26/09/2026
Repost
2020 ဩဂုတ်လမှာ တင်ခဲ့တဲ့ ပို့စ်ကို ပြန်တင်ပေးတာပါ…။
Unicode
ဆိတ်မွေးမြူရေးအတွက် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်...။
" အသားတိုးစနစ်"
ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ကုန်ကြမ်းသဘောမျိုးအနေနဲ့ ဗဟုသုတရစေရန် တွက်ချက်ပြခြင်း ဖြစ်ပါတယ်...။
အစောပိုင်းမှာ မွေးတိုးမွေးမြူခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးခဲ့ပြီးပါပြီ...။
https://www.facebook.com/1664206237220274/posts/1967877063519855/
ခုတခါမှာ အသားတိုး စနစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးပါ့မယ်...။
အသားတိုးစနစ်မှာ အဓိက အချက်(၄)ချက် ရှိပါတယ်...။
(၁) မျိုးရွေးချယ်ခြင်း...။
(၂) ကျင့်စဉ်နှင့် ကိုက်ညီသော အဆာက်အဦး...။
(၃) အလေးချိန်နှင့် ကာလသတ်မှတ်ခြင်း...။
(၄) စံချိန်ကိုက် အသားတိုးအောင် ကျွေးမွေးခြင်းခြင်း...။
(၅) စျေးကွက်...။
အဲ့ဒိလေးခုသောအရာ သမမျှတ၊ ဟန်ချက်ညီပါမှ အသားတိုးဆိတ်မွေးမြူရာမှာ အောင်မြင်နိုင်ပါမယ်...။
(၁) အသားတိုး မွေးမြူရန် မျိုးရွေးချယ်ခြင်း...။
ထွေထွေထူးထူး ရှင်းပြဖို့ မလိုအပ်တော့ပါဘူး...။ ဆိတ်ဟာ ဝချင်သလောက် ဝဖို့၊ ဖြစ်ချင်တိုင်း ဖြစ်စေဖို့ သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစား၊ အရိုးအဆစ် ကြီးထွားနေဖို့က အခြေခံသဘောတရားပါ...။ ကျွန်တော်တို့နိုင်ငံမှာ များများတွေ့ရတဲ့ ထိန်စန်၊ ဂျွတ်၊ ဝေသာလီမျိုးများပဲ ရွေးချယ် ဝယ်ယူပြီး အသားတိုးအတွက် မွေးသင့်ပါတယ်...။ ကျွန်တော့်စိတ်ကြိုက်ပြောပါဆိုရင်တော့ ဂျိတ်မျိုးကို အသားတိုးအတွက် ပိုနှစ်သက်ပါတယ်...။
(၂) အသားတိုးမွေးမြူရေး ကျင့်စဉ်နဲ့ ကိုက်ညီသော အဆောက်အဦး...။
အသားတိုးမွေးမြူဖို့ ဆိတ်များ ရွေးချယ်ဝယ်ယူဖို့ လိုအပ်ပါတယ်...။ အနိမ့်ဆုံးတော့ ဆိတ်ထီး၊ ဆိတ်ခဆီ(သင်းကွပ်ထားသောဆိတ်ထီး) များကိုတော့ ဝယ်မွေးရပါတယ်...။ အသားတိုးမွေးမှာဖြစ်တဲ့အတွက် ခြံလှောင်စနစ်နဲ့ပဲ မွေးသင့်ပါတယ်...။
