ်လာတဲ့အခါကျတော့ နားထောင်ပါလို့ပြောရင်လည်း..နားမထောင်နိုင်တော့ပါဘူး..
. တစ်ခါများ သူ့နေရာမှာ အိမ်သားတစ်ယောက်က ပစ္စည်း တစ်ခု တင်ထားမိတဲ့အတွက်ကြောင့်..သူဒေါသထွက်နေချိန်
ကျွန်မကရှင်းပြဖို့ လုပ်တယ်.. .ဒါကိုလုံးဝနားမထောင်နိုင်ဘဲ.. ဒေါသတကြီး..ကားမောင်းထွက်သွားတယ်..

ဒေါသကြောင့် လမ်းမှာ
တစ်ခုခု ဖြစ်ရင် .. ပြဿနာက နှပ်ထပ်ကွမ်းတက်မှာပါ..

အိမ်ရှင်မနဲ့ဖြစ်တဲ့ပြဿနာ...။
ဒီပြဿနာဖြေရှင်းလို့မပြီးသေးဘူး လမ်းမှာ ဒေါသကြောင့် တစ်ခုခု အမှား ဖြစ်လာရင် နောက်ထပ်ပြဿနာတစ်ခုကို ဆွဲခေါ် လာတာနဲ့မတူဘူးလား..

၄၅ မိနစ်လောက်ကြာတော့လည်း..စိတ်ပြေပြီးပြန်ရောက်လာပါတယ်..

ဒေါသတွေ..ပေါက်ကွဲမှုတွေဆိုတာက ပြဿနာတစ်ခုအတွက်အဖြေမဟုတ်ပါဘူး.. ဒေါသထွက်လိုက်တဲ့အတွက်ပြဿနာတစ်ခုဟာ..ဖြေရှင်းပြီးသားဖြစ်မသွားပါဘူး ...ပိုဆိုးလာတာမျိုးပဲရှိပါတယ်

ဒါကြောင့် Oxford ဆရာတော်ကြီးရဲ့တရားကိုနာရတဲ့အခါမှာ ပြသနာရဲ့အစိတ်အပိုင်းဖြစ်ချင်လား..ပြဿနာရဲ့ အဖြေဖြစ်ချင်သလား..
Do you want to be a part of the problem ? Or do you want to be a solution of the problem?

လို့မေးတဲ့မေးခွန်းက ကျွန်မအတွက်စဉ်းစားစရာဖြစ်ခဲ့ရပါတယ်..

မပြေလည်တာတစ်ခုအတွက်..ကိုယ်ကဝင်ပြီး..ပြောလိုက်တယ်ဆိုရင် ဒါဟာပြဿနာဖြေရှင်းလိုက်တာပဲလို့ကိုယ်ကထင်ပေမယ့်တကယ်တော့..ကိုယ်ဝင်ပါလိုက်မှ ပြသနာပိုကြီးသွားတာမျိုးတွေလည်း အများကြီးပါပဲ..

ပြဿနာတစ်ခုရဲ့အဖြေဆိုတာက တည်တည်ငြိမ်ငြိမ်နဲ့ ပြောဆိုနိုင်တာဖြေရှင်းနိုင်တာမျိုးပါပဲ.. မဆိုင်တဲ့နေရာ ဝင်မပါဘဲ..ဆိုင်တဲ့နေရာမှာ ကိုယ့်တာဝန်ကိုယ်သိ.. စည်းကမ်းရှိရှိနေတာမျိုးကလည်း ပြဿနာဖြေရှင်းပြီးသားဖြစ်သွားတယ်..။

တစ်ဖက်ကပြောတဲ့..စကားကိုလည်း နားထောင်ပေးသင့်ပါတယ် ..ကိုယ်မကြိုက်တဲ့..လက်မခံနိုင်တဲ့အခြေအနေတစ်ခု ..ဖြစ်သွားရတယ်ဆိုတာ..သူ့မှာလည်း ..
အကြောင်းတစ်ခုခုရှိလို့တော့ဖြစ်မှာပါ.. တမင်သက်သက်..ဒေါသကိုဆွနေတာမျိုးဆိုရင်တော့ ခြွင်းချက်ပေါ့လေ..

