My Nature Produce

My Nature Produce Our aim is to nourish people & protect the planet 🌍 We all have the power to create future sustainable ! Our Gardens are using compost to fertilize our soils.
(2)

MISSION STATEMENT

Nature’s Produce strongly believes in taking care of our Earth and its natural resources. It’s our honor & responsibility to work toward setting the standard of protecting our environment. We strive to be proactive & ensure that our My Nature Team, as well as our customer base, is helping reduce our generation’s carbon footprint. Using and marketing locally grown produce Urban i

n order to alleviate the detrimental effects of mass transportation. This compost provides natural nutrients for future harvests in order to prevent exhaustion of fertile lands. This will ultimately reduce desertification. Nature’s Produce is also recycling almost all boxes, shipping, office supplies and packing material to maximize the usage of our resources.

Azolla ဟာ တပိုင်တနိုင်စိုက်ပျိုးရေးသမားများအတွက် တကယ်အဆင်ပြေပြီး လက်တွေ့လုပ်ဆောင်နေကြတဲ့ တောင်သူတွေဟာ တကယအကျိုးကျေးဇူးရန...
08/28/2026

Azolla ဟာ တပိုင်တနိုင်စိုက်ပျိုးရေးသမားများအတွက် တကယ်အဆင်ပြေပြီး လက်တွေ့လုပ်ဆောင်နေကြတဲ့ တောင်သူတွေဟာ တကယအကျိုးကျေးဇူးရနေကြပါတယ်။ Azolla ဟာ မွေးမြူရေးစိုက်ပျိူးရေးစရိတ်ကိုတကယ်လျော့ချပေးနိုင်ကြောင်းကို သုတေသနများစွာကနေ ဖော်ထုတ်ပေးနေပါတယ်။


08/24/2026

Azolla ကိုမိုးကာကန်အသုံးပြုစိုက်ပျိုးပြီး မွေးမြူရေးအစာအဖြစ်အသုံးပြုခြင်း


မှိုတန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နည်းသင်တန်း
08/20/2026

မှိုတန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နည်းသင်တန်း



ကျေးလက်ဒေသများအတွက် မှိုစိုက်ပျိုးရေး လက်တွေ့သင်တန်းမန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ကျေးလက်နေပြည်သူများအတွက် စားန...
08/17/2026

ကျေးလက်ဒေသများအတွက် မှိုစိုက်ပျိုးရေး လက်တွေ့သင်တန်း
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ကျေးလက်နေပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရမြှင့်တင်ရေးနှင့် ဝင်ငွေတိုးပွားရေးတို့ကို အထောက်အကူပြုစေရန် မှိုစိုက်ပျိုးရေး လက်တွေ့သင်တန်းကို အောင်မြင်စွာ ပို့ချပေးနိုင်ခဲ့ပါသည်။

သင်တန်းတွင် ကောက်ရိုးမှို (Straw Mushroom) စိုက်ပျိုးရာ၌ အသုံးပြုနိုင်သည့် ဘောင်ပုံစံ (Bed Method) နှင့် ခြင်းတောင်းပုံစံ (Basket Method) တို့အပြင် ကမာမှို (Oyster Mushroom) နှင့် ကြွက်နားရွက်မှို/သစ်သားနားရွက်မှို (Wood Ear Mushroom) စိုက်ပျိုးနည်းများကို လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

သင်တန်းသားများအနေဖြင့် စိုက်ပျိုးရေးအတွက် လိုအပ်သည့် ပစ္စည်းများပြင်ဆင်ခြင်း၊ စိုက်ပျိုးရန်နေရာနှင့် ပုံစံများ ပြင်ဆင်ခြင်း၊ မှိုများကြီးထွားရန် သင့်လျော်သော အခြေအနေများကို စီမံထိန်းသိမ်းခြင်းနှင့် ရိတ်သိမ်းသည်အထိ ပြုစုစောင့်ရှောက်ခြင်းတို့ကို လက်တွေ့ကျကျ လေ့လာသင်ယူနိုင်ခဲ့ကြပါသည်။

မှိုစိုက်ပျိုးခြင်းသည် နေရာအကျယ်အဝန်း အနည်းငယ်ဖြင့်ပင် ဆောင်ရွက်နိုင်ပြီး မိသားစုစားသုံးမှုအတွက် အာဟာရပြည့်ဝသော အစားအစာရရှိစေသည့်အပြင် အပိုဝင်ငွေ ရရှိစေရန်နှင့် ကျေးလက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ခိုင်မာစေရန် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါသည်။

Mushroom Growing Training for Rural Communities in Thazi Township
We were pleased to deliver practical mushroom cultivation training in Thazi Township, Mandalay Region, supporting rural communities to strengthen food security, nutrition, and income generation.