ခြံလှောင်စနစ်နဲ့ မွေးသင့်ရတဲ့ အကြောင်း (၅)ချက်ရှိပါတယ်...။
(၁) အကောင်ရေများများကို နည်းပါးတဲ့ ဧရိယာအတွင်း မွေးမြူနိုင်ခြင်း...။
(၂) အလုပ်သမားဦးရေ လျော့ချနိုင်ခြင်း...။
(၃) အချိန်မှန်ကျွေးနိုင်ခြင်း...။
(၄) ဆိတ်များအား အထူးဂရုစိုက်နိုင်ခြင်း...။
(၅) စနစ်တကျ ထိန်းချုပ်နိုင်ခြင်း...။
အဆောက်အဦးဟာ လေဝင်လေထွက် ကောင်းမွန်ရမယ်...။ ဆိတ်တွေကို တိုက်ရိုက်လေမတိုးစေရဘူး...။ သန့်ရှင်းရေးစနစ်ကောင်းရမယ်...။ စင်မြှင့်ထားရမယ်...။
(၃) အလေးချိန်နှင့် ကာလသတ်မှတ်ခြင်း...။
ဘယ်အရွယ်မွေးမလဲ...။ ဘယ် အလေးချိန်တန်း မွေးမလဲ...။ ဘယ်လောက်ကြာကြာမွေးပြီး ရောင်းထုတ်မလဲ...။ စျေးကွက် အကြိုက်ဆုံးအရွယ်အစားက ဘယ်နှပိသာတန်းလဲ...။ ဒါတွေ သိဖို့၊ ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်...။
https://www.facebook.com/1664206237220274/posts/1870856483221914/
ဒီပို့စ်မှာ လေ့လာကြည့်ပါ...။
(၄) စံချိန်ကိုက် အသားတိုးအောင် ကျွေးမွေးခြင်း...။
အသားတိုးအောင် ကျွေးတဲ့ အစာမှာ နည်းပညာနဲ့ အစာရေ ရောစပ်ပါဝင်မူက အရေးကြီးပါတယ်...။ ဆိတ်တွေ စားတယ်၊ သောက်တယ်၊ အိပ်တယ်၊ ရာသီဥတု သမမျှတတယ် ဆိုရင် ၉၀% ကိုယ်လိုသလောက် အသားတိုးနိုင်ပါတယ်...။ ကိုယ်ပိုင်လေ့လာမူအရ စနစ်တကျကျွေးမွေးပြီး ကာကွယ်ဆေး၊ အားဆေးနဲ့ လိုအပ်တဲ့ ဆေးဝါးအထောက်အကူပြုပစ္စည်းတွေ အသုံးပြုရင် ဂျိတ်၊ ထိန်စန်၊ ဝေသာလီများဟာ အနည်းဆုံး တစ်လကို ၂ပိသာခွဲ အလေးချိန်တက်ပါတယ်...။ အသုံးပြု အစာများအနေနဲ့ ပဲခွံ့၊ ပဲမှုန့်၊ ပြောင်းမှုန့်၊ Ready Made အသားတိုးစာများနဲ့ ဖွဲနုကို ကျွေးပါတယ်...။ နေရာဒေသနဲ့ အချိန်ကာလလိုက်ပြီး ကျွေးတဲ့အစာ ကွာသွားနိုင်ပါတယ်...။ ရေကို ပဲဖတ်ရည် တိုက်ပြီး နှစ်ခြိုက်စွာ အိပ်နိုင်ဖို့ စီစဉ်ပေးရပါမယ်...။ မွေးမြူရေးတိရစ္ဆာန်တိုင်း လှပဝဖြိုးဖို့ အရေးအကြီးဆုံးက အချက်(၄)ချက် အရေးတကြီးလိုအပ်ပါတယ်...။