ကျွန်မတို့အားလုံးမှာ.. ကိုယ်ကိုတိုင်မရည်ရွယ်ဘဲ..
ပြဿနာရဲ့အစိတ်အပိုင်းဖြစ်သွားတတ်ကြတာတွေ ရှိပါတယ်..

ကလေးတွေ.. စည်းကမ်းမရှိတော့အဖေက ကလေးတွေကိုဆူတယ်..ရိုက်မယ်လို့လုပ်တယ်..
အမေကမကြိုက်ဘူး..အဲဒီမှာ.. အဖေနဲ့အမေနဲ့ပြဿနာတက်တယ်..

ကလေးတွေကတော့အေးအေးဆေးဆေးပဲ.. သူတို့ဘာမှမလုပ်ခဲ့သလိုပဲ ..သူတို့ ပြဿနာဖြစ်ဘို့ မရည်ရွယ်ခဲ့ကြဘူးလေ..

တကယ်တော့စကားနားထောင်တတ်တဲ့ ..စည်းကမ်းလိုက်နာကြတဲ့...လိမ်မာတဲ့ ကလေးတွေဆိုရင် အဖေနဲ့အမေလည်း..
ဒီလိုပြဿနာမျိုး..ဘယ်ဖြစ်ပါ့မလဲ..

ဘာမဟုတ်တဲ့အကြောင်းလေးတွေနဲ့ပြဿနာဖြစ်ရတယ်ဆိုတာ..ရယ်စရာလည်းကောင်းပါတယ်.. တစ်ခါတလေကျတော့လည်းဖြစ်ခဲ့တဲ့ ပြဿနာတွေ ပြန်တွေးပြီး ရယ်မောလိုက်မိပါတယ်..

အိမ်ထဲကမိသားစုဝင်တစ်ဦးအနေနဲ့ ကိုယ်လုပ်ရမယ့်တာဝန်တွေ.. လိုက်နာရမဲ့စည်းကမ်းတွေကိုသိတာ..စိတ်ကို အေးအေးချမ်းချမ်းနေတတ်တာတွေက
လည်း .. ပြဿနာ..မဖြစ်ပေါ်စေခြင်းရဲ့..အဖြေပဲဖြစ်ပါတယ်..

မွန်ဟော်စီ
၂၀၂၁ ဇန်နဝါရီ







Photo
Pixabay

01/04/2023

ကျေးဇူးတင်လိုက်ပါ ..
ကျေးဇူးတင်ပါတယ် ..
ကျေးဇူးတင်တတ်ပါစေ..အစရှိသဖြင့် ပြောကြဆိုကြတာလွယ်ကူပေမယ့် ကျေးဇူးတင်တဲ့.. ကိစ္စကို အလေ့ကျင့်တစ်ခုလို..ဖြစ်လာအောင် လုပ်ဖို့ဆိုတာ ခက်ခဲနေတတ်ပါသေးတယ်

ကျွန်မဆိုရင်..ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတရားနားလည်တဲ့သူကျေးဇူးတင်တတ်တဲ့သူ .. ကျေးဇူးတင် ပါတယ်လို့ ပြောတတ်တဲ့သူဆိုတာ..သိနေပေမဲ့..ပုံမှန် Gratitude Practice လုပ်ဖို့အတွက်ကျတော့ နှစ်ပေါင်းများစွာ နှောင့်နှေးကြန့်ကြာနေခဲ့ရပါတယ်

အဲဒါကလည်း ကျေးဇူးတင်တယ်..ဆိုရင်ပြီးတာပဲ..ဒီလောက်မလိုပါဘူးလို့ တွေးမိတာမျိုးလည်းဖြစ်သလို.. လက်နဲ့ချရေးနေရလောက်အောင်မလိုပါဘူး ..ဘာမှလည်း..မထူးခြားနိုင်ပါဘူးလို့..တွေးမိတာလည်း..ပါ.. ပါတယ်..