The training provided hands-on practice in several accessible mushroom-growing techniques, including straw mushroom cultivation using both bed and basket methods, as well as oyster mushroom and wood ear mushroom production. 🌱🍄

Participants gained practical knowledge and experience in preparing growing materials, setting up cultivation systems, managing growing conditions, and caring for mushrooms through the production cycle. These skills can be adapted to rural households using locally available resources and can provide opportunities for both household consumption and small-scale income generation.

Mushrooms are a valuable source of nutritious food and can be grown with relatively limited space, making mushroom cultivation a promising livelihood option for rural families. By combining practical skills with locally appropriate techniques, the training aims to encourage communities to produce nutritious food while creating additional sources of income.

We are grateful to all participants, trainers, and RPEA community members who contributed to the success of the training. Together, we continue to promote practical, sustainable solutions for food security, better nutrition, and resilient rural livelihoods.

08/14/2026

ဝက်အစာအဖြစ် Azolla အသုံးပြုခြင်း
Azolla ကိုဝက်စာအဖြစ်အသုံးချပြီး အစာကုန်ကျစရိတ်ကို လျော့ချလို့ရပါတယ်နော်။

Azolla သည် ပရိုတင်း၊ သတ္တုဓာတ်များ၊ ဗီတာမင်များနှင့် အခြားအာဟာရဓာတ်များ ပါဝင်သောကြောင့် ဝက်များအတွက် ဖြည့်စွက်အစာအဖြစ် အသုံးပြုနိုင်ပါသည်။ သင့်လျော်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ပါက ပုံမှန်အသုံးပြုနေသော အစာကုန်ကျစရိတ်ကို လျှော့ချရာတွင် အထောက်အကူပြုနိုင်ပါသည်။
လတ်ဆတ်သော Azolla ကို ဝက်များအား မကျွေးမီ သန့်ရှင်းစွာ ဆေးကြောပြီး တဖြည်းဖြည်းချင်း အစာထဲသို့ ထည့်သွင်းကျွေးသင့်ပါသည်။ ပြောင်းဖူး၊ ဆန်ဖွဲနု သို့မဟုတ် စီးပွားဖြစ်ဝက်အစာများနှင့် ရောစပ်ကျွေးနိုင်ပါသည်။ သို့သော် Azolla တွင် ရေဓာတ်နှင့် အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် အဓိကအစာအဖြစ် မသုံးသင့်ဘဲ ဖြည့်စွက်အစာအဖြစ်သာ အသုံးပြုသင့်ပါသည်။ အစာခြောက်အလေးချိန်အပေါ် အခြေခံ၍ ၅–၁၀% ခန့် ကနေ ၃၀-၄၀%ထည့်သွင်းအသုံးပြုခြင်းသည် သင့်လျော်သော အစပြုအဆင့်ဖြစ်ပါသည်။

Azolla can be used as a supplementary feed for pigs because it contains protein, minerals, vitamins, and other nutrients. It is particularly useful for reducing the cost of conventional feed when grown properly. Fresh Azolla should be washed thoroughly before feeding and introduced gradually to allow pigs to adjust. It can be mixed with other feeds such as maize, rice bran, or commercial pig feed. Generally, Azolla should be used as a supplement rather than the main feed because its high moisture and fiber content can limit nutrient intake. A moderate inclusion level, around 5–10% _40%of the diet on a dry-matter basis, is commonly recommended. Azolla should be cultivated in clean water and protected from pesticides, sewage, and other contaminants because it can accumulate harmful substances. Properly produced Azolla can support pig growth and may help reduce feed expenses, but pigs still require a balanced diet containing adequate energy, protein, minerals, and vitamins for good growth and health.