(က) အချိန်မှန်ကျွေးခြင်း
(ခ) ညအိပ်ချိန်မှာ အနှောက်အယှက်မရှိ အိပ်နိုင်ခြင်း
(ဂ) သောက်သုံးရေ လတ်ဆတ်သန့်စင်ခြင်း
(ဃ) ခြံသန့်ရှင်းခြင်း
(၅) စျေးကွက်
စျေးကွက်ကတော့
ပြည်ပတင်ပို့ခြင်း
ပြည်တွင်း သားသတ်ရုံပို့ခြင်း
ဆိတ်ပွဲစျေးမှာရောင်းချခြင်း
ဆိတ်ဖိုး ကုန်ကျစရိတ်...။
* စုစုပေါင်း ဆိတ်ထီး = အကောင် ၁၀၀
* ဆိတ်ထီးများ၏ ပျှမ်းမျှအလေးချိန်= ၁၂ပိသာ
* ဆိတ်များစုစုပေါင်း အလေးချိန်= ပိသာ ၁၂၀၀
* ဆိတ်စျေး ပိသာနှုန်း= ၇,၀၀၀ကျပ်
* ဆိတ်အားလုံး ကုန်ကျစရိတ်= ၇,၀၀၀ကျပ်* ၁,၂၀၀ပိသာ= ၈၄,၀၀,၀၀၀ကျပ် # # # #
အစာဖိုးကုန်ကျစရိတ်...။
* ဆိတ်တကောင် တနေ့တာ အစာစားနူန်း= ၀.၃၀ ပိသာ
* အကောင်ရေ ၁၀၀ကောင်အတွက် အစာပိသာချိန်= ၁၀၀* ၀.၃၀ပိသာ= ၃၀ ပိသာ
* ၄လ ကို ၁၀၀ကောင်၏ စုစုပေါင်း အစာပိသာ= ၃၀* ၁၂၀ရက်= ၃,၆၀၀ပိသာ
* အစာတပိသာ တန်ဖိုး= ၆၀၀ကျပ်
* လေးလတာ အကောင်၁၀၀ ၏ အစာဖိုး= ၃၆၀၀* ၆၀၀= ၂၁,၆၀,၀၀ဝိ/-
* အစာသယ်ယူစရိတ်= ၁ပိသာ*၅၀ကျပ်*၃၆၀၀= ၁၈၀,၀၀၀ကျပ်
*အစာ အလေအလွင့်= ၃၆၀၀*၅%= ၁၈၀ပိသာ* ၆၀၀ကျပ်= ၁၀၈,၀၀၀
*စုစုပေါင်း အစာစရိတ်= ၂၁,၆၀,၀၀၀+၁၈၀,၀၀၀+၁၀၈,၀၀၀= ၂၄,၄၈,၀၀၀ # # # #
အထွေထွေကုန်ကျစရိတ်...။
* ကာကွယ်ဆေး၊ ကုသဆေးများ၏ ခန့်မှန်းကုန်ကျစရိတ်= ၂၀၀,၀၀၀
* အလုပ်သမားစရိတ်= ၄လ*၂ဦး*၁၈၀,၀၀၀= ၁၄,၄၀,၀၀၀
*အထွေထွေကုန်ကျစရိတ်= ၁၅၀,၀၀၀*၄လ= ၆၀၀,၀၀၀
* စုစုပေါင်း အထွေထွေကုန်ကျစရိတ်= ၂၀၀,၀၀၀+၁၄,၄၀,၀၀၀+၆၀၀,၀၀၀=၂၂,၄၀,၀၀ဝိ/-
စုစုပေါင် လေးလတာအတွက် ကုန်ကျစရိတ်ပေါင်း...။
* ဆိတ်ဖိုးကုန်ကျစရိတ်....= ၈၄,၀၀,၀၀၀
* အစာဖိုးကုန်ကျစရိတ်....= ၂၄,၄၈,၀၀၀
* အထွေထွေကုန်ကျစရိတ်= ၂၂,၄၀,၀၀၀
* စုစုပေါင်း လေးလတာကုန်ကျစရိတ်= ၁၃,၀၈၈,၀၀ဝိ/-