Gratitude Practice
လုပ်တယ်ဆိုတဲ့နေရာမှာ..နေ့စဉ် မပျက်မကွက်..ကျေးဇူးတင်စရာအချက်ကလေးတွေကို စာအုပ်မှာချရေးရတာပါ.. ကျွန်မကတော့..တစ်နေ့ကိုဆယ်ချက်အနည်းဆုံး ရေးဖြစ်အောင်ရေးပါတယ်..

စိတ်ထဲမှာ..အတွေးနဲ့..ခံစား..တွေးတော..
ကျေးဇူးတင်နေရုံနဲ့မပြီးဘဲ..လက်ကနေ..ချရေးလိုက်တယ်ဆိုတာ အလေ့အကျင့်တစ်ခုကိုပြုစုပျိုးထောင်ခြင်းရဲ့အစပဲဖြစ်ပါတယ်..

စိတ်ထဲမှာတွေးရုံနဲ့ဘာဖြစ်လို့ မပြီးသလဲဆိုရင် ..တစ်ခါတစ်လေကျတော့..ကျွန်မတို့တွေးနေတဲ့ အတွေးတွေဟာ..ဘယ်လောက်ပဲများပြားနေပါစေ..စာနဲ့ချရေးလိုက်တော့မှ..တစ်ကြောင်းလောက်သာ ထွက်လာတာမျိုးတွေရှိလို့ပါပဲ..

ဆိုလိုတဲ့သဘောက စာနဲ့ချရေးလိုက်တဲ့အခါမှာ လက်နဲ့နှလုံးသားနဲ့ ထပ်တူကျ အလုပ်လုပ်ပြီး ပိုပြီးကျစ်လျစ်လာတယ်.. စိတ်ထဲက..
အတွေးပေါင်းတစ်သိန်းလောက်ကို ရှင်းရှင်းလင်းလင်း မျက်စိနဲ့မြင်လိုက်.. ဖတ်လိုက်ရတဲ့ အတွက်ပဲဖြစ်ပါတယ် ..

အဲဒီလို...လက်နဲ့ချရေးလိုက်တယ်မျက်စိနဲ့မြင်လိုက်ရတယ်ဆိုတဲ့အခါ သေချာမှုကိုဖြစ်စေပါတယ်.. ကိုယ့်ကိုယ်ကိုယ်..အတည်ပြုလိုက်တာမျိုးလည်းဖြစ်ပါတယ်

အဲဒီအတွက် Gratitude Practice ကို..လေ့ကျင့်ရတာပါပဲ..

အရင်ကတော့....ရံဖန်ရံခါ စိတ်ထဲ ပေါ်ရင်ပေါ်သလို ထ... ထ..ရေးတတ်ပေမယ့်.. အောက်တိုဘာလ.. တစ်ရက်နေ့ကစပြီး ညမအိပ်ခင်တိုင်းမှာ..Gratitude Practice ကိုလုပ်ပါတယ် ..

လုပ်စရာရှိတဲ့ ကိစ္စ ဝိစ္စ..တွေပြီးလို့.. အိပ်ရာမဝင်ခင်နေ့စဉ်မှတ်တမ်းရေးတဲ့အချိန်မှာ ဒီနေ့အတွက် ကျေးဇူးတင်စရာကောင်းတဲ့အချက်ကလေးဆယ်ချက်ကို တွေးပြီးချရေးလိုက်တာပါပဲ..

စစချင်းတုန်းက.. ဘာတွေကိုကျေးဇူးတင်ရမလဲမသိဘူးလို့ ယောင်ချာချာဖြစ်နေပါသေးတယ်. ခုကျတော့ ကျေးဇူးတင်စရာအချက်တွေများလွန်းလို့ တစ်နေ့တစ်နေ့ဆယ်ချက် မကဘူး.. ၁၆ချက်..အချင် ၂၀ လောက် ဖြစ်နေတာကိုတွေ့ရတယ် ..ပျော်စရာပါပဲ..

