KL Rare Stones Gems

KL Rare Stones Gems မိုးကုတ် တွင်းထွက် သဘာဝ ကျောက်မျတ်ရတနာ များကို စျေးအတန်ဆုံး ရောင်းချပေးနေပါသည် 😍🥰

Permanently closed.
မိုးကုတ် တွင်းထွက်ကျောက်မျက်ရတနာများ အခြေခံမှစ လက်တွေ့ ကျကျ စနစ်တကျ သင်ကြား ပေးပါသည် အခု ခေတ် လူငယ် တွေ ကိုယ်ပိုင် လုပ်င...
03/06/2026

မိုးကုတ် တွင်းထွက်ကျောက်မျက်ရတနာများ အခြေခံမှစ လက်တွေ့ ကျကျ စနစ်တကျ သင်ကြား ပေးပါသည်

အခု ခေတ် လူငယ် တွေ ကိုယ်ပိုင် လုပ်ငန်း
လုပ်ချင်တယ်
ကျောက်လောက ထဲ လည်း ဝင်ချင်တယ်
ဘယ်က စရမလဲ မသိနေဘူး
ကျောက် အရိုင်း ကို နားလည်ချင်တယ်
သွေးပြီးသား ကျောက် စျေး ကွက်ကို လည်း နား လည်ချင်တယ် ကျောက်ဝယ်ရင် ဆုံးဖြတ်ချက် မချရဲဘူး ဖြစ်နေသလား ?

ကိုယ်ပိုင်လုပ်ငန်း ဖြင့် စျေးကွက်ထဲ
ကျောက်လုပ်ငန်းရှင် တဦး ဖြစ်လို ပါသလား?

ကျောက်ကုန်သည် တဦး၏ အခွင့်အရေး နှင့်
ဝယ်ခြင်း ပညာ ရောင်းခြင်း ပညာ
အဓိက အချက်က ဘာလဲ ?

Social media ပေါ် စျေး ကွက် ဘယ်လို ထိုးပေါက်မလဲ ?

မြေပြင်ကျောက်ဝိုင်း ထာပွဲ သို့ အရောင်းအဝယ် ကို
လက်တွေ့ သွားရောက် လေ့လာ ခြင်း

မိုးကုတ် တွင်းထွက် ကမ္ဘာ့ရှားပါး ကျောက် များနှင့်
ရတနာ အမျိုးမျိုး ထွက်ရှိရာ တည်နေရာ
ကွက်ရပ်များကို လေ့လာခြင်း

သဘာဝ ပုံဆောင်ခဲ Crystal များ ကို
လေ့လာခြင်း
စသည့် အခြေခံ ကောင်းကောင်း သင်ကြား ပေးမှာမို့ သင်တန်း တက်ဖို့ ဖိတ်ခေါ်ပါတယ်

သင်တန်း ကြေး
လူတဦး လျှင် ၅သိန်း ကျပ်
သင်တန်းကာလ
8-13 . 6 . 2026

သင်တန်းချိန် 9-12 AM (တရက် (၃) နာရီ

နေရာ မိုးကုတ်မြို့ အရှေ့ပိုင်း

ဆသရ
Cb or
(09250086020 ,09679591961

ရန်ကုန်-မန်းလေး နှင့် တခြား မြို့နယ်မှ လာ ရောက် တက်မယ့် သင်တန်းသူ/သား များအတွက်
ဟိုတယ် ဘိုကင်လုပ်ပေးသည်

မိုးကုတ်တွင်းထွက် သဘာဝ Spinel အရောင်စုံအလေးချိန် ၁၁၅ ကလပ် အပွင့်အရေ ၉၇ ပွင့် စျေးနှုန်း တကလပ် ကို ၂၂၅၀၀ ကျောက်မျိုး ကျော...
25/04/2026

မိုးကုတ်တွင်းထွက် သဘာဝ Spinel အရောင်စုံ
အလေးချိန် ၁၁၅ ကလပ်
အပွင့်အရေ ၉၇ ပွင့်
စျေးနှုန်း တကလပ် ကို ၂၂၅၀၀
ကျောက်မျိုး ကျောက်သားကောင်း
ဖန်သား မှန်သား ကျောက်ရည် လှလှလေး
သန့်ဂုဏ် ကောင်းကောင်း
စျေးနှုန်းကလည်း အထူး လျော့ စျေးမိူ့
နောက် ထက်မရ နိုင်တဲ့စျေးပါ
ငွေ ဖော် စျေး နဲ့ဘဲ ရောင်းပေး တာမို့
အထူး တန်သော လေး ပါဗျး
ဆက်သွယ်ရန်
09679591961 or cb