“ပြည်မြို့နယ်မှ တောင်သူတဦးမှ ဝက်များအတွက် Azolla စိုက်ပျိုးလက်တွေ့အသုံးချနေခြင်း”Azolla သည် ရေတွင်ပေါက်ရောက်သော အပင်အမျိ...
08/12/2026

“ပြည်မြို့နယ်မှ တောင်သူတဦးမှ ဝက်များအတွက် Azolla စိုက်ပျိုးလက်တွေ့အသုံးချနေခြင်း”
Azolla သည် ရေတွင်ပေါက်ရောက်သော အပင်အမျိုးအစားငယ်တစ်မျိုးဖြစ်ပြီး ဝက်များအတွက် အာဟာရဖြည့်စွက်
အစာအဖြစ် စိုက်ပျိုးအသုံးပြုနိုင်ပါသည်။ Azolla တွင် ပရိုတင်း၊ ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် အမိုင်နိုအက်ဆစ်များ ပါဝင်သောကြောင့် ဝက်များ၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။
Azolla ကို ဖြည့်စွက်အစာအဖြစ် အသုံးပြုခြင်းဖြင့် စီးပွားဖြစ်အစာ၏ အသုံးပြုမှုပမာဏကို လျှော့ချနိုင်ပြီး အစာကုန်ကျစရိတ်ကိုလည်း သက်သာစေနိုင်ပါသည်။ ထို့အပြင် Azolla သည် ရေကန်ငယ်များ၊ တိုင်ကီများ သို့မဟုတ် မြေကျင်းများတွင် နေရာအနည်းငယ်ဖြင့် စိုက်ပျိုးနိုင်ပြီး အလျင်အမြန် ပြန်လည်ပေါက်ရောက်သဖြင့် မကြာခဏ ရိတ်သိမ်းအသုံးပြုနိုင်ပါသည်။ ထို့ကြောင့် Azolla သည် ဝက်မွေးမြူရေးအတွက် ကုန်ကျစရိတ်သက်သာပြီး ရေရှည်တည်တံ့သော အာဟာရဖြည့်စွက်အစာ
အရင်းအမြစ်တစ်ခုအဖြစ်အသုံးပြုနိုင်ပါသည်။
Azolla Farmer From Pyay Township
Azolla is a small aquatic fern that can be cultivated easily and used as a nutritious feed supplement for pigs. It is rich in protein, vitamins, minerals, and essential amino acids, which support healthy growth and development. Azolla can improve feed quality and help reduce the amount of costly commercial feed required. Regular feeding of Azolla may improve weight gain, digestion, and overall health of pigs. It is also easy to cultivate in small ponds, tanks, or pits using limited space and water. Azolla grows rapidly and can be harvested frequently, providing a continuous source of green feed. Its cultivation requires relatively low investment and can make use of farm wastes such as animal manure as nutrients. Therefore, Azolla is an economical and sustainable feed supplement for pig farming. However, it should be introduced gradually and provided in suitable amounts along with a balanced diet to meet the pigs’ complete nutritional requirements.




မှိုရောဂါတွေကာကွယ်ဖို့ My Nature ရဲ့ ထရိုင်ဂိုဒါးမားT. viride ကိုပုံမှန်အသုံးပြုနေကြတဲ့ တောင်သူတွေဆီ Delivered လုပ်ပေးလိ...
08/11/2026

မှိုရောဂါတွေကာကွယ်ဖို့ My Nature ရဲ့ ထရိုင်ဂိုဒါးမားT. viride ကိုပုံမှန်အသုံးပြုနေကြတဲ့ တောင်သူတွေဆီ Delivered လုပ်ပေးလိုက်ပါပီရှင့်။ T. virideကို Lab 🧫 & Field Trial Results တွေပါစမ်းထားတာဖြစ်တဲ့အတွက် အချိုးအစားအတိုင်းအသုံးပြုနေကြတဲ့ နှမ်း၊ ကွမ်း၊ နှင်းဆီ၊ဂန္ဓမာ၊ ဒူးရင်း၊ပိန္နဲစိုက်ပျိုးနေကြတဲ့ တောင်သူတွေအတွက်တကယ်လည်းထိရောက်တာ သိရပါတယ်။ ကုန်ကျစရိတ်သက်သာချင်ပြီး သဘာဝနည်းလမ်းများနှင့်ပါစိုက်ပျိုးထုတ်လုပ်လိုကြတဲ့သူတွေအတွက် ထရိုင်ဂိုဒါးမာဟာ အကောင်းဆုံး ဇီဝဆေးတမျိုးဖြစ်တာကို လက်ခံလာကြတာတွေ့ရပါတယ်။

We have successfully delivered My Nature's Trichoderma (T. viride) to farmers who regularly use it for managing fungal diseases during the rainy season.

Our T. viride has been tested through both laboratory (Lab) and field trials, providing proven performance when applied at the recommended dosage. Farmers cultivating sesame, betel, roses, chrysanthemums, durian, and jackfruit have reported effective disease management and healthier crop growth.

