Zay Yar Naing /ငါးသားဖောက်စခန်း

Zay Yar Naing /ငါးသားဖောက်စခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zay Yar Naing /ငါးသားဖောက်စခန်း, Fish Market, New York, NY.

ငါးမွေးတောင်သူများ ပြောင်းလဲကျင့်သုံးသင့်သော မွေးမြူရေးစနစ်များ 🐠🐠🐠ကမ္ဘာ့ရာသီဥတု ပူနွေးလာခြင်း နှင့် ရာသီဥတုပြောင်းလဲခြင...
12/21/2025

ငါးမွေးတောင်သူများ ပြောင်းလဲကျင့်သုံးသင့်သော မွေးမြူရေးစနစ်များ 🐠🐠🐠

ကမ္ဘာ့ရာသီဥတု ပူနွေးလာခြင်း နှင့် ရာသီဥတုပြောင်းလဲခြင်းကို ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် သိသိသာသာ ခံစားရသည့်အပြင် ငါးစာဈေးကွက်သည်လည်း ကြီးမားလာပါသည်။
မြန်မာနိုင်ငံရှိ ငါးမွေးတောင်သူအများစုသည် မိရိုးဖလာ အစဉ်အလာအတိုင်း ငါးမွေးမြူခဲ့ကြသည်မှာ နှစ်ပေါင်း (၂၀)မှ (၅၀)အထိရှိလာကြပါသည်။ မြန်မာနိုင်ငံတွင် ၁၉၅၈ခုနှစ်လောက်စပြီး ငါးမွေးမြူခြင်းကို စတင် မိတ်ဆက်ခဲ့ကြပြီး စတင်မွေးမြူသော ငါးမှာ တီလားပီးယားငါး ဖြစ်ပါသည်။ တဖြည်းဖြည်း တိုးတက်ပြောင်းလဲ လာပြီး ယခုအချိန်တွင် ငါးမွေးမြူရေး လုပ်ငန်းကို ပြည်နယ်နှင့်တိုင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာ ကြပြီး ငါးမျိုးစိတ် အစုံမွေးမြူလာကြပါသည်။ ငါးသားပေါက်စခန်းများလည်း ငါးလုပ်ငန်းဉီးစီးဌာတွင် ပြည်နယ် နှင့်တိုင်းများတွင် တိုးချဲ့ဖွင့်လှစ်နိုင်ပြီး ပုဂ္ဂလိက ငါးသားပေါက် စခန်းများလည်း များစွာပေါ်ပေါက်လာပါသည်။

ယခုအချိန်တွင် ငါးမွေးတောင်သူများသည် ၄၅ရာခိုင်နှုန်းသော ငါးမွေးတောင်သူများမှ သိပ္ပံနည်းကျ ကန် ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်းများ၊ မျိုးကောင်းမျိုးသန့် ငါးမျိုးရွေးချယ်ခြင်းများအပြင် ဈေးကွက်ဝင် ငါးများတိုးချဲ့မွေးမြူလာကြပါသည်။ ထို့အပြင် ငါးအစာတောင့် ကျွေးခြင်းများလည်း စတင်သုံးစွဲလာသည်ကို တွေ့ရှိရပါသည်။

ကမ္ဘာ့ရာသီဥတု ပူနွေးလာခြင်း နှင့် ရာသီဥတုပြောင်းလဲခြင်းကို ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် သိသိသာသာ ခံစားရသည့်အပြင် ငါးစာဈေးကွက်သည်လည်း ကြီးမားလာပါသည်။ ထို့ကြောင့် ငါးမွေးတောင်သူများသည် ထုတ် လုပ်မှု စရိတ်မြင့်မားလာခြင်း နှင့် ကုန်ထုတ်လုပ်မှု ကျဆင်းလာခြင်းများ ကြုံတွေ့ရပါသည်၊။ ငါးမွေးတောင်သူ အများစုသည် အမြတ်ရရှိမှုအတွက် စိန်ခေါ်မှု ကြီးမားလာကြပါသည်။

