23/05/2026
ဒီနေ့ ဘာစားရမလဲ စဉ်းစားရခက်နေပြီလား?
သရက်သီးရာသီဆိုတော့ သရက်သီးထမင်းချက်စားကြမယ်ရှင်🤍
အကောင်းဆုံးအရသာတွေ ပေါင်းစပ်ထားတဲ့ချိုချိုချဉ်ချဉ်လေးနဲ့ လန်းဆန်းစေမယ့် သရက်သီးထမင်းရယ်၊ စပ်စပ်လေးနဲ့ ထမင်းမြိန်စေမယ့် ဆိတ်သားအာလူးဟင်းကို ဘယ်လိုချက်ပြုတ်ထားလဲဆိုတာ ကြည့်ရှုရင်းတူတူလိုက်ချက်ကြည့်လို့ရပါတယ်ရှင့်
သရက်သီးထမင်းလေးကတော့ သရက်သီးအနှစ်နဲ့ သရက်သီးဖတ်လေးတွေ ရောစပ်ထားလို့စားလိုက်တာနဲ့ လန်းဆန်းသွားစေမှာပါ။ ဆိတ်သားအာလူးဟင်းကလည်း နူးညံ့တဲ့ဆိတ်သား၊အိနေတဲ့အာလူးတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်စုံလင်စွာ ရောစပ်ထားလို့ ထမင်းမြိန်စေမှာ အမှန်ပါပဲရှင်
ဒီဟင်းလျာလေးတွေရဲ့ချက်ပြုတ်နည်းအပြည့်အစုံကို သိချင်တယ်ဆိုရင်တော့ ဒီ Vlog လေးကို အဆုံးထိကြည့်ရှုပေးပါဦးရှင့်
တကယ်ကိုစားကောင်းတဲ့ဟင်းအတွဲအစပ်မို့ တခါလောက်တော့လိုက်ချက်စားကြည့်ဖို့fully recommend ပေးပါတယ်ရှင့်🤍
#ဟင်းချက်နည်း
#သရက်သီးထမင်း #ဆိပ်သားအာလူးမဆလာချက်