Food Science and Technology Association - Myanmar

Food Science and Technology Association - Myanmar Founded in 2012.

FOSTA (Food & Science Technology Association) of Myanmar is a professional organization dedicated to improving food safety, technological standards, and supply chain quality across Myanmar.

𝗪𝗲𝗯𝗶𝗻𝗮𝗿  #𝟮 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁: 𝗘𝗻𝗵𝗮𝗻𝗰𝗶𝗻𝗴 𝘁𝗵𝗲 𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗼𝗳 𝗟𝗼𝗰𝗮𝗹 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 𝗳𝗼𝗿 𝗕𝗲𝘁𝘁𝗲𝗿 𝗣𝘂𝗯𝗹𝗶𝗰 𝗛𝗲𝗮𝗹𝘁𝗵 (ပြည်တွင်းထုတ်ကုန် အရည်အသွေးမ...
16/08/2026

𝗪𝗲𝗯𝗶𝗻𝗮𝗿 #𝟮 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁: 𝗘𝗻𝗵𝗮𝗻𝗰𝗶𝗻𝗴 𝘁𝗵𝗲 𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗼𝗳 𝗟𝗼𝗰𝗮𝗹 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 𝗳𝗼𝗿 𝗕𝗲𝘁𝘁𝗲𝗿 𝗣𝘂𝗯𝗹𝗶𝗰 𝗛𝗲𝗮𝗹𝘁𝗵 (ပြည်တွင်းထုတ်ကုန် အရည်အသွေးမြှင့်တင်ခြင်းမှ လူထုကျန်းမာရေး ဆီသို့)

ပြည်တွင်းထုတ်ကုန်များ၏ အရည်အသွေးကို မြှင့်တင်ပြီး ပြည်သူလူထု၏ ကျန်းမာရေးကို ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲ။

ဒေသတွင်းစားသောက်ကုန်ထုတ်လုပ်သူများ၊ အရည်အသွေးထိန်းချုပ်ရေးတာဝန်ခံများ (QA/QC) နှင့် အစားအသောက်ဘေးကင်းလုံခြုံရေးကို စိတ်ပါဝင်စားသူများအားလုံးအတွက် အထူးရည်ရွယ်ကျင်းပမည့် အွန်လိုင်းဆွေးနွေးပွဲ (Webinar) သို့ ဖိတ်ခေါ်အပ်ပါသည်။

🎙️ Speaker Profile
Daw Tin Myo Myo Master of Food Technology, Visiting Consultant – Food Technology, Quality & Food Safety

📝 Discussion Topics (ဆွေးနွေးပြောကြားမည့်ခေါင်းစဉ်များ)
ယခု Webinar တွင် အစားအသောက်နှင့် ထုတ်ကုန်အရည်အသွေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါ်တင်မျိုးမျိုး မှ အောက်ပါ အရေးကြီးသော အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးမျှဝေသွားမည် ဖြစ်ပါသည်။

* Why Quality Matters? (အရည်အသွေးထိန်းသိမ်းနိုင်ဖို့အတွက် ဘာကြောင့်အရေးကြီးတာလဲ)
* What is Quality? (အရည်အသွေးဆိုတာ ဘာလဲ)
* Impact on Public Health (အရည်အသွေးနှင့် လူထုကျန်းမာရေး)
* Responsibilities of Manufacturers (ထုတ်လုပ်သူများ၏ အခန်းကဏ္ဍ)
* Technology & Innovation (နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် လူ့စွမ်းအား)
* Collaboration (ပူးပေါင်းဆောင်ရွက်မှု)
* Benefits (အောင်မြင်မှုနှင့် အကျိုးကျေးဇူး)
* Call to Action (ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်)

📅 Event Details
* Date (ရက်စွဲ): ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်
* Time (အချိန်): ညနေ ၇:၃၀
* Platform: [Zoom]
* Registration Fee: အခမဲ့ (Free of Charge)
Register Now! တက်ရောက်လိုသူများအနေဖြင့် အောက်ပါလင့်ခ်မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
👉 https://shorturl.at/3g5Wy