ရာသီဥတုပြောင်းလဲခြင်းသည် ချက်ချင်းပြန်လည်ကောင်းမွန်လာနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ရာသီဥတု နှင့် လိုက်လျောညီထွေ ငါးမွေးမြူရေးစနစ်ကို ပြောင်းလဲကျင့်သုံးသင့်ပါကြောင်း အကြံပြုတင်ပြလိုပါသည်။ လက် ရှိ ငါးမွေးမြူနေကြသော တောင်သူအများစုသည် ငါးမျစ်ချင်း ငါးနှင့် ငါးကြင်းငါးမျိုးစိတ်များကို ယခင်ကအတိုင်း ဆက်လက်မွေးမြူနေကြပါသည်။ ငါးမွေးတောင်သူများသိထားသည့်အတိုင်း ငါးမျစ်ချင်းငါးသည် (၂)နှစ်အချိန် မှသာ အရွယ်ရောက် မျိုးပွားနိုင်ပြီး ငါးကြင်းငါးမျိုးစိတ်သည် (၃)နှစ်အချိန်မှသာ အရွယ်ရောက် မျိုးပွားနိုင်ပါသည်။ ထို့ကြောင့် အချိန်ယူမွေးမြူရခြင်း နှင့် အစာကျွေးရသော အချိန်များခြင်းများကြောင့်အပြင် ကုန်ထုတ်လုပ်မှု နောက်ကျခြင်းများရှိလာပါသည်။ ငါးမွေးမြူရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် အချိန် တိုအတွင်း ကြီးထွားမြန်သော ငါးမျိုးစိတ်များရွေးချယ်ခြင်း နှင့် ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်မည့် ငါးမျိုးကို ရွေးချယ်ဆောင်ရွက်လိုပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ဦးစန်းအောင်

ထွက်တိုး

-------

#ငါးမွေးမြူရေး
#ခရမ်းမြို့
#ငါးသားပေါက်အမျိူးမျိူးဖြန့်ချိရေး
09-770-62-7734

  #ငါးသားပေါက်ဖြန်ချိရေး #ငါးလုပ်ငန်းဦးစီးဌာန #မြန်မာနိုင်ငံအနှံ့အပြားပို့ဆောင်ရေး #ကကတစ်မင်းသား #ကကတစ်သားပေါက်မွေးမြူရ...
12/20/2025


#ငါးသားပေါက်ဖြန်ချိရေး
#ငါးလုပ်ငန်းဦးစီးဌာန
#မြန်မာနိုင်ငံအနှံ့အပြားပို့ဆောင်ရေး
#ကကတစ်မင်းသား
#ကကတစ်သားပေါက်မွေးမြူရောင်းဝယ်ရေး
#မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်
🤝 🤝 🤝

❄ တီလားဗီးယား(thai monosex)
❄ ကကတစ်(sea farm)
❄ မြက်စား ငကြင်း(Farming)
❄ င ခူ/င ကျီး(Farming/field)
❄ ငါးပြေမ(thai/Farming/field)
❄ င ဘတ်(naturl field/Farming)
❄ င သလောက်(Farming)
❄ ဒိုင်းငရံ့ /ငရံ့(Farming/natural field)
❄ င မြစ်ချင်း(Farming)
❄ ငါးတန် (Farming)
❄ င ဖယ်(Farming)
❄ ငါးခုံးမ(Farming)
❄ ပုဇွန်(Farming/Fresh water)

အစရှိသော ငါးသားပေါက်များစွာ🐟🐟🐟 ကို

မိမိတို့၏ 🚐🚐🚐
ကန်အရောက်/အိမ်အရောက်/ကားဂိတ်များအရောက်(နယ်ဝေး)သို့ လုံခြုံစိတ်ချ
အသေပြောက် မရှိ❌❌❌ အာမခံ စနစ်ဖြင့်
မြန်မာနိုင်ငံအနှံ့အပြား သို့ ကောင်းမွန်ဆုံး ဝန်ဆောင်မှုများ ဖြင့် ပို့ဆောင်ပေးနေပါပြီ ခင်ဗျာ။🙏🙏🙏🙏🙏

#မွေးမြူနည်း
#အစာကျွေးနည်း
#ကန်ပြုလုပ်ပုံအဆင့်ဆင့်များ

ကို နားမလည်သော မိတ် သစ်များနှင့်
/စနစ်တကျ မွေးမြူနိုင်ခြင်း
မရှိ​သေးသော မိတ်​ဟောင်း များအတွက်
အောက်ပါဖုန်းနံပါတ်များ သို့ စုံစမ်းမေးမြန်းနိုင်ပါ သည်။👇👇👇📱📱📱📱

