16/09/2026
🫵🫵🫵🫵
ဒီလိုလူ (၁၀)မျိုးနဲ့ သာ စပ်တူလုပ်ငန်း
တွဲလုပ်မိိိရင် ကိုယ့်ရဲ့ စပ်တူလုပ်ငန်း
ပျက်စီးဖို့ (၉၀ %) သေချာသွားလိမ့်မယ် ။
ကျနော်တို့ စပ်တူလုပ်ငန်းတစ်ခုလုပ်တဲ့အခါ
အောက်မှာဖော်ပြထားတဲ့ လူတွေ နဲ့ တွဲလုပ်မယ် ဆို အထူး သတိထားဖို့ အရေးကြီးပါတယ် ။
(၁) ငွေကြေးကိစ္စမှာ ပွင့်လင်းမှုမရှိတဲ့သူ
ငွေထည့်ရမယ့် အချိန် အေးဆေး ပေါ့
လိုတော့ ထည့်တာပေါ့ ၊ စသဖြင့် မပြတ်သားသူ ။
နောက် ငွေကြေးကိစ္စတွေကိုင်တွယ်ရာမှာလည်း
ဘယ်လောက်သုံးထားလဲ၊
ဘယ်နေရာတွေမှာသုံးထားလဲ ..
ဘယ်လောက်ကျန်လဲဆိုတာ မရှင်းတဲ့သူ။
Business မှာ “ယုံပါတယ်” ဆိုတာထက်
Financial Transparency က ပိုအရေးကြီးပါတယ်။
(၂) တာဝန်ယူမှုမရှိတဲ့သူ
အလုပ်ကောင်းရင် ကိုယ်လုပ်တာ။
ပြဿနာတက်ရင် သူများအပြစ်။
ဒီလိုလူနဲ့ဆို
လုပ်ငန်းကြီးလာလေလေ
ပြဿနာကြီးလာလေလေပါပဲ။
(၃) စကားနဲ့ သဘောတူပေမယ့် စာနဲ့မရေးချင်တဲ့သူ
“တို့နှစ်ယောက်ကြား စာချုပ်မလိုပါဘူး”
ဒီစကားက အစမှာ နားထောင်ကောင်းပါတယ်။
ဒါပေမယ့် ပြဿနာဖြစ်တဲ့အချိန်မှာ
အဲ့ဒီစကားက အကာအကွယ်မဖြစ်တော့ပါဘူး။
(၄) အရာအားလုံးကို ကိုယ်ပဲ ဆုံးဖြတ်ချင်တဲ့သူ
Share တူပေမယ့်
Decision Making က တစ်ယောက်တည်း။
ဒီလို Partnership က ကြာရင်
Partner ၂ ယောက်ရှိပေမယ့်
Owner ၁ ယောက်ပဲရှိသလို ဖြစ်သွားနိုင်ပါတယ်။
(၅) အလုပ်ကို အမြဲရွှေ့ဆိုင်းတတ်တဲ့သူ
Meeting နောက်ကျတယ်။
Decision နောက်ကျတယ်။
အလုပ်ပြီးဖို့ နောက်ကျတယ်။
(၆) ကိုယ်ကျိုးစီးပွားနဲ့ Business ကို မခွဲနိုင်တဲ့သူ
Company ငွေကို ကိုယ်ပိုင်ငွေလို သုံးတတ်တယ်။
Business ရဲ့ Resource ကို
ကိုယ့်အတွက် အသုံးချတတ်တယ်။
(၇) အမြတ်ကိုပဲ မြင်ပြီး အရှုံးကို မမြင်ချင်တဲ့သူ
“အမြတ်ရရင် ဘယ်လောက်ရမလဲ?”
ဆိုတာပဲ သိချင်ပြီး
“အရှုံးပေါ်ရင် ဘယ်လိုခံမလဲ?”