ပြည်တွင်းထုတ်ကုန်များ၏ အရည်အသွေးကို မြှင့်တင်ရာတွင် ပါဝင်ကြမည့် ထုတ်လုပ်သူများနှင့် သုံးစွဲသူများတိုင်း မဖြစ်မနေ တက်ရောက်သင့်သည့် ဆွေးနွေးပွဲဖြစ်၍ ယခုပဲ စာရင်းပေးသွင်းလိုက်ပါ။ လူကြီးမင်းတို့၏ မိတ်ဆွေများကိုလည်း ထပ်ဆင့် မျှဝေ (Share) ပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။

Food Science and Technology Association (FoSTA Myanmar) မှ ကြီးမှူးကျင်းပသော အခမဲ့ (Free) Online Webinar သို့ နွေးထွေးစွ...
06/08/2026

Food Science and Technology Association (FoSTA Myanmar) မှ ကြီးမှူးကျင်းပသော အခမဲ့ (Free) Online Webinar သို့ နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။

Webinar ခေါင်းစဉ်
Food Processing Techniques and their impact on Food Safety (အစားအသောက် ထုတ်လုပ်မှု နည်းစဉ်များမှတစ်ဆင့် အစားအသောက် ဘေးကင်းရေးကို မြှင့်တင်ခြင်း)

အစားအသောက် ထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းစဉ် အသီးသီးသည် အစားအသောက်များ၏ ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးအပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို အသေးစိတ် ဆွေးနွေးမျှဝေပေးသွားမည့် စိတ်ဝင်စားဖွယ် Webinar ဖြစ်ပါသည်။

ဆွေးနွေးပြောကြားမည့် ခေါင်းစဉ်များ (Outline)
1. Food Safety (အခြေခံ အစားအသောက် ဘေးကင်းရေး)
2. Food Processing Methods (အစားအသောက် ထုတ်လုပ်မှု နည်းလမ်းများ)
📍Ambient Temperature Processing (မလိုလားအပ်သော အပူချိန်မသုံးဘဲ သာမန်အပူချိန်တွင် စမတ်ကျကျ ထုတ်လုပ်ခြင်း)
📍Processing by Application of Heat (အပူပေး စနစ်များဖြင့် ရောဂါပိုးမွှားများကို သတ်မှတ်ထိန်းချုပ်ခြင်း)
📍Processing by the Removal of Heat (အေးခဲစနစ်များအသုံးပြု၍ ပုပ်သိုးဆွေးမြေ့မှုကို ဟန့်တားခြင်း)
📍Post-Processing Operations (ထုတ်လုပ်ပြီးချိန် ထုပ်ပိုးခြင်းနှင့် သိမ်းဆည်းခြင်း လုပ်ငန်းစဉ်များ)
3. Food Processing & Food Safety Interaction (ထုတ်လုပ်မှု နည်းစဉ်များနှင့် ဘေးကင်းရေးတို့၏ ချိတ်ဆက်ပုံ)

Speaker
Daw Shwe Zin Moe (Master in Food Technology, FoSTA Food Processing and Food Safety Consultant)

ပွဲစဉ်အသေးစိတ်နှင့် တက်ရောက်ရန် အချက်အလက်များ
• ကျင်းပမည့်နေ့ရက် - 9-August-2026
• အချိန် - 7:30 PM to 9:00 PM
• Platform - Zoom Online Meeting

မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။

အစားအသောက် ထုတ်လုပ်သူများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များ၊ Food Technology / Science ကျောင်းသား/သူများနှင့် အစားအသောက် ဘေးကင်းရေးကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။
စာရင်းပေးသွင်းရန် - https://forms.gle/1c9uxd7tMV1y8wm39
(နေရာ အကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းထားနိုင်ပါသည်။)