ကျတော်တို့ ဘက်မှလည်း မိတ်ဆွေတို့သိရှိလိုသမျှကို စိတ်ရှည် စွာ ပြန်ဖြေကြားပေးမည်ဖြစ်ကြောင်း
အသိပေးအပ်ပါသည် ။😃😃😃

📲09-770-62-7734

ဤငါးကြင်းမျိုးမှာ မြက်ကိုသာ စားသဖြင့် အစာကုန်ကျစရိတ် သက်သာသည်။===================ရွှေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငွေ...
12/19/2025

ဤငါးကြင်းမျိုးမှာ မြက်ကိုသာ စားသဖြင့် အစာကုန်ကျစရိတ် သက်သာသည်။
===================

ရွှေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငွေရောင်ငါးကြင်း၊ မြက်စားငါးကြင်းစတဲ့ ငါးကြင်းမျိုးစိတ်များတွင် မြက်စားငါးကြင်းကို မွေးမြူကြသည်မှာ အချိန်မကြာလှသေးပေ။ မြက်စားငါးကြင်းကို မွေးမြူကြသော ငါးကြင်းမွေးမြူရေးသမားများအတွက် နောင်အခါတွင် အကျိုးဖြစ်ထွန်းရန် အလားအလာများစွာရှိပါသည်။ ဤငါးကြင်းမျိုးမှာ မြက်ကိုစားသဖြင့် အစာကုန်သက်သာခြင်းကြောင့် ဖြစ်ပါသည်။

မြက်စားငါးကြင်းကို မွေးမြူရာတွင် ရွှေဝါငါးကြင်း မွေးမြူသကဲ့သို့ ဆင်တူယိုးမှား ဖြစ်ပါသည်။ မွေးမြူနည်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

မြေနေရာရွေးချယ်ခြင်း

မြက်စားငါးကြင်းမွေးမြူရန် မြေနေရာရွေးလျှင် လမ်းပန်းဆက်သွယ်ရေးကောင်း၍ စျေးကွက်ရှိသောနေရာကို ရွေးချယ်ရပါမည်။ မြေနေရာသည် သဲဆန်သောမြေကို မရွေးရပါ။ မြေစေးကို ရွေးချယ်ရပါမည်။ မြေစေးဖြစ်သောကြောင့် ကန်အတွင်းရှိရေသည် ကြာရှည်ခံပါမည်။ ငါးအတွက်လည်း ပိုမို ကောင်းမွန်ပါသည်။

ရေအမျိုးအစား

အဖန်ဓာတ်များသောရေ ဖြစ်ပါက မွေးမြူရန် မသင့်လျော်ပါ။ အချဥ်ဓာတ်များသောရေ ဖြစ်ပါမူ ပြုပြင်ပြီးသုံး၍ ရပါသည်။ ကန်ရေ၏ ချဥ်ဖန်နှုန်းမှာ (၇.၀ မှ ၈.၅) အထိရှိနေလျှင် အကောင်းဆုံး ဖြစ်ပါသည်။

မွေးမြူကန် အရွယ်အစား

မြက်စားငါးကြင်းမွေးမြူရန်ကန်ကို အလျား ၂၀၀ ပေ၊ အနံ ၁၀၀ ပေရှိ ဧကဝက်ခန့် အကျယ်ဖြစ်အောင်တူးပါ။ တစ်နှစ်ပတ်လုံး ရေအနက် ၄ပေ ရှိနေစေရန် ၆ပေခန့် နက်အောင် ကန်ကိုတူးထားရပါမည်။ ကန်ဘောင်ဖို့လျှင်လည်း ကန်နှုတ်ခမ်းမှနေ၍ ၅ပေ နောက်ဆုတ်ပြီး ဖို့ထားပေးပါ။ ကန်ဘောင် ထိပ်မှနေ၍ အောက်တည့်တည့် ၁တောင် (သို့မဟုတ်) ၁၈ လက်မအကွာတွင် ရေလျှံပေါက်တစ်ခုတပ်ထားပြီး ကန်ဘောင်မပြိုရန် ကန်ဘောင်တွင် မြက်များအပြည့်ကပ်၍ စိုက်ထားပေးပါ။