04/04/2026

Spinel Star 8.70 ct
From Mogok Myanmar

14/03/2026

ပတ္တမြားလေး ပါ # # #

13/03/2026

နောက်ဆုံးတပွင့်ကို ရောင်းမယ်

12/03/2026

တချို့ရ သေးပါတယ် ရောင်း ပေးပါ့မယ် 😍🥰😘

ဒီတခါတော့ ကြယ် အကြောင်း ပြောချင် ပါတယ် ကြယ်လို့ ပြော ရင် ဟိုးး လအထက်မှာရှိတဲ့ ကြယ် မဟုတ်ပါ မြေအောက်မှာ ရှိတဲ့ ကျောက်မှ သ...
28/02/2026

ဒီတခါတော့ ကြယ် အကြောင်း ပြောချင် ပါတယ်
ကြယ်လို့ ပြော ရင် ဟိုးး လအထက်မှာရှိတဲ့ ကြယ် မဟုတ်ပါ မြေအောက်မှာ ရှိတဲ့ ကျောက်မှ သဘာဝ အတိုင်း ဖြစ်ပေါ်လာ သော Spinel အုပ်စု ထဲ သဘာဝ ပုံဆောင်တာဖြစ်ပါတယ်
ကမ္ဘာတဝှမ်းမှာ ခေါ်တဲ့ကျောက် အမည်ကတော့
David Star Spinel လို့ ခေါ်ကြတာညဖြစ်ပါတယ်
မြန်မာပြည် မိုးကုတ်ဒေသ မှာ ဆို အညံ့ကြယ် လို့
ခေါ်ကြပါတယ် spinel ကြယ်ဟာ
ကမ္ဘာပေါ်မှာ အနည်း စု သာ ထွက်ရှိတာ ဖြစ်ပါတယ်
မိုးကုတ်မှ ထွက်ရှိတဲ့ ဒီကြယ်တွေဟာ
ကျောက်ရည် လှပခြင်း ကျောက်သား ကောင်း ခြင်း
ကြယ်ပုံ ပီပြင် ခြင်းနှင့် ခဲကပ် ကြယ် လည်း ရှိတာ ဖြစ်ပါတယ်

Spinel ကြယ်ဟာ ကျောက်ရည် အမျိုးအမျိုး
ရှိပါတယ် ကျောက်ရည် ကျောက်သား ပေါ်မူတည်
ပြီး ကြယ်ဖြစ်ခြင်း မဖြစ်ခြင်း ကို အခြေခံ ကာ
ဝယ်ရောင်း ကြပါတယ်
Spinel ကြယ်ဟာ
ခရစ်ယာန် ကျမ်းစာ မှာ ရှိတဲ့ ဒါဝိဒ် မင်းကြီးရဲ့
ဘုရင် နန်းတော်မှာ အသုံးပြုခဲ့တဲ့ ဘုရင် လက်မှတ်
တံဆိပ် ဖြစ်သော ကြောင့် David Star လို့ တင်စား
ခေါ်ဝေါ် တာ ဖြစ်ပါသည်

နိုင်ငံခြားသားများ ကိုလိုချင် တပ်မတ်စေ သော
ရှားပါးကျောက်တမျိုးဖြစ်ပါသည်။

အလေးချိန် ၁၁:၂၀ ကလပ်
စျေး Cb
+ 95250086020
WhatsApp
Viber
Telegram သို့လည်း ဆက်သွယ်နိင်ပါသည်။

မိုးကုတ်မြို့ ပိန်းပြစ်ကျေးရွာ ဗြန့်ကြီး ကွက်ရပ် ဘက်မှာ ထွက်ရှိတဲ့  Poudretteite ကျောက်ပါ ကမ္ဘာပေါ်က ရှားပါး စာရင်း ဝင် ...
08/02/2026