ကျွန်မရဲ့ Gratitude မှတ်တမ်းထဲမှာ..
အမေ ဆီးချိုကောင်းနေလို့..
သားသားတို့ ကောင်းကောင်း..စားကြ..ဆော့ကြလို့..
ရှမ်းခေါက်ဆွဲစားရလို့..
စာအုပ်တွေရောင်းရလို့..
စာဖတ်သူတွေဆီက Positive Comments တွေရလို့..
အလုပ်အသစ်တွေပေါ်လာလို့..
စာရေးဖြစ်လို့..
Fasting လုပ်ဖြစ်လို့..
လက်ဆောင်တွေရလို့..
တရားနာခဲ့ရလို့..
သူငယ်ချင်းနဲ့ တွေ့ရလို့..
ဒီနေ့တစ်နေ့ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ခဲ့လို့..
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ် ဆိုတဲ့ အချက်ကလေးတွေပါနေတတ်ပါတယ်..

အင်မတန် ရိုးရှင်းတဲ့ အချက်တွေပါပဲ..ဒါပေမဲ့ ဒီအချက်ကလေးတွေသာ အဆင်ပြေမနေခဲ့ဘူးဆိုရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်မိတော့ လန့်သွားတယ်..ဥပမာ..အမေ ဆီးချိုတွေ မထိန်းနိုင်ရင် ဘယ်လိုလုပ်မလဲ..ဘာဖြစ်မလဲ..တွေးမိတာပါ..သားသားတို့ မကစားကြဘူး..ကောင်းကောင်းမစားကြဘူးဆိုရင်..ဘယ်လိုဖြစ်မလဲ တွေးမိတာပါ..

ကျွန်မတို့က ဘဝထဲမှာ ရှိနေ.. ရနေတဲ့ ကောင်းခြင်းတွေကို ဘာမှ မဟုတ်ပါဘူး ဆိုပြီး မေ့လျော့နေတတ်ကြတယ်..Take it for granted..ရနေလို့ယူလိုက်တာပဲ..တန်ဖိုးထားရကောင်းမှန်း..ကျေးဇူး တင်ရကောင်းမှန်းမသိကြဘူး..

တကယ်တော့..
သေးသေးလေးကစပြီး ကျေးဇူး တင်တတ်ဖို့လိုပါတယ်..

ရေးရင်းနဲ့ ပျော်ပြီးရပ်လို့မရတော့တာလည်း အခါခါပါပဲ..
အခုနောက်ပိုင်းမှာ..ကျွန်မ အတော်..နေလို့ကောင်းလာတာဟာ နေ့စဉ် Gratitude Practice လုပ်တဲ့အတွက် ဖြစ်တယ်ဆိုတာကိုယုံကြည်လာပါတယ်

ဘယ်လိုနေလို့ကောင်းလာတာလဲဆိုရင်..စိတ်အားငယ်မှုတွေ..သိပ်မရှိတော့ဘူး ...စိုးရိမ်ပူပန်မှုတွေအတော်လျော့သွားတယ်.. သိပ်မကြောက်တော့ဘူး ....ကိုယ်ကြောက်တဲ့အရာတွေဟာ ကိုယ်ထင်သလောက် မဆိုးဘူးဆိုတာ မြင်လာတယ်.. ပစ္စုပ္ပန်မှာနေတတ်လာတယ်..တစ်နေ့စီ ရှင်သန်ဖြတ်သန်းတတ်လာတယ်...
ကိုယ့်ကိုယ်ကိုယ်..ယုံကြည်မှုတွေတိုးလာတယ်..အားတက်လာတယ် ..

ကောင်းတာတွေပိုလုပ်ဖို့ သတိရလာတယ်.. မကောင်းတာတွေ လုပ်မိ ပြောမိ နားထောင်မိတိုင်းလည်း သိနေတယ်ကိုယ့်ရဲ့အမှားတွေ..ကိုယ့်ဘက်ကအလွန်တွေကို..ပြန်ပြီးမြင်တတ်လာတယ် ..အဲဒီအခါမှာဒေါသ..နည်းသွားတယ် ..ရှင်သန် နေခွင့်ရနေသေးတဲ့ ဘဝကို..ကိုယ့်ဘေးက လူတွေ.. အရာဝတ္ထုတွေကို တန်ဖိုးထားတတ်လာတယ်..အကောင်းမြင်တတ်လာတယ်..