For growers seeking to reduce production costs while adopting more natural and sustainable farming practices, Trichoderma has become widely recognized as one of the most effective biological solutions for controlling soil- and plant-borne fungal diseases.
#ထရိုင်ဂိုဒါးမား

08/10/2026

စပါးခင်းများတွင် အဇိုလာစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ
အဇိုလာသည် စပါးခင်းများအတွင်း ရေမျက်နှာပြင်ပေါ်တွင် လျင်မြန်စွာပေါက်ပွားနိုင်သော ရေအပင်မျိုးဖြစ်သည်။ စပါးနှင့်အတူ အဇိုလာကို စိုက်ပျိုးခြင်းဖြင့် အရေးကြီးသော အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ အဇိုလာတွင် နိုက်ထရိုဂျင်ကို ဖမ်းယူပေးနိုင်သော စိမ်းပြာရောင် ဘက်တီးရီးယားများ ပါဝင်သောကြောင့် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်ရရှိနိုင်မှုကို တိုးမြှင့်ပေးသည်။ ထို့ကြောင့် သဘာဝမြေဩဇာအဖြစ် လုပ်ဆောင်ပေးပြီး ဓာတုနိုက်ထရိုဂျင်မြေဩဇာ အသုံးပြုမှုကို လျှော့ချနိုင်သည်။ အဇိုလာပုပ်ဆွေးသောအခါ မြေဆီလွှာထဲသို့ အော်ဂဲနစ်ပစ္စည်းများ ထည့်သွင်းပေးသဖြင့် မြေဆီဩဇာနှင့် မြေဆီလွှာဖွဲ့စည်းပုံကို တိုးတက်ကောင်းမွန်စေသည်။ ရေမျက်နှာပြင်ပေါ်တွင် ထူထပ်စွာပေါက်ပွားခြင်းဖြင့် နေရောင်ခြည်ကို တားဆီးကာ ပေါင်းပင်များပေါက်ပွားမှုကို လျှော့ချပေးနိုင်သည်။ ထို့အပြင် ရေအငွေ့ပျံမှုကို လျှော့ချပြီး စပါးခင်းအတွင်း သင့်တင့်သော စိုထိုင်းဆကို ထိန်းသိမ်းပေးနိုင်သည်။ အဇိုလာတွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နှင့် အခြားသတ္တုဓာတ်များ ပါဝင်သည်။ အဇိုလာသည် လျင်မြန်စွာ ပေါက်ပွားနိုင်ပြီး စပါးစိုက်ပျိုးရာသီအတွင်း အကြိမ်ကြိမ် ရိတ်သိမ်းအသုံးပြုနိုင်သည်။ ထို့ကြောင့် စပါးနှင့်အဇိုလာ ပူးတွဲစိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ပြီး စီးပွားရေးအရလည်း အကျိုးရှိသော စိုက်ပျိုးနည်းစနစ်တစ်ခုဖြစ်ကာ မြေဆီဩဇာကို မြှင့်တင်ပေးခြင်း၊ စပါးပင်ကြီးထွားမှုကို အထောက်အကူပြုခြင်း၊ မြေဩဇာကုန်ကျစရိတ်ကို လျှော့ချခြင်းနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို ဖော်ဆောင်ပေးခြင်းတို့တွင် အထောက်အကူပြုသည်။

Advantages of Azolla Cultivation in Rice Fields

Azolla is a small aquatic fern that grows rapidly on the surface of water in rice fields. Its cultivation along with rice has several important advantages. Azolla contains nitrogen-fixing cyanobacteria, which help increase the availability of nitrogen in the soil. Therefore, it acts as a natural biofertilizer and can reduce the need for chemical nitrogen fertilizers. Azolla also adds organic matter to the soil when it decomposes, improving soil fertility and structure. Its thick growth on the water surface helps suppress weeds by blocking sunlight and occupying space. It can also reduce water evaporation and maintain better moisture conditions in the field. Azolla provides nutrients such as nitrogen, phosphorus, potassium, and other minerals. It grows quickly and can be harvested several times during the rice-growing season. Thus, rice–Azolla cultivation is an eco-friendly and economical practice that improves soil fertility, supports rice growth, reduces fertilizer costs, and promotes sustainable agriculture.


