Shwe Shwe Su

Shwe Shwe Su Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Shwe Su, Grocers, Muse, OK.

ကြိုက်မိလို့ ဖက်စေချင်ရှေးခေတ်က ဘုရင်တွေဟာစစ်တိုက်ထွက်ရင် ဆင်ကိုသုံးတယ်။အကယ်၍ အဲဒီဆင်က ခြေထောက်နာသွားပြီဆိုရင် သုံးမရတော...
07/01/2024

ကြိုက်မိလို့ ဖက်စေချင်

ရှေးခေတ်က ဘုရင်တွေဟာ
စစ်တိုက်ထွက်ရင် ဆင်ကိုသုံးတယ်။

အကယ်၍ အဲဒီဆင်က
ခြေထောက်နာသွားပြီဆိုရင် သုံးမရတော့ဘူး။

ဒီတော့
ဆင်ရဲ့ခြေကိုကာကွယ်စောင့်ရှောက်ဖို့
စစ်သည်တော် တွေထားတယ်
ဆင်ခြေဖုံး စစ်သည်တော် လို့ခေါ်ကြတယ်။

သူတို့တွေက
အဲ့ဒီ ဆင်အတွက် တော့
အလွန်အရေးပါတယ်။

နောက်တော့
မြို့တွေတည်လာတဲ့အခါ
မြို့ရဲ့ဘေးနားက ဝန်းရံတဲ့
ရပ်ကွက်တွေကို
မြို့ဆင်ခြေဖုံးရပ်ကွက်တွေလို့ခေါ်တယ်။

လက်လုပ်လက်စားလူတန်းစားတွေ
အလုပ်ကြမ်းလုပ်တဲ့သူတွေ
နေကြတာများတယ်
သူတို့လည်းသူ့နေရာနဲ့သူအရေးပါတယ်။

လောကကြီးမှာအလုပ်ကြမ်းလုပ်တဲ့သူက
မရှ်ိမဖြစ်အရေးကြီးတယ်
အဲဒီလိုလူတွေ
ဘဝ တွေ ပျက်ပြီး
အလုပ်လက်မဲ့ ဖြစ်ကုန်ရင်
စာရိတ္တတွေပျက်ပြီး
ခိုးဆိုးလုယက်ဘဝရောက်သွားရင်
မြို့ပူပြီ။

မြို့ပူရင် နိုင်ငံဆူပြီ

ဆင်ခြေမလုံရင်စစ်ရှုံးနိုင် သလို
ဆင်ခြေဖုံးရပ်ကွက်က
အခြေခံလူတန်းစားကို ဂရုမစိုက်မိရင်
တိုင်းပြည် အထိနာမယ်။

တိုင်းပြည်တခု ထူထောင်ဖ်ို့က
အခြေခံ လူတန်းစားက အဓိက ကျတယ်။

to: Original Writer

လယ်ကန်ဇွန်းနီနီမန်ကျည်းမှည့် လေးငါးလေးနဲ့ချက်စားချင်ပါသော်လဲ 😞😞 ကန်ဇွန်းနီက ရှာလို့တောင်မရှိ
05/18/2024

လယ်ကန်ဇွန်းနီနီမန်ကျည်းမှည့် လေးငါးလေးနဲ့ချက်စားချင်ပါသော်လဲ 😞😞 ကန်ဇွန်းနီက ရှာလို့တောင်မရှိ

ပေးခဲ့တဲ့မေတ္တာတွေမှာအတုယောင်ကင်းခဲ့တာမို့လမ်းပဲခွဲခွဲ လမ်းပဲလွဲလွဲကိုယ့်ကိုကိုယ် လိပ်ပြာလုံပါတယ်..
05/08/2024

ပေးခဲ့တဲ့မေတ္တာတွေမှာ
အတုယောင်ကင်းခဲ့တာမို့
လမ်းပဲခွဲခွဲ လမ်းပဲလွဲလွဲ
ကိုယ့်ကိုကိုယ် လိပ်ပြာလုံပါတယ်..