ကျေးဇူးတင်စရာတွေများလာတာနဲ့အမျှကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ဒီကျေးဇူးတရား..တွေဟာသိုက်သိုက်ဝန်းဝန်းလွှမ်းခြုံထားသလိုဖြစ်နေတယ်..အထီးကျန်တာမျိုး ငါတစ်ယောက်တည်း..ဒီလို.. ပြဿနာတွေပူပန်မှုတွေ တွေခံစားနေရပါလား..ဆိုတာမျိုးတွေ မရှိတော့ဘူး...

သိပ္ပံပညာနဲ့...သုတေသနပြုလုပ်ချက်တွေအရ.. ဒီလို Gratitude Practice လုပ်တဲ့အတွက် လူတွေမှာ စိတ်ပိုင်းဆိုင်ရာ..ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေ..ဘယ်လောက်ထိရသလဲဆိုတာကို သက်သေတွေအများကြီးပြနေနိုင်ဆဲပါပဲ..

ရင်သားကင်ဆာခံစားနေရတဲ့အမျိုးသမီး ၆၇ယောက်ကို ခြောက်ပတ်ကြာ ပြုလုပ်တဲ့ Gratitude Intervention အစီအစဉ်မှာ ပါဝင်ခိုင်းတော့ ကင်ဆာ..ပြန်ပေါ်လာမှာကိုကြောက်တဲ့စိတ်တွေ Fear of Cancer Reoccurrence လျော့ကျသွားတာကိုတွေ့ရတယ်တဲ့.. အကျဥ်းသား..၅၉ယောက်ကို ငါးပတ်ကြာပြုလုပ်တဲ့ Gratitude intervention အစီအစဥ်ကိုတက်ခိုင်းတဲ့အခါမှာ အချင်းချင်း ခိုက်ရန် ဖြစ်တာတွေ..ရန်လိုတာတွေလျော့နည်းသွားတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်..

A consistent gratitude practice can change your life and improve your mental health and wellbeing.

Gratitude Practice ကိုပုံမှန်လုပ်နေမယ်ဆိုရင် ဘဝကိုရှုမြင်တဲ့ပုံစံတွေပြောင်းလဲသွားနိုင်သလို ကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက်လည်း အများကြီးတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်

အဓိကကတော့နှစ်နှစ်ကာကာယုံယုံကြည်ကြည်ဆောင်ရွက်ပြုလုပ်ဖို့ပါပဲ..နေ့တိုင်း..တစ်လလောက်လုပ်ကြည့်တဲ့အခါ နောက်ပိုင်းမှာ မလုပ်ရရင်မနေနိုင်တော့အောင်..ရပ်လို့မရတော့အောင်ကို Gratitude Practice Journal ရေးရတာပျော်ရွှင် လာပါလိမ့်မယ်..

မွန်ဟော်စီ
၂၀၂၂ ဇန်နဝါရီ





#မနက်စာအာဟာရ


#ကျေးဇူးတရားမှတ်တမ်း

Photo
FreeStock

12/23/2022

7 BEST TIPS TO IMPROVE YOUR DAILY LIFE:

1️⃣ Work out - even if you start with a 10 minute walk and then slowly increase. Just start moving everyday. 🏋️‍♀️

2️⃣ Stop spending money on food outside (especially the coffee drinks that you spend $5++ for)! Cook your food and eat simple wholesome foods. 🥦

3️⃣ Smile. Keep a smiling face. 😀

4️⃣ Drink water. 💧

5️⃣ Put off the notifications in your mobile. Be it Facebook, twitter, Instagram, whatsap, etc 📲

6️⃣ Live each day, one day at a time. Get up in the morning and plan what best you can do today and then execute it. 📆

7️⃣ Be grateful for what you have and don't complain for what you don't have. 🙏

You and only you are responsible for your happiness. 🙌

All the Best,
❤️ Cynthia Su Nandar Htun 🤗
Follow us @ www.cynthiamarketing.com

Address

6816 Mountain Iron Drive
Bakersfield, CA
93313

Website

Alerts

Be the first to know and let us send you an email when SU Myanmar Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SU Myanmar Store:

Shortcuts

Share