မိုးကုတ်မြို့ ပိန်းပြစ်ကျေးရွာ ဗြန့်ကြီး ကွက်ရပ် ဘက်မှာ ထွက်ရှိတဲ့
Poudretteite ကျောက်ပါ
ကမ္ဘာပေါ်က ရှားပါး စာရင်း ဝင် ထား တဲ့ ထိပ်တန်းကျောက် တမျိုးဖြစ်ပါတယ်
ဒီ Poudretteit ကျောက် ကို ဒေသခံ အများစု က
အသံဝဲဝဲလေးနဲ့ ချစ်စရာ ကောင်းတဲ့ လေသံနဲ့
(ပုံတူတိုက် ) လို့ ခေါ်ကြပါတယ်
သာမန်မျတ်စိအားဖြင့် ခွဲ ခြား လိူ့ မရနိုင်အောင်
ဆင်တူတာ က တော့ မျောနီကျောက်
နဲ့ ဆင်တူတတ်ပါတယ်

မြန်မာ နိုင်ငံ မိုးကုတ် ပိန်းပြစ်ကျေးရွာဘက်နှင့်
မိုးမိတ် မြို့ ပတ်ဝန်း ကျင် ဘက်မှာ အဓိက ထွက်ရှိတာ ဖြစ်ပါတယ် ရွေတွင်းဝါ၊မျောနီကျောက် နှင့် spinel များ နှငိ့ တခြား ကျောက် တွေ နဲ့ အတူ ထွက်ရှိတတ်ပါတယ်

(ပုံတူတိုက်) ခေါ် Poudretteite ကျောက် ဟာ
ရွေတွင်းဝါ ရွေတွင်းဖြူ ကဲ့သို့ အင်ကလူးရှင်နှင့်
ဝက်မျင်စင်း များ အောင်း နေတတ်ပြီး
ကျောက်ရည်မှာ အဖြူရောင် ပန်းဖျော့ ၊ ပန်းထက်
များ ကို အဓိက တွေ့ရတတ်သည်

ကျောက်တွင်းများ မှ ရရှိတတ်တာ ကတော့
အပွင့် လွတ် /တပွင့် သွား များ နှင့် Crystal ဖောင်
ပြည့် နှင့် ခဲကပ် များ လည်း ထွက်ရှိပါသည်
မာကြောတဲ့ ခဲအဖြူ /ကြွေခဲ နှင့် စလင်းညို /
စလင်းဖြူ တွေ မှာ ကပ်နေတာ ထွက်ရှိတာ ဖြသ်ပါတယ်

အခု ရောင်း ဘို့ တင်ထား တဲ့ ကျောက်လေး က
ပန်းဖျော့လေး နဲ့ အင်ဂလူးရှင်း ဝက်မျင်ဇင်း လေးတွေ ကို ပါတာ ကို တွေ့ရပါတယ်

အလေးချိန် က ၅:၇၀ ကလပ်

အထိုင်ကျကျ ပယ်ကောင်း ချွန်း ကောင်း
သွေးထား တဲ့ ကျောက်မို့ အထည် လုပ်ဝတ်လည်း
အဆင်ပြေပါတယ် ။

စျေး
Cb
ဆက်သွယ်ရန်
09250086020
🥰😻😍😍

မိုးကုတ် တွင်းထွက် ကျောက်မျတ်ရတနာ များအထဲမှ ကမ္ဘာမှာ အလွမ်းမိုးဆုံးကျောက်ဟာ ပတ္တမြား Rubyဘဲ ဖြစ်ပါတယ် မိုးကုတ် ဒေသ ပတ္တေ...
27/01/2026

မိုးကုတ် တွင်းထွက် ကျောက်မျတ်ရတနာ များအထဲမှ ကမ္ဘာမှာ အလွမ်းမိုးဆုံးကျောက်
ဟာ ပတ္တမြား Rubyဘဲ ဖြစ်ပါတယ်
မိုးကုတ် ဒေသ ပတ္တေမြားမြေမှ ထွက်ရှိတဲ့ Ruby တွေ ဟာ အရည်အသွေး အရမ်းကောင်းပြီး
ဘယ်တော့မှ ရိုး မသွား တဲ့ ကျောက်မျိုး ဖြစ်ပါတယ်
ပတ္တမြား မြေ မိုးကုတ်မှ ထွက်ရှိတဲ့ Ruby တွေ ဟာ
မြေကျောက် ခဲကျောက် (ချောင်းကျောက် )ဆိုပြီး အပိုင်း (၂) ပိုင်းရှိတာ ဖြစ်ပါတယ်
(ချောင်းကျောက်) ဆိုတဲ့အထဲ (ချောင်းကျောက်)
ဆိုတာ ကလည်း (ချောင်း ) ထဲမှာရှိတဲ့ မြေ သား
ဗြုံန်း တွေ ထဲမှ ထွက်ပေါ်လာတာ ဖြစ်သော
ကြောင့် မြေ ထဲ က ကျောက်ပါဘဲ