" သိပ်ကောင်းတဲ့စာသားလေး "မင်းရဲ့ တန်ဖိုးကို နားလည်တဲ့ သူဆီမှာပဲမင်းရဲ့ စိတ်ခံစားချက်တွေကို မြုပ်နှံထားပါ...။မင်းကို ခွင်...
05/08/2024

" သိပ်ကောင်းတဲ့စာသားလေး "
မင်းရဲ့ တန်ဖိုးကို နားလည်တဲ့ သူဆီမှာပဲ
မင်းရဲ့ စိတ်ခံစားချက်တွေကို
မြုပ်နှံထားပါ...။

မင်းကို ခွင့်လွှတ်ပေးနိုင်တဲ့ သူဆီမှာပဲ
မင်းရဲ့ စိတ်ဆိုးစိတ်ကောက်
အမူအကျင့်လေးတွေကို လုပ်ပြပါ...။

မင်းကို နားလည်ပေးနိုင်တဲ့သူဆီမှာပဲ
မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို
ဖော်ပြပါ...။

မင်းကို ဂရုစိုက်ပေးနိုင်တဲ့ သူဆီမှာပဲ
မင်းရဲ့ နာကျင်ဝမ်းနည်းမှုတွေကို
ရင်ဖွင့်ပါ...။

မင်းကို မြတ်နိုးတန်ဖိုးထားပေးတဲ့ သူဆီမှာပဲ
မင်းရဲ့ ခွင့်လွှတ်နားလည်ပေးခြင်းတွေကို ပြန်ပေးပါ...။

မင်းအပေါ် အကောင်းဆုံး
နားလည်ပေးဆပ် နိုင်သူကိုသာ
မင်းရဲ့ သစ္စာစောင့်ထိန်းမှုတွေကို
မြုပ်နှံထားပါ...။

မင်းအပေါ် ကောင်းတဲ့ သူတွေအပေါ်မှာ ပြန်ကောင်းဖို့ မမေ့ပါနဲ့...။
မင်းအပေါ် တန်ဖိုးထားတဲ့ သူတွေကို
မဆုံးရှုံးခင် တန်ဖိုးထားပါ...။

ဘဝမှာ အချိန်ကြာကြာ
ရင်းနှီးပတ်သတ်ကြ သူတိုင်းကတစ်ဖက်သတ်ဆန်တဲ့ ဆက်ဆံရေးမျိုး မဟုတ်ကြဘူး...။
အပြန်အလှန် ထိန်းကျောင်းပေးရင်း
ရပ်တည်ကြတာမျိုးပါ...။

မင်းကို ချစ်တဲ့သူ များချင်များမယ်
မင်းအပေါ် နားလည်ပေးနိုင်တဲ့
သူက ရှားတယ်...။

မင်းကို စိတ်ဝင်စားတဲ့သူ များချင်
များမယ်
မင်းအပေါ် အချစ်စစ်နဲ့
ချစ်ပေးနိုင်မဲ့သူက ရွှေလိုရှားတယ်...

05/08/2024

ငါ့ကံကိုကမကောင်းပါဘူး
ကလေးမွေးခါနီးမှ တော်တော်က်ိုစိတ်ဆင်းရဲရတယ် ဘာမှမလုပ်နိုင်
ကိုယ့်က်ိုအားမကိုးနိုင်တဲ့အချိန်မို့ ပ်ိုပိုပြီးဒေါသ ဖြစ်တယ် ပိုပိုပြီးလဲ အားငယ်တယ် ဘယ်သူ့မှမလိုချင်တော့သလို ဘယ်သူ့မှလဲမကြည့်ချငတော့ဘူး
သေသွားတာကမှကောင်းအုံးမယ်

05/05/2024
👶👼ကလေးကို စနစ်တကျ အသေးစိပ်အမှားမရှိလေအောင် မေမေများအတွက် 🥰❤အာဟာရအထူးကုဆရာမနဲ့ ဆွေးနွေးတိုင်ပင်ထားတာလေးကို မေမေတို့အတွက် ...
04/30/2024

👶👼ကလေးကို စနစ်တကျ အသေးစိပ်အမှားမရှိလေအောင် မေမေများအတွက် 🥰❤

အာဟာရအထူးကုဆရာမနဲ့ ဆွေးနွေးတိုင်ပင်ထားတာလေးကို မေမေတို့အတွက် ပြန်မျှဝေပေးချင်ပါတယ်ရှင့်