(၂၀၁၃) ခုနှစ်တွင် FoSTA Myanmar ထူထောင်ရန် ကမကထပြုပေးခဲ့ကြသည့် နိုင်ငံခြားသားပညာရှင်(၂)ဦးအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။...
29/07/2026

(၂၀၁၃) ခုနှစ်တွင် FoSTA Myanmar ထူထောင်ရန် ကမကထပြုပေးခဲ့ကြသည့် နိုင်ငံခြားသားပညာရှင်(၂)ဦးအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

(၁) ဒေါက်တာ Peter Alastair Hicks
Senior Agro- Industry and Post Harvest Officer
FAO Regional Officer For Asia and the Pacific
Bangkok, Thailand

ဒေါက်တာ Peter Alastair Hicks သည် အစားအသောက်စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး၊ Agroindustry၊ Postharvest Management၊ Food Process Engineering နှင့် ကျေးလက်အခြေပြု စားသောက်ကုန်ပြုပြင်ထုတ်လုပ်ရေးကဏ္ဍများတွင် နိုင်ငံတကာအတွေ့အကြုံကြွယ်ဝသော အစားအသောက်သိပ္ပံနှင့် နည်းပညာပညာရှင်တစ်ဦးဖြစ်သည်။

သူသည် ၁၉၈၄ ခုနှစ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သို့ ဝင်ရောက်ခဲ့ပြီး ရောမမြို့ရှိ FAO ရုံးချုပ်တွင် Food Industries Officer အဖြစ် သုံးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံရှိ FAO Asia and the Pacific Regional Office တွင် Senior Regional Agroindustry and Postharvest Officer အဖြစ် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆိုပါကာလအတွင်း အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ ၄၇ နိုင်ငံ၏ အစိုးရများအား Agroindustry နှင့် Postharvest Management ဆိုင်ရာ မူဝါဒနှင့် နည်းပညာအကြံပေးမှုများ ပံ့ပိုးပေးခဲ့သည်။

FAO/UN အတွက် ကမ္ဘာတစ်ဝန်း နိုင်ငံဆိုင်ရာတာဝန်ခရီးစဉ် ၁၅၀ ကျော်တွင် ပါဝင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ဖိုးရှိ စီမံကိန်းများကို နည်းပညာပိုင်းမှ ပံ့ပိုးခဲ့သည်။ Food Industry၊ Agroindustry နှင့် Postharvest Management ဆိုင်ရာ နည်းပညာစာတမ်းနှင့် ဆောင်းပါး ၂၀၀ ကျော်ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။

အငြိမ်းစားယူပြီးနောက် နိုင်ငံတကာအစားအသောက်ဆိုင်ရာ အကြံပေးလုပ်ငန်းများနှင့် ASEAN ဒေသအတွင်း အဆင့်မြင့်ပညာရေးကဏ္ဍတွင် Adjunct Professor နှင့် Visiting Academic အဖြစ် ဆက်လက်ပါဝင်ခဲ့သည်။ ယခင်က University of the South Pacific, Samoa တွင် Visiting Fellow၊ Kasetsart University, Thailand တွင် Expert Food Engineer နှင့် University of Western Sydney တွင် Lecturer အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် H.J. Heinz (London) နှင့် Unilever (Sydney) ကဲ့သို့သော နိုင်ငံတကာစားသောက်ကုန်ကုမ္ပဏီများတွင် Food Industry Management၊ Food Process Engineering နှင့် Edible Oils Product and Process Development ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဒေါက်တာ Hicks ၏ ထင်ရှားသော ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ရပ်မှာ မဲခေါင်ဒေသအတွင်း Village Level Food Processing Concept ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများတွင် အခြေခံအဖွဲ့များကို လေ့ကျင့်ပေးခြင်းမှတစ်ဆင့် လူထုအဆင့် သင်တန်းဆရာ ၁,၆၀၀ ကျော် ပါဝင်သော ကွန်ရက်များ ပေါ်ပေါက်လာစေခဲ့သည်။ ရိုးရာအစားအသောက်ထုတ်ကုန်များကို အဆင့်မြှင့်တင်ရာတွင် ဈေးကွက်လိုအပ်ချက်၊ အစားအစာဘေးကင်းရေး၊ အာဟာရတန်ဖိုး၊ တစ်နှစ်ပတ်လုံး ရရှိနိုင်မှုနှင့် ဒေသခံများ၏ စီးပွားရေးအခွင့်အလမ်းတို့ကို ပေါင်းစပ်စဉ်းစားခဲ့သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများကြောင့် CLMV နိုင်ငံများတွင် စမ်းသပ်စားသောက်ကုန်ပြုပြင်ထုတ်လုပ်ရေးစခန်းများ တည်ထောင်နိုင်ခဲ့ပြီး မိသားစုအခြေပြု အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် အထောက်အကူပြုခဲ့သည်။

