06/09/2026
ဒလတ် (Da Lat) က ကိုယ့်လူတို့ရေ... ကျနော် ဒီမြို့လေးကနေ ပြောင်းရွှေ့တော့မှာမို့လို့ Zay Tan လေးကို ခဏနားတော့မယ့်အကြောင်း အသိပေးရင်း နှုတ်ဆက်ပါတယ်ဗျာ။
ရှေ့ဆက်ပြီး ဒီအလုပ်လေး ပြန်လုပ်ဖြစ်မလား၊ ဘယ်တော့လောက် ပြန်စဖြစ်မလဲဆိုတာတော့ ကျနော်ကိုယ်တိုင်လည်း သေချာမသိသေးဘူးဗျ။ အားလုံးအသိပဲလေ... ဟို မအလ ကြောင့် ကျနော်တို့တွေရဲ့ ဘဝတွေက ဘာတစ်ခုမှ ကြိုတွက်ထားလို့ မှ မရတာကိုး...
ဘာပဲဖြစ်ဖြစ်... ဒီလို အခြေအနေတွေကြားထဲကနေ Zay Tan ကို ယုံယုံကြည်ကြည်နဲ့ အားပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ၊ အစ်ကို အစ်မတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီး တင်ပါတယ်ဗျာ။
ကျနော် ဈေးရောင်းတဲ့ တစ်လျှောက်လုံးမှာ "ဈေးတန်" ဆိုတဲ့ နာမည်လေးအတိုင်း အမြတ်ကြီးစား မလုပ်ဘဲ၊ ကိုယ့်လူတွေ အလွမ်းပြေ စားနိုင်အောင် အတတ်နိုင်ဆုံး ဈေးချိုချိုလေးနဲ့ပဲ ရောင်းပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ ဒလတ်မှာ အခန်းရှာရခက်နေတဲ့ သူတွေကိုလည်း ပွဲခမယူဘဲ အခမဲ့ လိုက်ရှာပေးခွင့်ရခဲ့လို့ တကယ်ကို ဝမ်းသာပီတိ ဖြစ်ရပါတယ်ဗျာ။
ဒလတ်မှာ ဆုံခဲ့ရတဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးကို အမြဲ သတိရနေမှာပါ။ ဘယ်နေရာရောက်ရောက် အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေနော်။
အားလုံးကို ကျေးဇူးပါ... ခဏတာ နှုတ်ဆက်ခဲ့ပါတယ်ဗျာ!