❇️First 3days ကို ဆန်နဲ့မိခင်နို့ရည် or Formula ကို အရည်ကျဲကျဲ မိခင်နို့ရည်နီးပါး ကျဲတာနဲ့ စကျွေးရပါမယ်
❇️မနက် ၈နာရီ ညနေ ၄နာရီ တနေ့ကို ၂ကြိမ်ပဲကျွေးရပါမယ်(စစချင်းမို့)
❇️ဆန်ထမင်းစားဇွန်း တဇွန်းကို ပေါင်းအိုးနဲ့ပေါင်းပြီး ကြိတ်စက်နဲ့ သေချာညက်အောင် ပြန်ကြိတ်ပါ ပြီးရင် နို့နဲ့ရောကျွေးလို့ရပါပြီ
❇️မညက်ရင် ကလေးအစာအိမ်က လက်မခံနိုင်မှာစိုးလို့ပါ

❇️ 4-6 days ကို အဝါအသီးအနှံတစ်မျိုး လုပ်ကျွေးရပါမယ် တမျိုးကို တည့်မတည့် ၃ရက်စမ်းကျွေးပါ အသီးကိုပေါင်း ကြိတ်စက်နဲ့ကြိတ် အရည်ကျဲကျဲ တနေ့ ၂ကြိမ်

အဝါအသီးအနှံ-ပန်းသစ်တော် ပန်းသီး အာလူး သင်္ဘောသီး ရွှေဖရုံသီး နာနတ်သီး ငှက်ပျောသီး ပြောင်းဖူး လိမ္မော်သီး

❇️7-9days ကို အဝါနဲ့ အစိမ်းအသီးအနှံ တစ်မျိုးလက်တစ်ဆစ်စာနဲ့ ထမင်းကို ပေါင်း ကြိတ်ကျွေးရပါမယ်

အစိမ်းအသီးအနှံ-ထောပတ်သီး ပဲသီး ဟင်းနုနွယ် ကန်စွန်းရွက် ပဲစိမ်းလုံး မုန်ညှင်း

❇️10-12days ကို ဝါစိမ်းနီအသီးအနှံတစ်မျိုး လက်တစ်ဆစ်စာနဲ့ ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

အနီအသီးအနှံ- ကန်စွန်းဥ ခရမ်းချဉ်သီး မုန်လာဥနီ ဖရဲသီး ပဲနီလေး (ဝက်သား အမဲသား ဆိတ်သား ၈လအထက်)

❇️13-15days ကို ဝါစိမ်းနီ ကြက်သား ၃ကျပ်သားနဲ့ ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

❇️16-18days ကို ဝါစိမ်းနီ ငါး ၃ကျပ်သားနဲ့ ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ် ငါးအရိုးကို သေချာနွှင်ပါ

❇️19-21days ကို ပဲနီလေး ဝါစိမ်းနီ အသီးအနှံတစ်မျိုးထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

❇️22-24days ပဲဝါ ဝါစိမ်းနီ အသီးအနှံတစ်မျိုး ဆိတ်သား ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

❇️25-27days ကုလားပဲ ဝါစိမ်းနီ အသီးအနှံတစ်မျိုး ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

❇️28-30days ဝါစိမ်းနီ အသီးအနှံတစ်မျိုး ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

✳️အစမ်းသပ်ကာလ တလပြည့်လျှင် ဆန်ကို ထမင်းစားဇွန်း ၂ဇွန်းတိုးကျွေးလို့ရပါတယ်
✳️ပဲဆီစစ်စစ်ကို လက်ဖက်စားဇွန်းတဝက်ထည့်ကျွေးပါ
✳️ကြက်သွန်ဖြူ ထည့်ကျွေးလို့ရပါတယ်
✳️ပဲနီ ပဲဝါ ကုလားပဲကို တစ်ပတ်မှာ ၃ ၄ရက်ကျွေးလို့ရပါတယ်

💁‍♀️အစားကျွေးခါနီး ၂နာရီအလို နို့မတိုက်ပါနဲ့
💁‍♀️နို့တိုက်ထားလျှင် ဗိုက်ဝပြီး ထမင်းမစားချင်ဖြစ်ပါလိမ့်မယ်
💁‍♀️ထမင်းကျွေးပြီးမှသာ နို့တိုက်ပါ
💁‍♀️250ml ပန်းကန်လုံးတဝက်ကျွေးပါ
💁‍♀️အစာအုပ်စုကြီး ၃စုပါဝင်အောင်ကျွေးပါ
💁‍♀️အစာများကို ကြယ်၄ပွင့်အစာများဖြစ်အောင် ပေါင်းစပ်ကျွေးပါ

