12/08/2026
အမိုင်နိုပါဝါ ရပ်လို့ရပြီလား ဆရာ
-သဇင်စိုက်သူတွေအတွက်
ယခုရက်ပိုင်းအမေးများကြတဲ့မေးခွန်းက-
ဆရာ အခု အမိုင်နိုပါဝါ ရပ်လို့ရပြီလားဆိုတဲ့မေးခွန်းပါ ။
-ရာသီဥတုအနေအထားနှင့်အပင်ရဲ့အခြေအနေအရ
သြဂုတ်လအတွင်း အရွက်များ ကောင်းစွာ ထွက်လာနေပါပြီ။
- တစ်ခြံနှင့်တစ်ခြံအပင်ကျန်းမာရေးအနေအထား မတူညီနိုင်ပါ။ အရွက်ထွက်သော်လည်း စိတ်ချရသော အနေအထားမဟုတ်ပါ ။
- အောက်ပါ အချက် ၂ ချက် ဖြင့် ဆန်းစစ်ပေးပါ ။
(က)မိုးရာသီကာလအတွင်း ဖြစ်တာကြောင့် ၊ သဇင်ပင်၏ အရွက်များတွင် ဘက်တီးရီးယား ရောဂါကင်းရှင်းမှု ရှိ ၊ မရှိ ။
(ခ) သဇင်ပင်၏ အရွက်များ ၊ တောင့်တင်းမှု ရှိ ၊ မရှိ ။
အထက်ပါအချက်များ မှ မကိုက်ညီနေရင်တော့ လတ်တလောကာလတွင် အမိုင်နိုပါဝါ ကို မရပ်ရသေးပါ ။ အရွက်များ တောင့်တောင့်တင်းတင်းရှိနေမှသာ သဘာဝအတိုင်း မိုးရာသီကာလတွင် ဝင်ရောက်လာမည့် ဘက်တီးရီးယားရောဂါနှင့် အမျိုးမျိုးသော ရောဂါပိုးမွှားပြသနာများကို ခံနိုင်ရည် ရှိစေမှာဖြစ်ပါတယ် ။
အချိန်လုံလောက်မှု ပြည့်ပြည့်ဝဝရရှိစေရန်အတွက် ၊ စက်တင်ဘာလအစမှ စပြီး ၃ ရက်ခြား တစ်ကြိမ်နှုံးဖြင့် ၊ ရေတစ်လီတာတွင် ထမင်းစားဇွန်း ၁ ဇွန်း တိတိ နှင့်အတူ ဆေးများ မိုးရွာချိန်တွင် ဆုံးရှုံးမှု နည်းစေရန်အတွက် ၊ စတစ်ကာ တံဆိပ် ခေါ် စိုက်ပျိုးရေးသုံး ကော်ရည်ကို ပမာဏအားဖြင့် ရေတစ်လီတာတွင် ထမင်းစားဇွန်းဝက် ဖြင့် ဖျော်ဖျန်းပါ ။
လိုအပ်လို့မှာယူလိုပါက-
ဖြူအက်ဂရိုစိုက်ပျိုးရေးသွင်းအားစုဖြန့်ဖြူးရေး
မန္တလေးမြို့
09694900380
09762044917
နယ်အမှာများ ငွေဝင်ပြီး ၃ ရက် အတွင်း ပို့ဆောင်ပေးပါသည် ။
ကားဂိတ်ချခ ၃၀၀၀ ကျပ်
တန်ဆာခ ဝယ်ယူသူဘက်မှ ကျခံရပါမည် ။
အိမ်အရောက်ပို့ဆောင်ပေးပါသည် ။
အိမ် ရောက် ငွေေချ မရပါ ။