လေးလတာအတွင်း ဖြစ်လာမည့် ပိသာချိန်ပေါင်းနှင့် ညီမျှငွေ
* လေးလပြည့်ချိန် ဆိတ်၁၀၀ကောင်၏ တက်မည့် ပိသာ= ၁လ*၂.၅ပိသာ*၁၀၀ကောင်*၄လ= ၁၀၀၀ပိသာ
* ဆိတ် ၁၀၀ကောင်၏ နဂိုရှိပိသာချိန်= ၁၂၀၀ပိသာ
* စုစုပေါင်း လေးလပြည့်ချိန် ဆိတ်အားလုံး၏ ပိသာချိန်ပေါင်း= ၁,၂၀၀+၁၀၀၀= ၂၂၀၀ပိသာ
* ပိသာချိန်ပေါင်းနှင့် ညီမျှငွေ= ၂၂၀၀ပိသာ* ၇၀၀၀ကျပ်= ၁၅,၄၀၀,၀၀ဝိ/-
အသားတိုးမွေးမြူခြင်း ကုန်ကျစရိတ်နှင့် အကျိုးအမြတ်...။
ကုန်ကျစရိတ်ပေါင်း= ၁၃,၀၈၈,၀၀၀
ပြန်ရငွေပေါင်း။ = ၁၅,၄၀၀,၀၀၀
အကျိုးအမြတ် = ၂,၃၁၂,၀၀၀ကျပ်
ပုံမှန်အားဖြင့် ဆိတ်မွေးမြူရေးလုပ်မယ့် မြေနေရာ၊ စားကျက်၊ အဆောက်အအုံကို ထည့်တွက်ထားခြင်း မရှိပါဘူး...။ လေးလအတွင်းမှာ ဝယ်စျေး၊ ရောင်းစျေး ကြီးကြီးမားမား အပြောင်းအလဲရှိခဲ့ရင် ကိန်းဂဏန်းတွေ ပြောင်းလဲအုန်းမှာပါ...။ စျေးကွက်ကို ကိုယ်ပိုင်ဖန်တီးယူနိုင်ရင် ဒိထက်မက အမြတ်အစွန်း ပိုရနိုင်ပါတယ်...။ အသေအပျောက် နည်းသထက်နည်းလေ... အမြတ်ကျန်လေပါပဲ...။
ကိုနေမျိုး
Zaw Gyi
ဆိတ္ေမြးျမဴေရးအတြက္ ကုန္က်စရိတ္ႏွင့္ အက်ိဳးအျမတ္...။
" အသားတိုးစနစ္"
ဆိတ္ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္လိုသူမ်ားအတြက္ ကုန္ၾကမ္းသေဘာမ်ိဳးအေနနဲ႔ ဗဟုသုတရေစရန္ တြက္ခ်က္ျပျခင္း ျဖစ္ပါတယ္...။ အေစာပိုင္းမွာ ေမြးတိုးေမြးျမဴျခင္းနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးေအးခဲ့ၿပီးပါၿပီ...။
https://www.facebook.com/1664206237220274/posts/1967877063519855/
ခုတခါမွာ အသားတိုး စနစ္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးပါ့မယ္...။
အသားတိုးစနစ္မွာ အဓိက အခ်က္(၄)ခ်က္ ရွိပါတယ္...။
(၁) မ်ိဳးေရြးခ်ယ္ျခင္း...။
(၂) က်င့္စဥ္ႏွင့္ ကိုက္ညီေသာ အဆာက္အဦး...။
(၃) အေလးခ်ိန္ႏွင့္ ကာလသတ္မွတ္ျခင္း...။
(၄) စံခ်ိန္ကိုက္ အသားတိုးေအာင္ ေကၽြးေမြးျခင္းျခင္း...။
(၅) ေစ်းကြက္...။
