Emerald May Organic Foods

Emerald May Organic Foods online shop

တစ်နေကုန်မတ်တပ်ရပ်ထားရပြီး ခြေလှမ်းတိုင်းမှာ စူးခနဲနာကျင်ခြင်းကိုခံစားနေရသူတွေအတွက် အိမ်တွင်းဆေးစွမ်းတစ်မျိုး👣 ခြေလှမ်းတ...
16/03/2026

တစ်နေကုန်မတ်တပ်ရပ်ထားရပြီး ခြေလှမ်းတိုင်းမှာ စူးခနဲနာကျင်ခြင်းကိုခံစားနေရသူတွေအတွက် အိမ်တွင်းဆေးစွမ်းတစ်မျိုး

👣 ခြေလှမ်းတိုင်းမှာ စူးခနဲ နာကျင်နေပြီလား? (ဖနောင့်နာခြင်းကို အမြစ်ပြတ်ကုသနိုင်ဖိုအိမ်တွင်းဟင်းချက်ပစ္စည်းအချိုကိုသုံးပြီး
ကုသလိုရနေပါပြီ။
မနက်အိပ်ရာထလို ခြေလှမ်းစလှမ်းလိုက်တာနဲ့ ဖနောင့်က အပ်နဲ့ထိုးသလို နာကျင်တာဟာ ခြေဖဝါးအမြှေးပါးရောင်ခြင်း (Plantar Fasciitis) ကြောင့် အဖြစ်များပါတယ်။ ဆေးသောက်ရုံနဲ့ မသက်သာရင် ငွေကုန်ကြေးကျမရှိတဲ့ ဒီသဘာဝနည်းလမ်းတွေကလက်တွေ့မှာအင်မတန်အသုံးဝင်ပါလိမ့်မယ်ဗျာ။
🌟 ၁။ "မကျည်းသီး + ဆား" ကုထုံး
အရောင်ကျစေဖိုအတွက် အထိရောက်ဆုံး အပြင်လိမ်းဆေးနည်းပါ။
• လုပ်ဆောင်ပုံ: မကျည်းသီးမှည့်ကို ဆား (ဆားကြမ်းဆိုပိုကောင်း) နဲ့ ရောနယ်ပါ။
• အသုံးပြုနည်း: ရလာတဲ့အနှစ်ကို မီးအေးအေးနဲ့ ခပ်နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ညအိပ်ခါနီး ဖနောင့်မှာ ထူထူလေးအုံ၊ ပတ်တီးစည်းထားပါ။
• (၃) ရက်လောက် ဆက်တိုက်လုပ်ပေးရင် ဖနောင့်ရောင်တာ သိသိသာသာ ကိုယ်အလေးချိန်ကို ထိန်းညှိပါ။ဖိနပ်အသားမာမာ စီးခြင်းကို ရှောင်ကြဉ်ပြီး အိမ်ထဲမှာတောင် ဖိနပ်အိအိ ကို အမြဲစီးထားပါ။ဖနောင့်နာနေစဉ် အလေးအပင် မခြင်းကို ခေတ္တရပ်နားပါ။

"မိဘဘိုးဘွားတွေနဲ့ ဝေဒနာခံစားနေရသူတွေ သိရအောင် ဒီဆေးနည်းကောင်းလေးကို မျှဝေပေးဖိုမမေ့ကြပါနဲ့ဗျာ။

#ဗဟုသုတကမ္ဘာ #ထူးဆန်းထွေလာ #ကျန်းမာရေး #ထူးခြားဆန်းကြယ်

"ခန္ဓာကိုယ်မှာ ထုံကျဉ်တိုင်း ပေါ့ဆလို့မရပါဘူး...တစ်ချို့ထုံကျဉ်မှုတွေက လေဖြတ်ဖို့ ၅ မိနစ်အလိုမှာ ဦးနှောက်ကနေ ပေးတဲ့ အရေး...
16/01/2026