သူသည် Australian Institute of Food Science and Technology ၏ Life Fellow နှင့် International Academy of Food Science and Technology ၏ Fellow အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး Academy Executive Committee တွင်လည်း သက်တမ်းနှစ်ကြိမ် ပါဝင်တာဝန်ထမ်းဆောင်ခဲ့သည်။ အစားအသောက်နှင့် စိုက်ပျိုးရေးကဏ္ဍတွင် ရေရှည်ဦးဆောင်မှု၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် လူထုအခြေပြုဖွံ့ဖြိုးရေးအတွက် အားထုတ်မှုများကြောင့် 2025 Top Agri-food Pioneers စာရင်းတွင် ထည့်သွင်းအသိအမှတ်ပြုခံခဲ့ရသည်။

(၂) Dr. Darunee Edward
Former President of FoSTAT ( Food Science and Technology Association, Thailand

Dr. Darunee Edwards သည် အစားအသောက်သိပ္ပံ၊ ကော်ပိုရိတ်စီမံခန့်ခွဲမှု၊ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကဏ္ဍများတွင် အတွေ့အကြုံကြွယ်ဝသော အကြီးတန်းပညာရှင်တစ်ဦးဖြစ်သည်။

လက်ရှိတွင် သူမသည် Nutrition SC Public Company Limited ၏ Independent Director၊ Chairman of the Board of Directors နှင့် Audit Committee Director အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်၍ ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရသည်။

ထို့မတိုင်မီ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ Central Intellectual Property and International Trade Court တွင် Associate Judge အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆိုပါအတွေ့အကြုံသည် ဆန်းသစ်တီထွင်မှု၊ မူပိုင်ခွင့်၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဥပဒေရေးရာနှင့် စီးပွားရေးဆိုင်ရာ နားလည်သဘောပေါက်မှုကို ပိုမိုခိုင်မာစေခဲ့သည်။

Dr. Edwards သည် အစားအသောက်သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ထင်ရှားသော ပညာရှင်တစ်ဦးလည်းဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်မှစ၍ International Academy of Food Science and Technology (IAFoST) ၏ Fellow အဖြစ် အသိအမှတ်ပြုခံထားရသည်။

သူမ၏ ပညာရေးနောက်ခံမှာလည်း အစားအသောက်သိပ္ပံကဏ္ဍနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ Kasetsart University မှ Bachelor of Science in Food Science and Technology ဘွဲ့ကို ရရှိခဲ့ပြီး၊ ထို့နောက် University of Rhode Island, USA မှ Natural Resources and Food Chemistry ဘာသာရပ်ဖြင့် Master’s Degree ရရှိခဲ့သည်။ ထို့အပြင် Asian Institute of Management, Philippines တွင် Executive Development Program ကိုလည်း ပြီးမြောက်ခဲ့သည်။