ဆိုတာ မစဉ်းစားချင်တဲ့သူ။
Partnership ဆိုတာ
Profit ကိုပဲ Share လုပ်တာမဟုတ်ပါဘူး။
Risk ကိုပါ Share လုပ်ရတာပါ။
(၈) အမြင်မတူတာနဲ့ ပုဂ္ဂိုလ်ရေးအဖြစ် ယူတတ်တဲ့သူ
Business Decision တစ်ခုမှာ
အမြင်မတူနိုင်ပါတယ်။
ဒါပေမယ့်
“ငါ့စကားကို မနားထောင်ဘူး”
“ငါ့ကို မလေးစားဘူး”
ဆိုပြီး Personal Conflict ဖြစ်သွားရင်
Business ကို ဆက်လုပ်ဆောင်ဖို့ ခက်ခဲပါတယ်။
(၉) အလွယ်တကူ စိတ်ပြောင်းတတ်တဲ့သူ
ဒီနေ့ Expansion လုပ်မယ်။
မနက်ဖြန် မလုပ်တော့ဘူး။
ဒီနေ့ ငွေထပ်ထည့်မယ်။
နောက်နေ့ မထည့်တော့ဘူး။
Partner တစ်ယောက်ရဲ့ Commitment မတည်ငြိမ်ရင်
နောက် Partner တစ်ယောက်ရဲ့ Plan တွေပါ
လိုက်ပြီး ပြောင်းရပါတယ်။
(၁၀) Partnership ရဲ့ Conflict အခြေအနေကို
မပြောချင်တဲ့သူ
ဒါက အရေးကြီးဆုံးပါ။
“ဘယ်အချိန်မှာ Partner ထွက်လို့ရမလဲ?”
“Share ကို ဘယ်လိုပြန်တွက်မလဲ?”
“Partner တစ်ယောက် ကွယ်လွန်သွားရင် ဘယ်လိုလုပ်မလဲ?”
“Share ကို တခြားသူဆီ လွှဲချင်ရင်ရော?”
ဒီလို မေးခွန်းတွေကို
အစကတည်းက မပြောချင်တဲ့သူဆိုရင်
သေချာစဉ်းစားသင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့…
Partnership က အဆင်ပြေနေတဲ့အချိန်မှာ
ဘယ်သူနဲ့မဆို လုပ်လို့ရပါတယ်။
တကယ့် Partner ကို စမ်းသပ်တာကတော့
ပြဿနာဖြစ်လာတဲ့အချိန်မှာပါ။
ဒါကြောင့် Partner ရွေးတဲ့အခါ
“ဒီလူကို ငါယုံလား?” တစ်ခုပဲ မမေးပါနဲ့။
“ပြဿနာတစ်ခုဖြစ်လာရင် ဒီလူနဲ့ က
နှစ်ဖက်လုံးအတွက် မျှတတဲ့ Rule တစ်ခုအောက်မှာ
အတူတူ ဖြေရှင်းနိုင်မလား?”
ဒါကိုပါ စဉ်းစားပါ။
Partner ရွေးမှားတာက အိမ်ထောင်ဘက် ရွေးမှားတဲ့
ပြဿနာ လိုပါပဲ ။
ဒီ Session ကတော့
ကျနော့် အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး
သိထားတဲ့ Partnership ဆိုင်ရာ Knowledge တွေ မျှဝေ ပေးနေတာ ဖြစ်ပါတယ် ။
ဒီထက်ပို စနစ်တကျ အသေးစိတ် သိချင်တယ် ဆို
စပ်တူလုပ်ငန်းနဲ့ပတ်သက်ပြီး လာမယ့်
🌱🤝September (27) မှာ
ကျနော့်ရဲ့ Partnership business rules
batch (4) ဖွင့်ဖို့ရှိပါမယ်။
Partnership လုပ်ငန်းအတွက်
Written Agreement တစ်ခုလုံးကို ကိုယ်တိုင်
ကြိုတင် ရေးဆွဲနိုင်တဲ့
Knowledge + Template
အပြည့်အစုံ ရသွားမှာဖြစ်တဲ့အတွက်
ကိုယ်က စပ်တူလုပ်ငန်း
စလုပ်ဖို့ အစီအစဉ် ရှိရင်
ဒါမှမဟုတ်
လက်ရှိလုပ်နေပြီသား စပ်တူလုပ်ငန်းကိုပြဿနာအနည်းဆုံးနဲ့
စနစ်တကျသွားချင်တယ်ဆိုရင်
ဒီသင်တန်းကို join နိုင်ပါတယ်။
❗မူလသင်တန်းကြေး - (၁၀) သိန်းကျပ်ကိုမှ
✅(၆၉၉,၀၀၀) ကျပ်နဲ့ တက်ခွင့်ရမှာပါ
သင်တန်းအသေးစိတ်ကို သိရှိလိုပါက
CB မှာ "PBR 4" လို့ ပို့ပေးထားပါ ခင်ဗျာ။
ဉာဏ်လင်းအောင်
Unlock your future