အဲ့ဒိေလးခုေသာအရာ သမမၽွတ၊ ဟန္ခ်က္ညီပါမွ အသားတိုးဆိတ္ေမြးျမဴရာမွာ ေအာင္ျမင္နိုင္ပါမယ္...။
(၁) အသားတိုး ေမြးျမဴရန္ မ်ိဳးေရြးခ်ယ္ျခင္း...။
ေထြေထြထူးထူး ရွင္းျပဖို႔ မလိုအပ္ေတာ့ပါဘူး...။ ဆိတ္ဟာ ဝခ်င္သေလာက္ ဝဖို႔၊ ျဖစ္ခ်င္တိုင္း ျဖစ္ေစဖို႔ သူ႔ရဲ့ ခႏၶာကိုယ္ အခ်ိဳးအစား၊ အရိုးအဆစ္ ႀကီးထြားေနဖို႔က အေျခခံသေဘာတရားပါ...။ ကၽြန္ေတာ္တို႔နိုင္ငံမွာ မ်ားမ်ားေတြ႕ရတဲ့ ထိန္စန္၊ ဂၽြတ္၊ ေဝသာလီမ်ိဳးမ်ားပဲ ေရြးခ်ယ္ ဝယ္ယူၿပီး အသားတိုးအတြက္ ေမြးသင့္ပါတယ္...။ ကၽြန္ေတာ့္စိတ္ႀကိဳက္ေျပာပါဆိုရင္ေတာ့ ဂ်ိတ္မ်ိဳးကို အသားတိုးအတြက္ ပိုႏွစ္သက္ပါတယ္...။
(၂) အသားတိုးေမြးျမဴေရး က်င့္စဥ္နဲ႔ ကိုက္ညီေသာ အေဆာက္အဦး...။
အသားတိုးေမြးျမဴဖို႔ ဆိတ္မ်ား ေရြးခ်ယ္ဝယ္ယူဖို႔ လိုအပ္ပါတယ္...။ အနိမ့္ဆုံးေတာ့ ဆိတ္ထီး၊ ဆိတ္ခဆီ(သင္းကြပ္ထားေသာဆိတ္ထီး) မ်ားကိုေတာ့ ဝယ္ေမြးရပါတယ္...။ အသားတိုးေမြးမွာျဖစ္တဲ့အတြက္ ၿခံေလွာင္စနစ္နဲ႔ပဲ ေမြးသင့္ပါတယ္...။
ၿခံေလွာင္စနစ္နဲ႔ ေမြးသင့္ရတဲ့ အေၾကာင္း (၅)ခ်က္ရွိပါတယ္...။
(၁) အေကာင္ေရမ်ားမ်ားကို နည္းပါးတဲ့ ဧရိယာအတြင္း ေမြးျမဴနိုင္ျခင္း...။
(၂) အလုပ္သမားဦးေရ ေလ်ာ့ခ်နိုင္ျခင္း...။
(၃) အခ်ိန္မွန္ေကၽြးနိုင္ျခင္း...။
(၄) ဆိတ္မ်ားအား အထူးဂ႐ုစိုက္နိုင္ျခင္း...။
(၅) စနစ္တက် ထိန္းခ်ဳပ္နိုင္ျခင္း...။
အေဆာက္အဦးဟာ ေလဝင္ေလထြက္ ေကာင္းမြန္ရမယ္...။ ဆိတ္ေတြကို တိုက္ရိုက္ေလမတိုးေစရဘူး...။ သန့္ရွင္းေရးစနစ္ေကာင္းရမယ္...။ စင္ျမႇင့္ထားရမယ္...။
(၃) အေလးခ်ိန္ႏွင့္ ကာလသတ္မွတ္ျခင္း...။
ဘယ္အရြယ္ေမြးမလဲ...။ ဘယ္ အေလးခ်ိန္တန္း ေမြးမလဲ...။ ဘယ္ေလာက္ၾကာၾကာေမြးၿပီး ေရာင္းထုတ္မလဲ...။ ေစ်းကြက္ အႀကိဳက္ဆုံးအရြယ္အစားက ဘယ္ႏွပိသာတန္းလဲ...။ ဒါေတြ သိဖို႔၊ ဆုံးျဖတ္ဖို႔ အေရးႀကီးပါတယ္...။
https://www.facebook.com/1664206237220274/posts/1870856483221914/
