30/07/2026
ယုံကြည်မှုနှင့် အစဉ်အလာ မိသားစုလက်ရာ
သင်းပျံ့တဲ့ ပဲဆီသန့် ရဲ့ ရနံ့နဲ့အတူ မိသားစုတိုင်းရဲ့ မီးဖိုချောင်တိုင်းမှာ နေရာ ယူခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းကပါ။
မိသားစုထမင်းဝိုင်းလေးမှာ ချစ်ရတဲ့သူတွေကို ကျန်းမာသန့်ရှင်း ကောင်းမွန်တဲ့ လက်ရာနဲ့ ဧည့်ခံချင်တဲ့ စေတနာဆန္ဒလေးနဲ့ "အမေထွား ပဲဆီသန့်" ကို ဒေသတွင်း မိသားစုလုပ်ငန်းလေးအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ လတ်ဆတ်တဲ့ မြေပဲစေ့တွေကို စနစ်တကျ ရွေးချယ်၊ သန့်စင်ပြီး ခေတ်မီ နည်းစနစ်တွေနဲ့ စားသုံးသူတို့ရဲ့ ကျန်းမာရေးအတွက် နိုင်ငံတကာ အဆင့်မီ စက်တွေနဲ့ အမေထွားပဲဆီသန့်ကို ထုတ်လုပ်လျှက်ရှိနေတာပဲဖြစ်ပါတယ်။
ဒေသတွင်း မီးဖိုချောင်လေးထဲက စတင်ခဲ့တဲ့ မိသားစုလက်ရာဟာ စားသုံးသူတွေရဲ့ နှစ်ရှည်လများ အခိုင်အမာပေးခဲ့တဲ့ "ယုံကြည်မှု" ကြောင့်သာ အခုလို နှစ်ပေါင်း ၂၀ တိုင်တိုင် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့တာပါ။
ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲပါစေ. "စေတနာထားတာ အမေထွားပါ" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လက်ကိုင်ထားခဲ့တဲ့ အမေထွားရဲ့ "ရိုးသားမှု နဲ့ စေတနာ" ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူးခင်ဗျာ💛
#စေတနာ #ပဲဆီသန့် #မကွေး #ပြည်တွင်းထုတ်ကုန်