သြဇာဓါတ်ထည့်သွင်းခြင်း

ကန်ကို ရေမထည့်မီ ထုံးမှုန့် ၁၅၀ ပိဿာကို ဖြန့်ပြီး ဖြူးပေးပါ။ ထုံးမှုန့်ထည့်ပြီးလျှင် ရေထည့်ပါ။ရေထည့်ပြီး တစ်ပါတ်ကြာလျှင် နွားချေး၊ ဝက်ချေး၊ ကြက်ချေး၊ ဘဲချေး စသော မည်သည့် တိရစ္ဆာန်ချေးများကို ဖြစ်စေ ၄ဂါလံဝင်ပုံး ဖြင့် ပုံး ၁၅၀ ထည့်ပေးပါ။

ထို့နောက် ပကန်၊ ဘဲစာ၊ ခွေးမြီးဖုတ် စသော ရေမှော်ပင်များကို တင်းတောင်းဖြင့် ၅တောင်း ထည့်ပေးပါ။ တစ်ပတ်ကြာလျှင် ကန်တစ်ခုလုံး ရေမှော်ပင်များဖြင့် ပြည့်လာပါလိမ့်မည်။ ရေမှော်ပင်များ ပြည့်လာလျှင် မြက်စားငါးကြင်းသားပေါက်များကို ကန်အတွင်းသို့ ထည့်နိုင်ပါသည်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

သားပေါက်ထည့်သွင်းနှုန်း

မြက်စားငါးကြင်းသားပေါက်များကို အခြားငါးမျိုးများဖြစ်သော ငါးကြင်း၊ ငါးသိုင်းငါးများနှင့် ရောမွေးလျှင် ရနိုင်ပါသည်။ မြက်စားငါးကြင်းချည်းသက်သက် မွေးမြူလျှင် ဧကဝက်ခန့်ကျယ်သော ကန်တစ်ကန်တွင် ငါးသားပေါက် ၁၆၅၀ ကောင် ထည့်မွေးနိုင်ပါသည်။

ငါးသားပေါက်များထည့်သောအခါ အရွယ် ၄လက်မအောက် ဖြစ်လျှင်ပိုကောင်းပါသည်။ မြက်စားငါးကြင်းမွေးမြူသော ကန်ထဲတွင် မြက်နှင့်ရေမှော်ပင်များ ပေါက်နေလျှင် အ​ကောင်းဆုံးဖြစ်ပါသည်။

အစာကျွေးနှုန်း

မြက်နှင့်ရေမှော်ပင်များသည် မြက်စားငါးကြင်း၏ အဓိကအစာများ ဖြစ်ကြပါသည်။ ရေမှော်ပင်များကိုစားပြီး မြက်စားငါးကြင်းများကြီးထွားစေလိုပါက ကန်အတွင်းသို့တစ်လတစ်ခါ ရေမှော် ၅တင်း မှန်မှန် ထည့်ပေးရပါမည်။

ဖွဲနု၊ နှမ်းဖတ် ကျွေးလျှင်လည်း ရပါသည်။ တစ်ကောင် လျှင် တစ်ကျပ်သားရှိသော ငါးကောင်ရေ ၁၆၅၀ ကောင် အတွက် တစ်နေ့လျှင် ဖွဲနု နှင့်နှမ်းဖတ် ရောထားသော အစာ ၆၅ ကျပ်သားခန့်ကို ကျွေးပါ။

အချိုးအစားမှာ ဖွဲနု ၅၀ ကျပ်သားနှင့် နှမ်းဖတ် ၁၅ ကျပ်သားကို ရေနှင့်ရောနယ်ပြီး အလုံလုပ်ကျွေးပါ။ ဤအချိုးအတိုင်း ငါးအကောင်ကြီးလာသည်နှင့်အမျှ အစာကို တိုး၍ကျွေးပါ။

ကြီးထွားနှုန်း

မြက်စားငါးကြင်းများသည် မြက်၊ ရေမှော်၊ ဖွဲနု၊ နှမ်းဖတ် တစ်မျိုးမျိုးကို စားရပါက ၁နှစ်အတွင်း မြက်စားငါးကြင်း တစ်ကောင်လျှင် ၆၀ ကျပ်သားအထိ ကြီးထွားလာနိုင်ပါသည်။

ဧကဝက်ရှိသော ကန်တစ်ကန်တွင် မြက်စားငါးကြင်းများ ထည့်၍မွေးမြူပါက တစ်နှစ်အတွင်း မြက်စားငါးကြင်း အချိန် ၉၀၀ ပိဿာကျော် ရရှိနိုင်ပါသည်။