Dr. Darunee Edwards ၏ အသက်မွေးဝမ်းကျောင်းလမ်းကြောင်းသည် သိပ္ပံပညာဆိုင်ရာကျွမ်းကျင်မှု၊ အဖွဲ့အစည်းဦးဆောင်မှု၊ ကော်ပိုရိတ်စီမံခန့်ခွဲမှုနှင့် အပြည်ပြည်ဆိုင်ရာပညာရှင်ကွန်ရက်များအကြား ထူးခြားစွာ ပေါင်းစပ်ထားသည့် အသက်မွေးဝမ်းကျောင်းမှတ်တမ်းတစ်ရပ်ဖြစ်သည်။

"(၂၀၁၃) ခုနှစ်တွင် FoSTA စတင်တည်ထောင်သူများအတွက် ဂုဏ်ပြုမှတ်တမ်း"အဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှုတိုင်းနောက်ကွယ်တွင် အနာဂတ်...
25/07/2026

"(၂၀၁၃) ခုနှစ်တွင် FoSTA စတင်တည်ထောင်သူများအတွက် ဂုဏ်ပြုမှတ်တမ်း"

အဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှုတိုင်းနောက်ကွယ်တွင် အနာဂတ်ကို ကြိုတင်မြင်နိုင်ခဲ့သူများ၊ ပထမဆုံးခြေလှမ်းကို ရဲဝံ့စွာ စတင်ခဲ့သူများနှင့် အခြေခံအုတ်မြစ်ကို ခိုင်မာစွာ ချမှတ်ပေးခဲ့သူများ ရှိကြပါသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့ ရက်စွဲပါ မူလမှတ်တမ်းအရ FoSTA ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့ကြသော မူလတည်ထောင်သူများမှာ—

၁။ ဒေါ်ဝင်းဝင်းကြည် (ဥက္ကဋ္ဌ)
B.E. (Chemical), M.Sc. (Food Science & Technology) (USA)

၂။ ဦးနှင်းဦး (ဒုတိယဥက္ကဋ္ဌ- ၁ )

၃။ ဦးစိန်သောင်းဦး (ဒုတိယဥက္ကဋ္ဌ- ၂)
ဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း

၄။ ဒေါက်တာကျော်ငြိမ်းအေး (အတွင်းရေးမှူး)
D.Eng, M.Eng (Bioprocess Technology)

၅။ ဒေါ်သိမ့်သိမ့်လှိုင် (တွဲဖက်အတွင်းရေးမှူး)
Visiting Lecturer
B.E. (Chemical), D.F.T. M.F.T. Diploma in Global English

၆။ ဦးသန်းဌေး (ငွေထိန်း / ဘဏ္ဍာရေးမှူး)
B.E. (Chemical), Diploma in Food Technology (UK)

၇။ ဒေါ်စီစီဝင်း(အဖွဲ့ဝင်)
Visiting Lecturer
M.Sc. (Organic Chem), H.G.P., D.F.T., M.F.T.

၈။ ဦးအေးဝင်း (အဖွဲ့ဝင်)

၉။ ဦးနိုင်လင်း (အဖွဲ့ဝင်)

၁၀။ ဦးသန်းဦး (အဖွဲ့ဝင်)
တို့ဖြစ်ကြပါသည်။

မြန်မာနိုင်ငံအစားအသောက်သိပ္ပံနည်းပညာ ကဏ္ဍတွင် ပညာရှင်များ၊ သုတေသီများ၊ ပညာရေးအဖွဲ့အစည်းများနှင့် စားသောက်ကုန်လုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် အသင်းအဖွဲ့တစ်ရပ် ပေါ်ပေါက်လာစေရန် မူလတည်ထောင်သူများက စတင်ဖော်ဆောင်ခဲ့ကြပါသည်။

၎င်းတို့၏ ပညာရပ်ဆိုင်ရာ မျှော်မှန်းချက်၊ စုပေါင်းတာဝန်ယူမှုနှင့် အစားအသောက်သိပ္ပံနည်းပညာနှင့် စားသောက်ကုန်ကဏ္ဍ တိုးတက်ရေးအတွက် စတင်ခဲ့သော ခြေလှမ်းများသည် ယနေ့ FoSTA ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးပါသော အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။