ဒီပို႔စ္မွာ ေလ့လာၾကည့္ပါ...။
(၄) စံခ်ိန္ကိုက္ အသားတိုးေအာင္ ေကၽြးေမြးျခင္း...။
အသားတိုးေအာင္ ေကၽြးတဲ့ အစာမွာ နည္းပညာနဲ႔ အစာေရ ေရာစပ္ပါဝင္မူက အေရးႀကီးပါတယ္...။ ဆိတ္ေတြ စားတယ္၊ ေသာက္တယ္၊ အိပ္တယ္၊ ရာသီဥတု သမမၽွတတယ္ ဆိုရင္ ၉၀% ကိုယ္လိုသေလာက္ အသားတိုးနိုင္ပါတယ္...။ ကိုယ္ပိုင္ေလ့လာမူအရ စနစ္တက်ေကၽြးေမြးၿပီး ကာကြယ္ေဆး၊ အားေဆးနဲ႔ လိုအပ္တဲ့ ေဆးဝါးအေထာက္အကူျပဳပစၥည္းေတြ အသုံးျပဳရင္ ဂ်ိတ္၊ ထိန္စန္၊ ေဝသာလီမ်ားဟာ အနည္းဆုံး တစ္လကို ၂ပိသာခြဲ အေလးခ်ိန္တက္ပါတယ္...။ အသုံးျပဳ အစာမ်ားအေနနဲ႔ ပဲခြံ႕၊ ပဲမွုန့္၊ ေျပာင္းမွုန့္၊ Ready Made အသားတိုးစာမ်ားနဲ႔ ဖြဲႏုကို ေကၽြးပါတယ္...။ ေနရာေဒသနဲ႔ အခ်ိန္ကာလလိုက္ၿပီး ေကၽြးတဲ့အစာ ကြာသြားနိုင္ပါတယ္...။ ေရကို ပဲဖတ္ရည္ တိုက္ၿပီး ႏွစ္ၿခိဳက္စြာ အိပ္နိုင္ဖို႔ စီစဥ္ေပးရပါမယ္...။ ေမြးျမဴေရးတိရစၧာန္တိုင္း လွပဝၿဖိဳးဖို႔ အေရးအႀကီးဆုံးက အခ်က္(၄)ခ်က္ အေရးတႀကီးလိုအပ္ပါတယ္...။
(က) အခ်ိန္မွန္ေကၽြးျခင္း
(ခ) ညအိပ္ခ်ိန္မွာ အေႏွာက္အယွက္မရွိ အိပ္နိုင္ျခင္း
(ဂ) ေသာက္သုံးေရ လတ္ဆတ္သန့္စင္ျခင္း
(ဃ) ၿခံသန့္ရွင္းျခင္း
(၅) ေစ်းကြက္
ေစ်းကြက္ကေတာ့
ျပည္ပတင္ပို႔ျခင္း
ျပည္တြင္း သားသတ္႐ုံပို႔ျခင္း
ဆိတ္ပြဲေစ်းမွာေရာင္းခ်ျခင္း
ဆိတ္ဖိုး ကုန္က်စရိတ္...။
* စုစုေပါင္း ဆိတ္ထီး = အေကာင္ ၁၀၀
* ဆိတ္ထီးမ်ား၏ ပၽွမ္းမၽွအေလးခ်ိန္= ၁၂ပိသာ
* ဆိတ္မ်ားစုစုေပါင္း အေလးခ်ိန္= ပိသာ ၁၂၀၀
* ဆိတ္ေစ်း ပိသာႏွုန္း= ၇,၀၀၀က်ပ္
* ဆိတ္အားလုံး ကုန္က်စရိတ္= ၇,၀၀၀က်ပ္* ၁,၂၀၀ပိသာ= ၈၄,၀၀,၀၀၀က်ပ္ # # # #
အစာဖိုးကုန္က်စရိတ္...။
* ဆိတ္တေကာင္ တေန႔တာ အစာစားႏူန္း= ၀.၃၀ ပိသာ
* အေကာင္ေရ ၁၀၀ေကာင္အတြက္ အစာပိသာခ်ိန္= ၁၀၀* ၀.၃၀ပိသာ= ၃၀ ပိသာ
* ၄လ ကို ၁၀၀ေကာင္၏ စုစုေပါင္း အစာပိသာ= ၃၀* ၁၂၀ရက္= ၃,၆၀၀ပိသာ
* အစာတပိသာ တန္ဖိုး= ၆၀၀က်ပ္