အာဟာရဆရာဝန်က ready made ကို အားမပေးပါဘူးရှင့် home made ပဲ လုပ်ကျွေးခိုင်းပါတယ်💁‍♀️

✅၇လဆို Baby Noddles /Pasta ကြက်ဥစမ်းကျွေးလို့ရပါပြီ

✅၈လဆို Yogurt Cheese Baby ကြက်သားမှုန့် ပုစွန် အနီရောင်ရှိတဲ့အသား ဝက်သား ဆိတ်သား အမဲသား ကျွေးလို့ရပါပြီ

✅၁နှစ်အထက် နွားနို့ ပျားရည် Pink Salt Chocolate ကျွေးလို့ရပါပြီ

✅၂နှစ်အထက် ပဲနို့ သကြားကျွေးလို့ရပါပြီ

Credi to ဘေဘီလေးပြုစုပျိုးထောင်နည်း Page
Credit to Original writer for uploder

Photo Credit

ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ကလစ်လေးပေါ့ သူများပန်တာကြည့်ပြီးအားကြခဲ့ရသူပေါ့ .....၀ယ်ပေးမဲ့ မိဘ မရှိလို့ မပူဆာရဲခဲ့ဖူး ငါကြီ...
04/30/2024

ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့
ကလစ်လေးပေါ့ သူများပန်တာကြည့်ပြီးအားကြခဲ့ရသူပေါ့ .....
၀ယ်ပေးမဲ့ မိဘ မရှိလို့ မပူဆာရဲခဲ့ဖူး
ငါကြီးလာလို့ပိုက်ဆံတွေရှာနိုင်ရင် အများကြီး၀ယ်ပစ်မယ်လို့ တွေးခဲ့ဖူးတယ် .....
အော် ...ကလေးဘ၀က လိုချင်တတ်မတ်
မှု့လေးတွေက အခုကြတော့လဲ ဘာမှမဟုက်တော့ပါလား......

ငှက်ပျောသီးခွံ မြေသြဇာလုပ်နည်း (၁၀) မျိုး===============================စားနေကြတဲ့ ငှက်ပျောသီးခွံကို စိုက်ပျိုးရေးလုပ်ငန...
04/16/2024

ငှက်ပျောသီးခွံ မြေသြဇာလုပ်နည်း (၁၀) မျိုး
===============================
စားနေကြတဲ့ ငှက်ပျောသီးခွံကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လိုသုံးလို့ ရနေတယ် ဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာမို့ ငှက်ပျောသီးကျွေးပြီးရင် အခွံလေးပြန်တောင်း ပြန်စုကြပါ။

(၁) ငှက်ပျောခွံ အရည်

မြေဆွေးအရည်လိုမျိုးပဲ ငှက်ပျောသီးအခွံနဲ့လုပ်ထားတဲ့ ငှက်ပျောခွံရည်ဆိုတာကို ရွက်ဖျန်းအားဆေးအဖြစ် ပက်ဖျန်းပေးလို့ရပါတယ်။ အပင်တွေကို လောင်းပေးလို့ရပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတာကျတော့ ရေနဲ့ (၂) ရက် (၄၈ နာရီ) ထားပြီးရင် အဲ့ငှက်ပျောခွံရည်နဲ့ အပင်တွေကို လောင်းပေးလို့ရပါတယ်။ အာဟာရတွေကို ပိုရလာအောင် ငှက်ပျောခွံတွေက ကူညီပေးပါတယ်။

(၂) အပိုင်းအစလေးတွေ မြေကြီးထဲ ထည့်ပေးလို့ရတယ်။

စုထားတဲ့ငှက်ပျောခွံတွေရှိတယ်ဆိုရင် ၅ ချက် ၆ ချက်လောက် ခုတ်ထစ်ပြီးတော့ စိုက်ထားတဲ့ ခြံထဲ၊ ဥယျာဉ်ထဲကို တိုက်ရိုက်ထည့်ပေးလို့ရပါတယ်။ မြေကြီးတော့ ပြန်ဖုံးပေးခဲ့ဖို့ လိုအပ်ပါတယ်နော်။