Ref; ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#မြက်စားငါးကြင်း
#ငါး
#ငါးကြင်း
#အစိမ်းရောင်လမ်း



#ဝယ်ယူအားပေးမူကိုအထူးပင်ကျေးဇူးတင်ရှိပါသည်
#ခရမ်းမြို့
#ရန်ကုန်တိုင်း
#ငါးမွေးမြူရေး
#ငါးသားပေါက်အမျိုးမျိုးဖြန့်ချီရေး
#မြနါမာတပြည်လုံးသို့အာမခံစနစ်ဖြင့်ပို့ဆောင်သည်
ဆက်သွယ်ရန်
Pagemessger(or)hotline number

09-77 062 7734
09-66 494 8353

 #ခေတ်မှီနည်းဖြင့်စနစ်တကျငါးမွေးမြူခြင်း​မွေးမြူကန်​ရေအတိမ်အနက်--------------------------------------မွေးမြူရေးကန်တကန်ရဲ...
12/18/2025

#ခေတ်မှီနည်းဖြင့်စနစ်တကျငါးမွေးမြူခြင်း

​မွေးမြူကန်​ရေအတိမ်အနက်
--------------------------------------
မွေးမြူရေးကန်တကန်ရဲ့ရေအတိမ်အနက်
ငါးမွေးသူငါးတောင်သူအတွက်အရေးကြီး
ပါသည်။

ငါး၊ပုစွန်တို့မွေးမြူသောကန်တကန်၏ရေအတိမ်အနက်သည်မွေးမြူကန်တကန်၏
ဇီဝဆိုင်ရာရှင်သန်ပေါက်ပွားမှုအပေါ်အဓိက
ကြသောထိန်းချုပ်မှုတရပ်ဆိုနိုင်ပါသည်။

ပုံမှန်ရှိသင့်သော ငါး ၊ပုစွန်မွေးမြူရေးကန်တကန်၏ရေတိမ်အနက်သည်[၅.၅‌ပေ ~၆.ဝပေ]အတွင်းရှိရန်လိုအပ်ပါသည်။

ရှိသင့်ရမည့်ထက်တိမ်လွန်းပါလျှင်နေရောင်ခြည်တိုးဖောက်ဝင်ရောက်မှုမြင့်မားလေ့ရှိသောကြောင့်မွေးမြူကန်ရေထုလွှာအသီးသီးတွင်အပူချိန်မြင့်မားမှုမျိုးကိုဖြစ်စေပြီး၊အောက်စီဂျင်ပိုမိုပျော်ဝင်နိုင်မှုကိုနိမ့်ကျစေပါသည်။

ရေထု၏အပူချိန်မြင့်မားမှုအခြေ
အနေ[ ၃၂ °C အထက်များခြင်း]မျိုးကိုဖြစ်စေနိုင်သည်။မွေးမြေူရေးကန်ရေအနက်သည်၆.၅ပေအထက်များလျှ င်ရေထုအတွင်းအလင်းဖောက်ဝင်ရောက်နိုင်မှုနည်းခြင်းကြောင့်၎င်း အထက်နှင့်အောက်ရေယှက်နိုင်မှုနည်းသောကြောင့်၎င်း၊ရေထုလွှာများအတွင်းအပူချိန်ဟန်ချက်ညီမျှမူနည်းလာပြီးအောက်ခြေကြမ်းပြင်ရေလွှာထုတွင်အပူချိန်နိမ့်ကျမှုအခြေအနေ [၂၅°C အောက်နည်းခြင်း] မျိုးကိုဖြစ်စေနိုင်သည်။

မွေးမြူကန်ရေထုအတွင်းအလင်းရောက်ဖောက် ထွင်းနိုင်မှုသည်ရေထု၏အကြည်နှုန်း[သို့]နောက် ကျိ နှုန်းအနည်းအများနှင့်လည်းသက်ဆိုင်နေပြီး၊ရေထုအတွင်းဇီဝဆိုင်ရာရှင်သန်ပေါက်ပွားမှုအပေါ်
လွှမ်းမိုးလျ က်ရှိနေပါသည်။

[မှတ်ချ က်]
ရေအနက် [၆.၅ ပေ ခွဲအထက် ] ရှိကြသောငါးမွေးကန်များသည်ငါးကြီးထွားဖွံ့ဖြိုးမှုညံဖျင်းနေသလိုငါးများသည်လဲမှိုရောဂါကျရောက်မှုစွဲကပ်သလို ငါးကုသစရိတ်သည်လဲရေအနက်ပေါ်လိုက်၍ ကုသစရိတ်များနိုင်ပါသည်။