"ခန္ဓာကိုယ်မှာ ထုံကျဉ်တိုင်း ပေါ့ဆလို့မရပါဘူး...တစ်ချို့ထုံကျဉ်မှုတွေက လေဖြတ်ဖို့ ၅ မိနစ်အလိုမှာ ဦးနှောက်ကနေ ပေးတဲ့ အရေးကြီး သတင်း တွေပါ! 🚨"

𝟏. "မျက်နှာတစ်ခြမ်း + လက်တစ်ခြမ်း တစ်ပြိုင်နက်ထုံကျဉ်ခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Motor Cortex လို့ခေါ်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုထိန်းချုပ်တဲ့အပိုင်းကို သွေးမရောက်လို့
· ဦးနှောက်အပြင်လွှာကို သွေးခဲပိတ်ဆို့နေတာကြောင့်

⚠️ ဘယ်လိုစစ်ဆေးမလဲ?
· လက်ချောင်းတွေကို ဆုပ်ညှစ်ကြည့်ပါ - ညှစ်လို့မရဘူးဆိုရင်
· ပြုံးကြည့်ပါ - ပါးစပ်တစ်ခြမ်းစောင်းနေရင်
· လက်မောင်းမြှောက်ကြည့်ပါ - တစ်ဖက်က ရုတ်တရက်ကျသွားရင်

𝟐. "ခြေထောက်တစ်ဖက်တည်း ရုတ်တရက်အားပျယ်ခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Internal Capsule လို့ခေါ်တဲ့ အာရုံကြောလမ်းကြောင်းအဓိကပိုင်းမှာ သွေးကြောပိတ်နေလို့
· ဦးနှောက်ပင်မအစိတ်အပိုင်းကို သွေးမရောက်တော့တာ

⚠️ အရေးပေါ်လက္ခဏာ
· ရုတ်တရက် ခြေထောက်ကျဲထွက်သွားတာ
· မတ်တပ်ရပ်လို့မရတာ
· လမ်းလျှောက်ရင် ဒူးထစ်ကျိုးကျနေသလိုခံစားရမယ်

𝟑. "စကားပြောရခက်ခဲပြီး လက်ချောင်းထုံကျဉ်ခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Broca's Area လို့ခေါ်တဲ့ ဘာသာစကားဗဟိုဌာနကို သွေးမရောက်လို့
· ဦးနှောက်ဘယ်ဘက်ခြမ်းက ဘာသာစကားဗဟိုဌာန ပျက်စီးနေလို့

🗣️ စမ်းသပ်နည်း
· ရိုးရိုးစကားတစ်ခွန်းပြောခိုင်းပါ (ဥပမာ - "ဒီနေ့ ရာသီဥတုကောင်းတယ်")
· "ငါဘာပြောချင်တာလဲ" ဆိုတာ ရုတ်တရက်မေ့သွားတတ်တယ်
· စကားလုံးတွေ မပီသလိုဖြစ်နေရင်

𝟒. "မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်လုံး မြင်လွှာပြောင်းခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Occipital Lobe လို့ခေါ်တဲ့ အမြင်အာရုံဗဟိုဌာနထိခိုက်လို့
· ဦးနှောက်နောက်ပိုင်းကို သွေးမရောက်တော့တာ

👀 စစ်ဆေးနည်း
· လက်ချောင်းတစ်ချောင်းကို အာရုံစိုက်ကြည့်ပါ - နှစ်ချောင်းမြင်ရင်
· မျက်စိတစ်ဖက်စီပိတ်ပြီး မြင်ကွင်းစစ်ဆေးပါ
· ရုတ်တရက် မျက်လုံးတစ်ဖက်/နှစ်ဖက်လုံး မှုန်သွားရင်

𝟓. "ခေါင်းကိုက်ခြင်း + ခန္ဓာကိုယ်တစ်ခြမ်းထုံခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်အတွင်းသွေးယိုတဲ့လက္ခဏာဖြစ်နေလို့
· သွေးကြောပေါက်ပြီး ဦးနှောက်ထဲသွေးယိုနေတာ