တဖြည်းဖြည်း ဆွေးရင်းနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

(၃) မြေဆွေးပုံရင် သုံးလို့ရတယ်။

အခင်းထဲ တိုက်ရိုက်မထည့်ချင်ဘူးဆိုရင် မြေဆွေးပုံပုံပြီးတော့ သုံးတဲ့နေရာမှာ ငှက်ပျောခွံတွေပါထည့်ပြီးတော့ မြေဆွေးပြုလုပ်လို့ရပါတယ်နော်။ ငှက်ပျောခွံနဲ့လုပ်ထားတဲ့ မြေဆွေးတွေ ကောင်းကောင်းဆွေးပြီဆိုရင် ပျိုးဘောင်လုပ်တဲ့အချိန်မျိုးမှာ၊ အပင်တွေပန်းပွင့်တဲ့အချိန်မျိုးတွေမှာ သုံးပေးလိုက်ရင် အပင်တွေက အာဟာရတွေ အများကြီးရလာမှာပါ။

(၄) ငှက်ပျောခွံမှုန့်မြေသြဇာ

ငှက်ပျောခွံတွေ အများကြီးရှိနေတယ်ဆို နေရောင်အောက်မှာ အခြောက်ခံလိုက်ပါ။ ကောင်းကောင်းခြောက်သွားရင် အမှုန့်ကြိတ်ပြီးတော့ မြေကြီးထဲကို ထည့်ပေးလို့ရပါတယ်။

သတိထားရမှာတစ်ချက်က အမြစ်ကိုမထိအောင် ထည့်ပေးလိုက်ပါ။ အိုးတွေမှာဆို ဖြူးထည့်လိုက်ရုံပါပဲ။

(၅) အစေ့စိုက်ရင် ထည့်ပေးလို့ရ

မျိုးစေ့စိုက်မယ်ဆို ငှက်ပျောခွံကို တိုက်ရိုက်သုံးပေးလို့ရပါတယ်။ မြောင်းလေးတူး၊ ငှက်ပျောခွံလေးတွေခင်း ပြီးတော့ အစေ့လေးတွေချ၊ မြေပြန်ဖုံးခဲ့။ အမြစ်လေးတွေ စထွက်တဲ့အချိန်၊ အပင်လေးတွေ ကြီးလာတဲ့အချိန်မျိုးတွေဆို သူက အာဟာရတွေ ကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့ မြေသြဇာကြီးအဖြစ်နဲ့ အသုံးတော်ခံလို့ပေါ့။

(၆) ငှက်ပျောခွံရွက်ဖျန်း မြေသြဇာ

ငှက်ပျောခွံမှုန့် (၄) ဇွန်း၊ ကြက်ဥခွံ (၃)ခုရဲ့ အမှုန့်ရယ်၊ အက်ပဆွန် ဆားတစ်ဇွန်းကို ရေသန့်ဘူးအရွယ်အစားထဲထည့်ပြီး ရေအပြည့်ဖြည့်ပြီး အပင်တွေကိုဖျန်းပေးလို့ရပါပြီ။ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ကြွယ်ဝတဲ့ ရွက်ဖျန်းမြေသြဇာပါပဲ။

(၇) အင်းဆက်တွေ ဖမ်းမယ်။

ပန်းသီးရှာလကာရည်ထဲကို ငှက်ပျောသီးခွံလေးထည့်ပြီး အင်းဆက်ထောင်ခြောက် လုပ်လို့ရပါတယ်။ ခြံထဲထည့်ထားရင် မှက်တွေကို အများကြီးလျော့ချနိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ အဖုံးပါတဲ့ ကော်ခွက်လေးတွေထဲကို ငှက်ပျောခွံနဲ့ ပန်းသီးရှာလကာရည်ထည့်၊ ဘေးပတ်ပတ်လည်မှာ အပေါက်လေးတွေ ဖောက်ထား။

အဖုံးလေးပြန်ပိတ်ထား။ အဲ့လိုဆို မှက်မျိုးနွယ်ဝင် အုပ်စုတွေက ထောင်ခြောက်မှာမိပြီး အပင်တွေကို ကာကွယ်နိုင်တာပေါ့။

(၈) ပျဆေး

အပင်ခြေရင်းမှာ ငှက်ပျောခွံအစတွေကို တင်ထားပေးရင် ပျတွေမတက်တော့ပဲ အပင်ကိုကာကွယ်ပြီးသားဖြစ်မှာပါ။ ငှက်ပျောခွံကို ပျတွေက မုန်းကြပါတယ်။