ယနေ့ FoSTA မျိုးဆက်များအနေဖြင့် မူလတည်ထောင်သူများ ဖန်တီးပေးခဲ့သည့် အမွေအနှစ်ကို တန်ဖိုးထားထိန်းသိမ်းပြီး—

Food Safety၊ Food Science၊ Food Technology၊ Future Food, Functional Food & Ingredient, Research၊ Education နှင့် Industry Collaboration ကဏ္ဍများတွင် ပိုမိုခိုင်မာစွာ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။

FoSTA ၏ သမိုင်းအစကို ဖန်တီးပေးခဲ့ကြသော (၂၀၁၃) ခုနှစ် မူလတည်ထောင်သူ (၁၀) ဦးအား လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ဆရာ/ဆရာမကြီးများ စိုက်ပျိုးခဲ့သော မျိုးစေ့မှ မြန်မာနိုင်ငံ၏ အစားအသောက်သိပ္ပံနှင့် နည်းပညာကဏ္ဍ ပိုမိုခိုင်မာတိုးတက်ပါစေ။

"FoSTA Myanmar ၏ သမိုင်းကြောင်း"မြန်မာနိုင်ငံ၏ အစားအသောက်သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ၊ သ...
23/07/2026

"FoSTA Myanmar ၏ သမိုင်းကြောင်း"

မြန်မာနိုင်ငံ၏ အစားအသောက်သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ၊ သုတေသီများ၊ ဆရာ၊ ဆရာမများ၊ စက်မှုလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအစိုးရဌာနများကို ချိတ်ဆက်ပေးမည့် ပရော်ဖက်ရှင်နယ်အသင်းအဖွဲ့တစ်ခု တည်ထောင်ရန် -၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်မှ ၂၄ ရက်အထိ- ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ဝင်းရှိ Logistic Training Center တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို UMCCI နှင့် ၎င်း၏အဖွဲ့ဝင်အသင်းဖြစ်သော Myanmar Agro-based Food Processors and Exporters Association—MAFPEA တို့၏ ပံ့ပိုးကူညီမှုဖြင့် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အသင်းကို အစပိုင်းတွင် Myanmar Association of Food Science and Technology—MAFST ဟု အမည်ပေးရန် စီစဉ်ခဲ့သော်လည်း အသင်း၏ ရည်ရွယ်ချက်ကို ပိုမိုရှင်းလင်းစွာ ဖော်ပြနိုင်ရန် Food Science and Technology Association of Myanmar—FoSTAM ဟူ၍ ပြောင်းလဲသတ်မှတ်ခဲ့သည်။ အဖွဲ့အစည်း၏ လူထုဆက်သွယ်ရေးအမှတ်တံဆိပ်ကို FoSTA Myanmar ဟု အသုံးပြုခဲ့သည်။

အာဆီယံနိုင်ငံများရှိ အစားအသောက်သိပ္ပံနှင့် နည်းပညာအသင်းများ၏ ဖွဲ့စည်းပုံနှင့် ကိုက်ညီသော အသင်းဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို "ဒေါ်ဝင်းဝင်းကြည်"က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ်တွင် FoSTA Myanmar ကို တရားဝင်တည်ထောင်နိုင်ခဲ့သည်။

မှတ်ပုံတင်ခြင်းပြီးစီးပြီးနောက် FoSTA Myanmar သည် Federation of Institutes of Food Science and Technology in ASEAN—FIFSTA ၏ မြန်မာနိုင်ငံကိုယ်စားပြု အဖွဲ့ဝင်အသင်းအဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။