* ေလးလတာ အေကာင္၁၀၀ ၏ အစာဖိုး= ၃၆၀၀* ၆၀၀= ၂၁,၆၀,၀၀ဝိ/-
* အစာသယ္ယူစရိတ္= ၁ပိသာ*၅၀က်ပ္*၃၆၀၀= ၁၈၀,၀၀၀က်ပ္
*အစာ အေလအလြင့္= ၃၆၀၀*၅%= ၁၈၀ပိသာ* ၆၀၀က်ပ္= ၁၀၈,၀၀၀
*စုစုေပါင္း အစာစရိတ္= ၂၁,၆၀,၀၀၀+၁၈၀,၀၀၀+၁၀၈,၀၀၀= ၂၄,၄၈,၀၀၀ # # # #
အေထြေထြကုန္က်စရိတ္...။
* ကာကြယ္ေဆး၊ ကုသေဆးမ်ား၏ ခန႔္မွန္းကုန္က်စရိတ္= ၂၀၀,၀၀၀
* အလုပ္သမားစရိတ္= ၄လ*၂ဦး*၁၈၀,၀၀၀= ၁၄,၄၀,၀၀၀
*အေထြေထြကုန္က်စရိတ္= ၁၅၀,၀၀၀*၄လ= ၆၀၀,၀၀၀
* စုစုေပါင္း အေထြေထြကုန္က်စရိတ္= ၂၀၀,၀၀၀+၁၄,၄၀,၀၀၀+၆၀၀,၀၀၀=၂၂,၄၀,၀၀ဝိ/-
စုစုေပါင္ ေလးလတာအတြက္ ကုန္က်စရိတ္ေပါင္း...။
* ဆိတ္ဖိုးကုန္က်စရိတ္....= ၈၄,၀၀,၀၀၀
* အစာဖိုးကုန္က်စရိတ္....= ၂၄,၄၈,၀၀၀
* အေထြေထြကုန္က်စရိတ္= ၂၂,၄၀,၀၀၀
* စုစုေပါင္း ေလးလတာကုန္က်စရိတ္= ၁၃,၀၈၈,၀၀ဝိ/-
ေလးလတာအတြင္း ျဖစ္လာမည့္ ပိသာခ်ိန္ေပါင္းႏွင့္ ညီမၽွေငြ
* ေလးလျပည့္ခ်ိန္ ဆိတ္၁၀၀ေကာင္၏ တက္မည့္ ပိသာ= ၁လ*၂.၅ပိသာ*၁၀၀ေကာင္*၄လ= ၁၀၀၀ပိသာ
* ဆိတ္ ၁၀၀ေကာင္၏ နဂိုရွိပိသာခ်ိန္= ၁၂၀၀ပိသာ
* စုစုေပါင္း ေလးလျပည့္ခ်ိန္ ဆိတ္အားလုံး၏ ပိသာခ်ိန္ေပါင္း= ၁,၂၀၀+၁၀၀၀= ၂၂၀၀ပိသာ
* ပိသာခ်ိန္ေပါင္းႏွင့္ ညီမၽွေငြ= ၂၂၀၀ပိသာ* ၇၀၀၀က်ပ္= ၁၅,၄၀၀,၀၀ဝိ/-
အသားတိုးေမြးျမဴျခင္း ကုန္က်စရိတ္ႏွင့္ အက်ိဳးအျမတ္...။
ကုန္က်စရိတ္ေပါင္း= ၁၃,၀၈၈,၀၀၀
ျပန္ရေငြေပါင္း။ = ၁၅,၄၀၀,၀၀၀
အက်ိဳးအျမတ္ = ၂,၃၁၂,၀၀၀က်ပ္
ပုံမွန္အားျဖင့္ ဆိတ္ေမြးျမဴေရးလုပ္မယ့္ ေျမေနရာ၊ စားက်က္၊ အေဆာက္အအုံကို ထည့္တြက္ထားျခင္း မရွိပါဘူး...။ ေလးလအတြင္းမွာ ဝယ္ေစ်း၊ ေရာင္းေစ်း ႀကီးႀကီးမားမား အေျပာင္းအလဲရွိခဲ့ရင္ ကိန္းဂဏန္းေတြ ေျပာင္းလဲအုန္းမွာပါ...။ ေစ်းကြက္ကို ကိုယ္ပိုင္ဖန္တီးယူနိုင္ရင္ ဒိထက္မက အျမတ္အစြန္း ပိုရနိုင္ပါတယ္...။ အေသအေပ်ာက္ နည္းသထက္နည္းေလ... အျမတ္က်န္ေလပါပဲ...။
ကိုေနမ်ိဳး
Https://www.facebook.com/pktbreederfarm/