(၉) ပန်းပွင့်ဆေး

ငှက်ပျောခွံကို ရေနဲ့အချဉ်ဖောက်ပြီး ပန်းပွင့်တဲ့အပင်တွေကို ဖျန်းပေးရင် ပန်းပွင့်တွေ အများကြီး ကြီးကြီး လှလှ ပွင့်လာမှာပါ။

ဘယ်လိုလုပ်ရမလဲဆိုရင် ဖုံးလို့ရတဲ့ပုလင်းထဲ ငှက်ပျောခွံထည့်၊ ပြီးတော့ ရေမြုပ်နေအာင်ထည့်ပြီး အဝတ်ကလေးနဲ့ ပိတ်ထား၊ တစ်ပတ်လောက်စောင့်ရပါမယ်။

အမြုပ်ဖြူလေးတွေထလာရင် အဆင်ပြေပါတယ်။ အမြုပ်တွေက မဲနေမယ်။ မှိုတွေတက်လာတယ်ဆိုရင်တော့ လွှင့်ပစ်လိုက်ပါ။ အရည်ကိုလောင်းလို့ရပါတယ်။

အဖတ်တွေကိုကြိတ်ပြီးတော့ မြေကြီးထဲ ထည့်ပေးလို့ရပါတယ်။ ကဲ ဘာလိုသေးလဲ?

(၁၀) အက်ဆစ်ကြိုက်အပင်တွေ

စတော်ဘယ်ရီတို့လို အက်ဆစ်ကြိုက်တဲ့အပင်တွေ အချဉ်ဓာတ်လေးကြိုက်တဲ့ အပင်တွေကို ဖျန်းပေးရင် အရွက်ဖားဖားနဲ့ ပိုသန်စွမ်းလာမှာပဲဖြစ်ပါတယ်။

ငှက်ပျောခွံကို ရေနဲ့စိမ်ပြီးတော့ ငှက်ပျောခွံရှာလကာရည် လုပ်ရမှာပါ။ ရေနဲ့ စိမ်တာတူတူပါပဲ။ တစ်ပတ်ကြာရင် အဖတ်တွေဆယ်ပြီး ရေကိုပဲ (၄)ပတ်ကနေ (၆)ပတ်လောက် ထားရမှာပါ။

ရှာလကာရည်လို အနံ့လေးထွက်တယ်။ တူလာပြီဆိုရင် ရေနဲ့ ထပ်ရောပြီး အပင်လေးတွေကို လောင်းပေးပါ။

မူရင်းရေသားသူအားလေးစားစွာဖြင့်
သုခ သဘာဝမြေသြဇာ

လူပျိုလေးက ရှက်တတ်ပြီ
04/12/2024

လူပျိုလေးက ရှက်တတ်ပြီ

မီးနေသည်အစားရှောင်ခြင်းပြဿနာ မေမေတို့ရေ ရှေးရိုးမဆွဲပါနဲ့နော်  အယူအစမှားတွေကိုပြင်သင့်နေပါပြီ.....မီးဖွားပြီးခါစမိခင်တွေ...
04/10/2024

မီးနေသည်အစားရှောင်ခြင်းပြဿနာ

မေမေတို့ရေ ရှေးရိုးမဆွဲပါနဲ့နော် အယူအစမှားတွေကိုပြင်သင့်နေပါပြီ.....
မီးဖွားပြီးခါစမိခင်တွေစားရမယ့် အစားအစာကို အယူအဆအမှားတွေနဲ့ မိဘအများစုက
အကန့်အသတ်ထားတာမျိုးက မဆန်းတော့ပါဘူးမီးနေသည် က
နို့ထွက်အောင် ဟင်းခါးပဲသောက်ရမယ်
ဟင်းအဖြူထည်ပဲစားရမယ်
ငါးခြောက်ဖုတ် /ငါးကြော် နဲ့ပဲ ထမင်းစားရမယ်
ဆိုပြီး တနေ့လာလဲဒါ တနေ့လာလဲ ဒါပဲ
ကျွေးကြပါတယ်

❌တကယ်တော့အဲဒီလို အရာတွေက မှားပါတယ်။အာဟာရစုံအောင်မစားထားရင် အာဟာရချို့တဲ့ပြီး မိခင်ရော ကလေးပါ ဘေးဒုက္ခရောက်တတ်ပါတယ်။ Vit B ချို့တဲ့ရင် အသက်အန္တရာယ်တောင်စိုးရိမ်ရပါတယ် နော် 😥