မိုးကုတ်မြို့ နဲ့ ပတ်ဝန်းကျင် ရေနီချောင်း
ချောင်းကြိး ချောင်းငယ် ဥပမာ (နတ်ဇံကာ)ချောင်းနှင့် တခြားချောင်း (မိုင်းလုံချောင်း )တွေမှာထွက်ရှိပါတယ်

ချောင်း မြေ မှ ထွက်ရှိတဲ့ ပတ္တမြား အများစု ဟာ
ကျောက်သား တင်းပြီးအချောစ တွေများ
တာ ဖြစ်ပါတယ် ချောင်း မြေ မှ ရရှိတဲ့
ကျောက် အများ စု ဟာ
ကျောက်သား ချောပြီး တင်း နေတဲ့ ကျောက်တွေဟာ ကျောက် သွေးခုံ အပ်ရင်လည်းသွေးရတာ လွယ်ကူပြီး အပျက်အစီး နည်း ပါတယ်။

မိုးကုတ် ကျောက်မျတ်ရတနာ ကို စိတ်ဝင်စား လို့ သင်တန်း တက်လိုပါက👇🏾👇🏾👇🏾

သင်တန်းသား ၁၀ ဦးသာ လက်ခံ သည်
၂ ရက်မှ ၇ ရက် ၂ လ ၂၀၂၆
ဆက်သွယ်ရန်

၀၉၂၅၀၀၈၆၀၂၀

မိုးကုတ်တွင်းထွက် သဘာဝ ပိန်းနိုက် အရိုင်း အတိုင်း လိုချင်သူများ အတွက် မီးထိုး ပေါက် လေးပါ အရည်အချင်း ရှိသော ကျောက် သိမ်း...
25/01/2026

မိုးကုတ်တွင်းထွက် သဘာဝ ပိန်းနိုက်
အရိုင်း အတိုင်း လိုချင်သူများ အတွက်
မီးထိုး ပေါက် လေးပါ
အရည်အချင်း ရှိသော ကျောက် သိမ်း
ထားရင် မျတ်နာ မငယ်ရ သော ကျောက်

ပိန်းနိုင့် လို ပြောလိုက်ရင် ကမ္ဘာက မြန်မာ
ကို ခေါ်တာ နဲ့ အတူတူ ပါဘဲ
ပိန်းနိုင့်ဟာ မြန်မာ့ မြေမှ သာလျှင်ထွက်ရှိတဲ့
ကျောက်တမျိုး ဖြစ်ပါတယ်
မိုးကုတ်မြို့ မှာ ဆို မိုးကုတ်အနောက်ပိုင်း ကျောက်ပြသဒ်ရွာ
ဆင်ခွါ ရွာ နှင့်
မိုးကုတ်မြို့ အရှေ့ပိုင်း အုန်းကိုင်း ရပ်ကွက်တွေ မှာ ထွက်ရှိပြီး ကချင်ပြည် နယား ဘက်ကလည်း ထွက်ရှိပါတယ်

စုဆောင်းသူများ အတွက်စုချင်စရာ ကျောက်ပါ
တကယ်လည်း စုသင့်တဲ့ ကျောက်တမျိုး ပါ
🥰🥰🥰🥰
စျေး နှုန်း လေးအထူး တန်တန်လေးရပါမယ်ဗျး

အလေးချိန် ၅ကလပ် ကျော် သည်
ဆက်ငွယ်ရန် Cb (or) 09250086020

Address

Pyin Oo Lwin-Mogok RD, Myanmar, Burma (Myanmar)
Yangon

Website

Alerts

Be the first to know and let us send you an email when KL Rare Stones Gems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category