💥 အရေးပေါ်လက္ခဏာ
· "တစ်သက်မှ ဒီလိုမျိုးခေါင်းမကိုက်ဖူးဘူး" ဆိုတဲ့ခံစားချက်ရှိမယ်
· အန်ချင်သလိုလို ခံစားရမယ်
· အလင်းရောင်ဒဏ်မခံနိုင်တော့တာ

𝟔. "ခြေလက်တွေ ထုံကျဉ်ပြီး ဟန်ချက်မထိန်းနိုင်ခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Cerebellum လို့ခေါ်တဲ့ ဟန်ချက်ထိန်းစနစ် ထိခိုက်လို့
· ဦးနှောက်နောက်ပိုင်းအစိတ်အပိုင်း ပျက်စီးနေလို့

⚖️ စစ်ဆေးနည်း
· မျက်စိမှိတ်ပြီး ခြေဖျားထောက်ရပ်ကြည့်ပါ
· ဟန်မချက်ညီရင် အန္တရာယ်ရှိတယ်

𝟕. "ဆီး/ဝမ်း ထိန်းမရတော့ခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Spinal Cord နဲ့ Autonomic Nervous System ထိခိုက်လို့
· ဆီးဝမ်းထိန်းတဲ့အာရုံကြောတွေ အလုပ်မလုပ်တော့တာ

💧 အရေးပေါ်လက္ခဏာ
· ရုတ်တရက် ဆီးသွားချင်ပြီး မထိန်းနိုင်တော့တာ
· ဆီးအိမ်ထိန်းချုပ်မှု ပျောက်ဆုံးသွားတာ

ဘယ်လိုလူတွေ ပိုသတိထားသင့်လဲ? 🎯

· 🩸 သွေးတိုးရှိသူများ - သွေးကြောတွေကို ဖိအားများစေလို့
· 🍬 ဆီးချိုရောဂါရှိသူများ - သွေးကြောတွေမာပြီးကျဉ်းစေလို့
· ❤️ နှလုံးရောဂါရှိသူများ - နှလုံးခုန်မမှန်တာက သွေးခဲဖြစ်စေလို့
· 🚬 ဆေးလိပ်သောက်သူများ - ဆေးလိပ်က သွေးကြောတွေကိုကျဉ်းစေလို့
· 👵 အသက် ၅၅ နှစ်အထက်များ - သက်ကြီးရွယ်အိုတွေမှာ သွေးကြောတွေပျက်စီးလာလို့

အရေးပေါ်ဘာလုပ်ရမလဲ? 🚑

𝟏. ချက်ချင်းဆေးရုံသွားပါ - (၆ နာရီအတွင်း) မှာ ကုသနိုင်ရင် ပြန်ကောင်းနိုင်တယ်

𝟐. ဆေးရုံသွားရင်း ဒီအချက်တွေမှတ်ထားပါ

· လက္ခဏာစချိန်
· ဘယ်အစိတ်အပိုင်းတွေထုံနေလဲ
· ဆေးဝါးမှတ်တမ်း

𝟑. ဒီအမှားတွေမလုပ်ပါနဲ့

· "ဒါပဲထိုင်နေမယ်" ဆိုပြီးစောင့်မနေပါနဲ့
· ဆေးရွက်ကြီးတိုက်တာ၊ ဆေးဖက်ဝင်အပင်တွေနဲ့ မကုသပါနဲ့

ကာကွယ်နည်း (၅) ချက️် 🛡️

𝟏. သွေးပေါင်ချိန်မှန်မှန်စစ်ပါ - 120/80 mmHg အောက်ထိန်းပါ
𝟐. ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်က သွေးကြောတွေကိုကျဉ်းစေတယ်
𝟑. ဆားနဲ့အဆီလျှော့စားပါ - ဆားက သွေးတိုးစေ၊ အဆီက သွေးကြောပိတ်စေတယ်
𝟒. တစ်နေ့မိနစ် ၃၀ လမ်းလျှောက်ပါ - နှလုံးသွေးကြောကျန်းမာရေးကောင်းစေတယ်
𝟓. စိတ်ဖိစီးမှုလျှော့ချပါ - စိတ်ဖိစီးမှုက သွေးတိုးတက်စေတယ်