မွေးမြူ ရေးကန်တကန်၏ရေထုနောက်ကျိ မှု
----------------------------------------------------------
မွေးမြူကန်ရေထု၏ နောက်ကျိမှုနှုန်းမြင့်မားနေခြင်းသည်ရေထုတွင်နုံးအနည်အနှစ်များကဲ့သို့သောအင်အော်ဂင်းနစ်အရာများပျံအနှံ့တည်ရှိနေခြင်းနှင့်ရေသြဇာအပင်နှင့်အကောင်ကဲ့သို့သောအော်ဂင်းနစ်အရာများအဆမတန်ပေါက်ပွားနေခြင်းများကြောင့်ဖြစ်သည်။

မွေးမြူကန်တကန်ရှိရေထု၏နောက်ကျိမှုနှုန်းအနည်းအများသည်ကန်ရေထု၏ဇီဝဆိုင်ရာထုတ်လုပ်မှုအပေါ်အကျိုးသက်ရောက်မှုအနည်းအများကိုဖြစ်ပေါ်စေလေ့ရှိပါသည်။

နောက်ကျိမှုအနည်းအများအခြေအနေသည်မွေးမြူရေးကန် အသစ်/အဟောင်းအခြေအနေ မိုးတွင်းကာလမိုးရေဝင်ရောက်မှုအခွင့်အလမ်း
မြေသား၏သဘောဝဖွဲ့စည်းမှုအခြေအနေအပြင်နေရောင်၏အလင်းရောင်ရရှိနိုင်မှုအချိန်ကာလတို့အပေါ်မူတည်နေပါသည်။

နုံးအနည်အနှစ်ပါဝင်မှုမြင့်မားသည်ဒေသမျိုးတွင်တူးဖော်ထားသောကန်များတွင်တစ်နှစ်ပတ်လုံးနောက်ကျိ မှုနှုန်းကိုမြင့်မားစေနိုင်သည်။ထိုသို့နောက်ကျိမှုနှုန်းမြင့်မားခြင်းသည်။

နေ၏အလင်းရောင်ဝင်ရောက်နိုင်ရန်အဟန့်အတားဖြစ်စေပြီးအပင်ပိုင်းဆိုင်ရာရေဩဇာတို့၏အစာချက်လုပ်
မှုကိုအဟန့်အတားဖြစ်စေသည်။ရေထုအလွှာအတွင်းပျံ့နှံ့တည်ရှိနေသည့်
နုံးအနည်အနှစ်များ မှရေသြဇာအပင်မျောလှေးတို့အတွက်အခြေခံလို
လိုအပ်သည့်ဖေါ့စဖိတ်နှင့်ကယ်လ်စီယမ်ကဲ့သို့‌သော‌အဟာရဓာတ်များကိုစုပ်ယူသွားလေ့ရှိသောကြောင့်၊အပင်မျောလှေးတို့တိုးမြင့်ပေါက်ပွားရန်အခွင့်အလမ်းတို့လည်းလျော့နည်းနိမ်ကျလာစေလေ့ရှိသည်။ မွေးမြူ ကန်ရေထု၏နောက်ကျိ မှုအခြေအနေသည်ရေထုအတွင်းအလင်း
ဖောက်ထွင်းနိုင်မှုအနည်းအများကိုဖြစ်စေပြီး၊ ရေထုလွှာများအတွင်းအပူချိန်ပြောင်းလဲကွာဟမှုအနည်းအများကိုဖြစ်စေနိုင်ပါသည်။

မွေးမြူ ကန်ရေထု၏နောက်ကျိမှုနှုန်း [သို့ ]ရေထု၏အကြည်နှုန်းပါဝင်မှုကို [ ၁. ၅ ပေ ]ခန့်အတွင်းတည်ရှိနေအောင်ဆောင်ရွက်သင့်ပါသည်။

#ကိုလင်းလင်းဦး

#ငါးမွေးမြူရေး

#ငါးသားပေါက်အမျိူးမျိူးရောင်းဝယ်ရေး
#ရန်ကုန်တိုင်းခရမ်းမြို့
📲 09-770627734
09-664948353

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Zay Yar Naing /ငါးသားဖောက်စခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Featured

Share

Category