08/06/2026

မှိုစိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်း
📅 Online Training – ၈ – ၉ ဩဂုတ် ၂၀၂၆
📍 လက်တွေ့သင်တန်း (In-Person Practical Training) - ၁၆ ဩဂုတ် ၂၀၂၆

၁။ ကောက်ရိုးမှို
၂။ ကြွက်နားရွက်မှို
၃။ငွေနှင်းရောင်စုံ
၄။ နိူ့စိမ်းမှို
၅။ မှိုမျိုးပုလင်းကိုယ်တိုင်ထုတ်လုပ်ခြင်း
၆။ မှိုထုတ်ကုန်များထုတ်လုပ်ခြင်း

သင်ကြားမည့် အကြောင်းအရာများ

✅ စီးပွားဖြစ် မှိုစိုက်ပျိုးနည်းစနစ်များ
✅ အရည်အသွေးမြင့် မှိုမျိုးစေ့ (Spawn) ထုတ်လုပ်နည်း
✅ မှိုစိာက်ထုပ်များပြင်ဆင်ခြင်းနှင့် ပိုးမွားရောဂါကာကွယ်နည်းများ
✅ မှိုစိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းနှင့် ရောဂါကာကွယ်နည်းများ
✅ ရိတ်သိမ်းခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်နည်းများ
✅ မှိုခြောက်၊ မှိုခရစ်ကာ၊ မှိုမှုန့်၊ မှိုအခြေခံ အစားအစာများနှင့် အခြား တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နည်း
✅ စီးပွားရေးအစီအစဉ်ရေးဆွဲခြင်း၊ ကုန်ကျစရိတ်
တွက်ချက်ခြင်းနှင့် ဈေးကွက်ရှာဖွေရေး

📞 ဆက်သွယ်ရန် – 09963690005 or Comments

📧 Email – [email protected]






မှိုတန်ဖိုးကွင်းဆက်တခုလုံးကို တခါတည်း  Online and  In Person ၂မျိုးဖြင့် သင်ယူလို့ရမည့် မှိုသင်တန်းအချိန်စာရင်းလေးပါနော်...
08/04/2026

မှိုတန်ဖိုးကွင်းဆက်တခုလုံးကို တခါတည်း Online and In Person ၂မျိုးဖြင့် သင်ယူလို့ရမည့် မှိုသင်တန်းအချိန်စာရင်းလေးပါနော်

📅 Online Training – ၈ – ၉ ဩဂုတ် ၂၀၂၆
📍 လက်တွေ့သင်တန်း (In-Person Practical Training) - ၁၆ ဩဂုတ် ၂၀၂၆

၁။ ကောက်ရိုးမှို
၂။ ကြွက်နားရွက်မှို
၃။ငွေနှင်းရောင်စုံ
၄။ နိူ့စိမ်းမှို
၅။ မှိုမျိုးပုလင်းကိုယ်တိုင်ထုတ်လုပ်ခြင်း
၆။ မှိုထုတ်ကုန်များထုတ်လုပ်ခြင်း

သင်ကြားမည့် အကြောင်းအရာများ

✅ စီးပွားဖြစ် မှိုစိုက်ပျိုးနည်းစနစ်များ
✅ အရည်အသွေးမြင့် မှိုမျိုးစေ့ (Spawn) ထုတ်လုပ်နည်း
✅ မှိုစိာက်ထုပ်များပြင်ဆင်ခြင်းနှင့် ပိုးမွားရောဂါကာကွယ်နည်းများ
✅ မှိုစိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းနှင့် ရောဂါကာကွယ်နည်းများ
✅ ရိတ်သိမ်းခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်နည်းများ
✅ မှိုခြောက်၊ မှိုခရစ်ကာ၊ မှိုမှုန့်၊ မှိုအခြေခံ အစားအစာများနှင့် အခြား တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နည်း
✅ စီးပွားရေးအစီအစဉ်ရေးဆွဲခြင်း၊ ကုန်ကျစရိတ်
တွက်ချက်ခြင်းနှင့် ဈေးကွက်ရှာဖွေရေး

Online သင်တန်း တွင် မှိုစိုက်ပျိုးရေး၏ အခြေခံသီအိုရီ၊ ထုတ်လုပ်မှုစီမံခန့်ခွဲမှုနှင့် စီးပွားရေးဆိုင်ရာ အသိပညာများကို သင်ကြားပေးမည်ဖြစ်ပြီး၊ လက်တွေ့သင်တန်း တွင် Spawn ထုတ်လုပ်ခြင်း၊ မှိုစိုက်ပျိုးခြင်း၊ လက်တွေ့လုပ်ဆောင်နည်းများနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို ကိုယ်တိုင်လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

📞 ဆက်သွယ်ရန် – 09963690005 or Comments

📧 Email – [email protected]






Address

George Town
Washington D.C., DC
20007

Alerts

Be the first to know and let us send you an email when My Nature Produce posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Nature Produce:

Shortcuts

Share

Category