အသင်းစတင်တည်ထောင်ချိန်မှစ၍—

🔬 သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး
⚖️ ကျင့်ဝတ်နှင့် စံချိန်စံညွှန်းများ
🌏 ပြည်တွင်း၊ ပြည်ပဆက်ဆံရေး
🛡️ အစားအသောက်ဘေးကင်းရေးနှင့် ပြည်သူ့အသိပညာပေးရေး
🎓 သင်တန်းများနှင့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများ

စသည့်ကဏ္ဍများကို အဓိကလုပ်ငန်းနယ်ပယ်များအဖြစ် သတ်မှတ်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သော FoSTA Myanmar ၏ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အစားအသောက်သိပ္ပံနှင့် နည်းပညာကဏ္ဍကို ဒေသတွင်းပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးနိုင်ရန် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါသည်။






"FoSTA Myanmar ၏ သမိုင်းအစ"ဒီပုံထဲက Certificate of Appreciation ဟာ FoSTA Myanmar ရဲ့ သမိုင်းတစ်လျှောက် အရေးပါဆုံးသော အစေ...
21/07/2026

"FoSTA Myanmar ၏ သမိုင်းအစ"

ဒီပုံထဲက Certificate of Appreciation ဟာ FoSTA Myanmar ရဲ့ သမိုင်းတစ်လျှောက် အရေးပါဆုံးသော အစောပိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါသည်။

၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ကျင်းပခဲ့သော အစည်းအဝေးမှ စတင်ကာ မြန်မာနိုင်ငံအတွင်း အစားအသောက်သိပ္ပံနှင့် နည်းပညာကဏ္ဍကို ကိုယ်စားပြုမည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းတည်ထောင်ရန် ကြိုးပမ်းခဲ့ကြပါသည်။

ဤသမိုင်းဝင်လက်မှတ်သည် FoSTA အမည်နှင့် အဖွဲ့အစည်းတည်ထောင်ရေးအတွက် ပထမဆုံး အသိအမှတ်ပြုမှတ်တမ်းများထဲမှ တစ်ခု ဖြစ်ပြီး၊ အဖွဲ့အစည်းဖွဲ့စည်းရေးကို ပံ့ပိုးကူညီခဲ့သူ ဒေါ်တင်မျိုးမျိုး အား ဂုဏ်ပြုချီးမြှင့်ထားခြင်း ဖြစ်ပါသည်။

ယနေ့ FoSTA Myanmar သည် ထိုအစောပိုင်းအခြေခံများပေါ်မှ ဆက်လက်တိုးတက်ကာ—

Food Science and Technology ပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်
အစားအသောက်ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေး တိုးမြှင့်ရန်
ပညာရှင်များ၊ သုတေသီများ၊ ကျောင်းသားများနှင့် စက်မှုလုပ်ငန်းရှင်များကို ချိတ်ဆက်ပေးရန်
မြန်မာ့အစားအသောက်ကဏ္ဍ၏ အနာဂတ်ကို ပူးပေါင်းတည်ဆောက်ရန်

ရည်ရွယ်၍ ခရီးဆက်လျက်ရှိပါသည်။

ဒီ page အသစ်မှတစ်ဆင့် FoSTA Myanmar ၏ သမိုင်းကြောင်း၊ လှုပ်ရှားမှုများ၊ ပညာရပ်ဆိုင်ရာအချက်အလက်များ၊ သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် အစားအသောက်သိပ္ပံနှင့် နည်းပညာကဏ္ဍဆိုင်ရာ အခွင့်အလမ်းများကို ဆက်လက်မျှဝေပေးသွားမည် ဖြစ်ပါသည်။

အစားအသောက်သိပ္ပံနည်းပညာဖြင့် မြန်မာ့အစားအသောက်ကဏ္ဍ၏ အနာဂါတ်ကို အတူတကွ တည်ဆောက်ကြပါစို့။

Address

1180, Thudhamma 3rd Street, Ward 2, North Okkalapa Township
Yangon
11031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9595169020

Alerts

Be the first to know and let us send you an email when Food Science and Technology Association - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Food Science and Technology Association - Myanmar:

Shortcuts

Share