08/26/2026
စာသားလေး ကြိုက်လို့ ညီမ တယောက်ဆီက မ လာတာ ကိုယ်ဟာ ဌေးချို မဟုတ်ပါဘူးလို့ သူ like ရင် ကိုယ် like သူမlikeတော့လဲ ကိုယ်လက်ညောင်းသက်သာသွားတာပေါ့ လို့ 😂😂😂
ကိုယ်ဟာ... လူတွေကို တော်ရုံ ချဉ်ခဲတယ်...
အများပြောသလို positive vibes တွေဘာတွေအသာထား...
တော်ရုံ ရယ်ရရင်ရယ် သူ ့ဘာသူနေရင်ရယ်ကို ချစ်နေပြီးသား...
ယောကျာ်းဆန်သလို ခပ်ပြတ်ပြတ်သမားနဲ ့ မိန်းမဆန်ဆန် နွဲ ့အေးချိုဆို ပိုချစ်တယ်....
တခါတုန်းကပေါ့....
သူတို ့ပဲ ကိုယ့် request လာလုပ်တယ်... ကိုယ်ကချည်း ထိုင် အသဲပေးနေရလဲ ဘာမှမဖြစ်တဲ့သူ... (တကယ်ဆို သူတို ့ကိုယ်ကို သိချင် မြင်ချင်လို ့ လာ add ထားကြတာမလား ကိုယ့် ဘာ react မှ မရှိနော်... ကိုယ့်ကတော့ ဘယ်လိုမှမနေ ချစ်စရာကောင်းရင် love ဝမ်းနည်းစရာ sad တိုတိုပဲ ရှင်းတယ်)
အများပြောသလို ရိုးသားပါတယ်တို ့... စိတ်ရှင်းပါတယ်တို ့ ကိုယ့်ကိုကိုယ်မပြောဘူး... ရှင်းချင်မှလဲရှင်းမယ်.. (လာရှုပ်ရင်) ရိုးချင်မှလဲရိုးမယ်... (အကွက်တွေလာလုပ်ရင်) အိန်ဂျယ်တွေမှ မဟုတ်တာ... ဒါပေမယ့်...
ကိုယ့်အကြောင်း/ ကိုယ့်စိတ်လဲ ဂဃနဏမသိ ကိုယ်ဘာလဲ ဘယ်သူလဲဆိုတာလဲမသိ... ကိုယ်ဘာစိတ်နဲ့ ဘာပြောတာ ဘာလုပ်တာလဲမသိတဲ့သူများကျ.... သိအောင်လဲမလုပ်ဘူး ချွန်တွန်းတွေနဲ ့တွေ ့ပြီး တခြားသူအပြောနဲ ့ကို.... တဖက်သတ်စိတ်ကောက်တာလိုလို အထင်လွဲတာလိုလိုနဲ ့.... လာလဲမမေး... ကျိတ်ဖြစ်နေတာ...
အမယ်... ကိုယ်က မသိဘူးလေ... မသိပဲ တကြောင်းသွားချ နှစ်ကြောင်းသွားချ... (စာပြောပါတယ်... မက်စိဘောက်ကနေ) အမယ်မပြန်နော် ကျိတ်ကောက်နေတာ ဟိုးတုန်းကနော်... အခုမဟုတ်ဘူး အခုက ကိုယ့် ၂/၃ ကြောင်း လာချရင်တောင်... ကိုယ့်မယ်... စာအပတ်လည်အောင် မပြန်နိုင်ဘူးဖြစ်နေလို ့....
အယ်... ဒါမျိုးဆို... သွားတော့ တာ့တာပဲ... အဲ့ခေတ်က အကွိင်းတန် ့ နဲ ့ ရီစထွစ်တွေဘာတွေပေါ့... အခုခေတ်တော့ နဲနဲ အားနာနေသေးရင် unfollow ပေါ့... ကြားထဲ unfriend တွေလဲ အုပ်လိုက်ကြီးပေါ့... နောက်ပိုင်း unfriend ရတာ လက်ညောင်းလာလို ့ အပေါ်ကအတိုင်း ပြန်လုပ်ရတယ်... ကြာတော့ မမြင် မေ့သွား သူ မ like ကိုယ် မ like လေးတွေပေါ့... တခြားသူအောက်ထဲ အထက်အောက်ဖြစ်သွားရင်... အမယ် ငါသူ ့မေ့နေတာဟပေါ့... သွားတော့ ချောင်းကြည့်မနေဘူး...
ပြတ်ပြီဆို... ဂလိုပြတ်တာ....
အများကြီးပါပဲ...
သေချာပေါက်ပြောနိုင်တာကတော့....
ကိုယ်သည် ပတ်သတ်ခဲ့သမျှမှာ.... သူတို ့ ဘာလိုအပ်လဲ... ဘာဖြစ်ချင်တာလဲ
ဘယ်လိုအနေအထားမှာ အသင့်အနေအထားရှိခဲ့တာလဲ... ကိုယ့် ဘ၀တိုးတက်ရာ တိုးတက်ကြောင်းတောင် နောက်မှ... သူတို ့က အရင်....
သူတို ့ အသိဆုံးပဲ
ကိုယ့် ဘက်က လိုအပ်လို ့ လုပ်ပေးပါလားဆိုတာမျိုး ကြုံတောင့်ကြုံခဲ....
ကိုယ်ခက်ခဲနေတာ ကိုယ်အဆင်မပြေနေတာ သူတို ့ သိတောင်မသိလိုက်ရဘူးရယ်... ကိုယ့်ဘာသာဖြေရှင်းတတ်တယ်...
အဲ့ မဟုတ်တာလေးတော့ တချက်မှ မမှားမိစေနဲ ့......
ချဉ်ပြီဆို.... ဘယ်လိုနေအထားမှာ ဖြစ်ဖြစ်.... ပြန်မချိုတော့ပါဘူးနော်....။
ဘာလို ့လဲဆို.... ကျမက ဌေးချိုလဲမဟုတ်ပါဘူး...
ဆယ်လီချိုလဲ မဟုတ်ပါဘူး... မေရီချိုလဲမဟုတ်ပါဘူး....
ကိုယ့် ဘာသာကိုယ် မှန်ကြည့်ချိုပါတယ်နော်...
#