31/07/2026
မိုးရာသီမှာ စိုထိုင်းဆများလို့ ဆန်တွေမှိုတက်ပြီး ပျက်စီးလွယ်ပါတယ်နော်။ Mya Rice က အဆင့်မြင့်နည်းပညာနဲ့ ကြိတ်ခွဲထားလို့ လတ်ဆတ်မှု ကြာရှည်ခံပေမဲ့ မိုးရာသီမှာ ဆန်လေးတွေ ပိုပြီးအထားခံဖို့ ဆန်သိမ်းဆည်းနည်းလေးတွေ မျှဝေပေးလိုက်ပါတယ်ရှင်။
၁။ လေလုံဘူး သို့မဟုတ် ပုံးထဲ ထည့်သိမ်းပါ
လေထုထဲက အစိုဓာတ်ဝင်ရင် မှိုတက်လွယ်ပြီး ဆန်ပျက်စီးတတ်လို့ ဖြစ်ပါတယ်။
၂။ ကြမ်းပြင်နဲ့ တိုက်ရိုက်မထိအောင် ထားပါ
ကြမ်းပြင်က အစိုဓာတ်တွေ ဆန်အိတ်ထဲ စိမ့်မဝင်အောင် စင်တစ်ခုခုပေါ် တင်ထားပေးရပါမယ်။
၃။ ခြောက်သွေ့အေးမြတဲ့နေရာမှာပဲ ထားပါ
အပူရှိန်နဲ့ စိုထိုင်းဆကြောင့် ပိုးကောင်ပေါက်လွယ်လို့ နေရောင်တိုက်ရိုက်ကျတဲ့နေရာနဲ့ မီးဖိုချောင်အပူတွေနဲ့ ဝေးဝေးထားပါ။
၄။ ဆန်ဟောင်းနဲ့ ဆန်သစ် ရောမထည့်ပါနဲ့
ဆန်ဟောင်းက အစိုဓာတ်နဲ့ ပိုးကောင်တွေက ဆန်သစ်ကိုပါ ကူးစက်ပျက်စီးစေလို့ ဆန်ဟောင်းကုန်မှ ဆန်သစ်ထည့်တာ အကောင်းဆုံးပါ။
၅။ မိသားစုအတွက် လိုသလောက်ပဲ ခွဲဝယ်ပါ
မိုးရာသီမှာ အများကြီးစုမဝယ်ဘဲ လိုသလောက်ပဲ ခွဲဝယ်စားတာက အမြဲလတ်ဆတ်မွှေးပျံ့တဲ့ ထမင်းတစ်နပ်ကို ရရှိစေလို့ ဖြစ်ပါတယ်။
သန့်ရှင်းလတ်ဆတ်တဲ့ Mya Rice ကို စနစ်တကျသိမ်းပြီး မိသားစုအတွက် အရည်အသွေးမြင့် ထမင်းတစ်နပ် ပြင်ဆင်လိုက်ရအောင်နော်။
ပြည့်ဝစစ်မှန် ❇️ မြဆန် နှင့် မြအားဖြည့်ဆန်
✨ The Best Rice for You and Your Family ✨
🌾 ရွှေလဝင်းဆန်စက် 🌾
📍 လိပ်စာ:
အမှတ် (၄၆၇/ဘီ)၊ ကနောင်မင်းသားကြီးလမ်းနှင့် လှသိင်္ဂီလမ်းထောင့်၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ (အရှေ့ပိုင်း)၊ ရန်ကုန်။
📩 ဆက်သွယ်မှာယူနိုင်သည့်နေရာများ:
page Messenger မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
Viber / Phone: 📞 09 4311 9711, 09 76504 1740, 01 9554034, 01 9558552, 01 9555780
Email: 📧 [email protected]
🌐 ကျွန်ုပ်တို့၏ လူမှုကွန်ရက်စာမျက်နှာများ:
Facebook: https://www.facebook.com/share/18W254Dnc9/?mibextid=wwXIfr
TikTok: https://www.tiktok.com/.rice4?_r=1&_t=ZS-96SDm6d32va
Telegram: https://t.me/myarice_offical
Instagram: https://instagram.com/mya_fortified_rice78?igshid=YmMyMTA2M2Y=
#လက်လီလက်ကားရောင်းဝယ်ရေး #မြဆန်ရောင်းဝယ်ရေး #ဆန်ရောင်းဝယ်ရေး