သတိပေးချက်
"လေဖြတ်တာက ကြိုတင်အသိပေးလေ့ရှိပါတယ်...
ဒီလက္ခဏာတွေကို ပေါ့ဆမနေပါနဲ့!
စောစောသိ၊ စောစောကုသ၊ အသက်ရှင်ပါ! ❤️"


#လေဖြတ်ခြင်း #ထုံကျဉ်ခြင်း #အရေးပေါ်ကျန်းမာရေး #ဦးနှောက်ရောဂါ #သတိပေးချက်

အိုလေ ကောင်းလေ ဖြစ်ရမယ်  ************************ဖတ်ကြည့်နော်... #အသက်ဆိုတာ...ရပ်မနေဘူး။တစ်ရွေ့ရွေ့နဲ့ ကြီးနေတာဆိုတော့ကိ...
16/01/2026

အိုလေ ကောင်းလေ ဖြစ်ရမယ်
************************
ဖတ်ကြည့်နော်...

#အသက်ဆိုတာ...
ရပ်မနေဘူး။

တစ်ရွေ့ရွေ့နဲ့ ကြီးနေတာဆိုတော့

ကိုယ်ကလည်း
တစ်နေ့တစ်နေ့
ကုသိုလ်ပြုဖို့ မမေ့ရဘူး။

#ရုပ်အိုပေမယ့်
စိတ်ဓာတ်တွေ နုပျိုနေရမယ်။

ရုပ်အိုတိုင်း
စိတ်ဓာတ်တွေပါ အိုသွားမယ်ဆို
အိုတာ
ဘာမှ မကောင်းဘူးပေါ့...

#အိုသွားတဲ့ အခါ...
ဦးခေါင်းက ဆံပင်တွေ
ဖြူလာသလို

ကိုယ်ကျင့်တရားတွေဟာလည်း
အသက်အရွယ် ကြီးလာတာနဲ့အမျှ
ပိုပြီး
ဖြူစင်နေအောင် သတိမူရမယ်။

#အိုသွားတဲ့ အခါ...
အားအင်တွေပါ နည်းသွားမယ်။

အားအင်တွေ နည်းသွားပေမယ့်
တရားအသိတွေနဲ့
အသိတရားတွေ အားကောင်းနေရမယ်။

#အသက်ကြီးလာလို့မှ
အသိတရား ကြီးမလာဘူး ဆိုလျှင်တော့

အိုကြီး အိုမနဲ့
အနေလည်း ခက်
အသေလည်း ခက်ရတော့မပေါ့...

#အိုသွားတဲ့ အခါ...
ကိုယ့်လက် ကိုယ့်ခြေနဲ့
ရပ်တည်ဖို့ မလွယ်တော့ဘူး။

မလွယ်တဲ့ အခက်တွေကြားမှာပဲ
ကိုယ့်အတွက်ကို ကောင်းစေမယ့်
အကြောင်းအချက်အလက်တွေ
ကောင်းသထက် ကောင်းအောင်
ရှာဖွေနေရမယ်။

#အိုလို့ မကောင်းတာထက်
ကောင်းအောင် မအိုတတ်တာ
ပိုခက်ပါတယ်။

#ပြောနိုင်တုန်း
ကောင်းတာ ပြော

#ရှင်နေတုန်း
ကောင်းအောင် နေ။

#တွေးနေတိုင်း
ကောင်းတာ တွေး။

#ဘယ်အရေးမှ ဝင်မနှောင့်နဲ့။

#နောက်ဘဝ စိတ်အေးဖို့ရာ...
ကိုယ့်ကံကြမ္မာပဲ ကိုယ်မြှင့်တင်ပါ။

Credit -အရှင်ဥာဏိန္ဒ(ရာမည)

မေတ္တာဖြင့်...
အရှင်ပုည( ဝကုန်း )

Address

Yangon

Telephone

+959889177995

Website

Alerts

Be the first to know and let us send you an email when Emerald May Organic Foods posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share