နို့ကောင်းကောင်းမထွက်ဘူးဆိုပြီး
ငါးခြောက်/ငါးကြော် ဟင်းခါးပဲနေ့တိုင်းစားနေရတယ် အရွက်လည်းမစားရဘူးတဲ့။
ဒါတွေပဲစားစားနေရတော့ ညည်းငွေ့ပြီးမစားချင်
မစားတော့အာဟာရမရှိ နို့ကနည်းပြီးမထွက်တော့တာ တွေက ဆက်စပ်နေတာပါ။

မိခင်နို့ထဲကို အစပ်တွေ အချဉ်တွေမရောက်ပါဘူးအရွက်စားလို့ ကလေးဝမ်းမပျက်စေပါဘူး
လက်မသန့်ရှင်းမှသာ၊ နို့ဘူးတိုက်တာမှာ
သန့်ရှင်းမှုမရှိမှသာ ဝမ်းပျက်တတ်တာပါ

နို့တိုက်မိခင်တွေ အစားအသောက်၊ အာဟာရနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်လေးတွေကတော့

✔️အစားစုံအောင်စားခြင်း

အသီးအနှံ၊ ဟင်းသီးဟင်းချက်၊ အသားအမျိုးမျိုး၊ငါး၊ ကြက်ဥ၊ ဘဲဥ၊ ပဲ၊ နို့နဲ့နို့ထွက်ပစ္စည်း စတာတွေကို သမမျှအောင် နေ့စဉ်စားသုံးရပါမယ်။

✔️ရေများများသောက်ခြင်း

နို့တိုက်မိခင်တစ်ဦးဟာ တစ်နေ့ကို ရေနှစ်လီတာလောက် အနည်းဆုံးသောက်ရပါမယ်။ နို့၊အသီးဖျော်ရည်၊ ရိုးရိုးရေ စသဖြင့် အရည်များများသောက်ပေးရပါမယ်။

✔️ပရိုတင်းကြွယ်ဝသောအစားအစားများစားခြင်း

နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ပဲ၊အသား၊ ငါး စတာတွေဟာ ပရိုတင်းကြွယ်ဝစွာပါပါတယ်။ မီးဖွားပြီးကာစမိခင်ကို မြန်မြန်နာလန်ထစေနိင်ပြီး ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေပါတယ်။ မိခင်အသက်ဟာ ၁၈နှစ်အောက်ဖြစ်နေခြင်း သို့မဟုတ် ကိုယ်ဝန်မဆောင်ခင်မှာ ပိန်လွန်းနေခြင်းရှိခဲ့ရင် မီးဖွားပြီးချိန်မှာ ပရိုတင်းများများစားပေးရမှာဖြစ်ပါတယ်။

✔️ကိုယ်ဝန်ဆောင်အားဆေးများဆက်လက်သောက်သုံးခြင်း

မီးဖွားပြီးချိန်မှာလည်း ကျန်ရှိနေသေးတဲ့ ကိုယ်ဝန်ဆောင်စဉ်ကသောက်တဲ့အားဆေးတွေကိုဆက်လက်သောက်လို့ရပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ အားဆေးတွေကို မှန်မှန်သောက်ပေးခြင်းဟာ နို့တိုက်မိခင်ရဲ့ကျန်းမာရေးကောင်းဖို့ကို အာမခံချက်ပေးနိုင်ပါတယ်။

မိခင်တွေရှောင်ကြဉ်ရမယ့်အစားအစာတွေလည်းရှိပါတယ်။ အဲဒါတွေကတော့
အရက်
ကဖိန်းဓာတ်
fast food
ပူလွန်း၊ချဉ်လွန်း၊စပ်လွန်းတာတွေ
ဒူးရင်းသီးအလွန်အကျွံစားတာတို့၊
မသန့်တဲ့ချဉ်ဖတ်တို့၊ တညင်းသီးတို့တော့ရှောင်ပါ။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင် ☘️⭐️❤️

ရာသီဥတုကောင်းပုံများ😅😅😅
04/07/2024

ရာသီဥတုကောင်းပုံများ😅😅😅

Address

Muse, OK

Telephone

+959773050291

Website

Alerts

Be the first to know and let us send you an email when Shwe Shwe Su posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Shwe Su:

Share

Category