Grape Vine F&B Myanmar

Grape Vine F&B Myanmar Grape Vine F&B Myanmar Company is a Myanmar-based food company specializing in quality beef, value-added meat products, and imported wines.

📢GRAPE VINE F&B DISTRIBUTION CO., LTD အသားထုတ်လုပ်ရေးစက်ရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ရာထူးနေရာများအတွက် ဝန်ထမ်းများ...
23/06/2026

📢GRAPE VINE F&B DISTRIBUTION CO., LTD

အသားထုတ်လုပ်ရေးစက်ရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ရာထူးနေရာများအတွက် ဝန်ထမ်းများ အမြန်ဖိတ်ခေါ်အပ်ပါသည်။

1. 📢 Sale Representative — (မ) ၂ ဦး

♦️ အရည်အချင်းသတ်မှတ်ချက်

 ✅တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။ (ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရမည်)

 ✅Computer Excel စာစီစာရိုက် အခြေခံ အသုံးပြုတတ်ရမည်။

 ✅Sale Rep လုပ်ငန်းပိုင်း အတွေ့အကြုံရှိသူ၊ အရောင်းစာရင်းသွင်းခြင်းနှင့် Sale (Whole Sale & Horeca) အပိုင်းကို စိတ်ဝင်စားပြီး Software အသုံးပြုတတ်သူကို ဦးစားပေးပါမည်။

 ✅အသက် (၂၀) မှ (၃၀) နှစ်အတွင်း ဖြစ်ရမည်။

💰 လစာ: 450,000/- ကျပ် + ရက်မှန်ကြေး + Transportation Charges (ခရီးစရိတ်)

🕘အလုပ်ချိန်: 9:00 AM to 5:00 PM

🔸ရုံးပိတ်ရက်များ (Sunday & Public Holiday)

2. 📢 Sales Admin — (မ) ၃ ဦး

♦️အရည်အချင်းသတ်မှတ်ချက်

 ✅ ဘွဲ့ရ (သို့မဟုတ်) အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ (ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရမည်)

 ✅ အသက် (၂၀) နှစ်မှ (၃၅) နှစ်အထိ။

 ✅ လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးပါမည်။

 ✅English Skills အသင့်အတင့် ရှိရမည်။

 ✅Microsoft Word, Excel, Internet, E-Mail တို့ကို အသုံးပြုနိုင်ရမည်။

💰လစာ: 300,000/- ကျပ် + ရက်မှန်ကြေး + Transportation Charges (ခရီးစရိတ်)

🕘အလုပ်ချိန်: 9:00 AM to 5:00 PM

3. 📢လုံခြုံရေး — (ကျား) ၂ ဦး

♦️အရည်အချင်းသတ်မှတ်ချက်

✅အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ဖြစ်ရမည်။

✅ကျန်းမာရေး ကောင်းမွန်ရမည်။

✅လုပ်ငန်းတာဝန် ဆောင်ရွက်နေစဉ်အတွင်း

✅အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်း ကင်းရှင်းသူဖြစ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရပါမည်။

 ✅ သန့်ရှင်းရေးတာဝန် ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရှိသူများ ဦးစားပေးပါမည်။

 ✅ နေ့/ည အလှည့်ကျ ဆင်းနိုင်ရမည်။

💰လစာ: 300,000/- ကျပ် + ရက်မှန်ကြေး + Transportation Charges (ခရီးစရိတ်)

🕖 အလုပ်ချိန်: မနက် ၇ နာရီမှ နောက်နေ့မနက် ၇ နာရီ (တစ်ရက်ဆင်း တစ်ရက်နား)

4. 📢 HR & Admin Executive — (မ) ၁ ဦး

♦️အရည်အချင်းသတ်မှတ်ချက်

 ✅တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

 ✅HR & Admin Management ဆိုင်ရာ Diploma (သို့မဟုတ်) Certificate ရရှိပြီးသူ ဖြစ်ရမည်။

 ✅ဝန်ထမ်းရေးရာနှင့် စီမံရေးရာဌာနတွင် လုပ်သက်အနည်းဆုံး (၃) နှစ်အထက် အတွေ့အကြုံရှိသူ ဖြစ်ရမည်။

 ✅Microsoft Word, Excel, Mail တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။

 ✅HR & Admin Knowledge ရှိပြီး ကောင်းစွာအသုံးချနိုင်သူ ဖြစ်ရမည်။

 ✅လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသူကို ဦးစားပေးပါမည်။

 ✅အစိုးရရုံးများသို့ ဝင်/ထွက် သွားလာနိုင်သူ ဖြစ်ရမည်။

 ✅အသက် (၃၀) နှစ်မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်။

💰လစာ: 550,000/- ကျပ် + ရက်မှန်ကြေး + Transportation Charges (ခရီးစရိတ်)

🕘 အလုပ်ချိန်: 9:00 AM to 5:00 PM

🔸ရုံးပိတ်ရက်များ (Sunday & Public Holiday)

5.📢 Sale Promoter — (မ) ၂ ဦး

♦️အရည်အချင်းသတ်မှတ်ချက်:

 ✅ဘွဲ့ရ (သို့မဟုတ်) အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ (ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရမည်)

 ✅အသက် (၂၀) နှစ်မှ (၃၅) နှစ်အတွင်း။

 ✅Customer (ဝယ်သူ) များနှင့် ပြောဆိုဆက်ဆံရာတွင် တက်ကြွစွာ ပြောဆိုဆက်ဆံနိုင်ရမည်။

 ✅မိမိရောင်းချသော Products များ၏ အကြောင်းအရာကို စိတ်ရှည်လက်ရှည် ရှင်းပြနိုင်ရမည်။

 ✅External & Internal Communication (ဆက်သွယ်ပြောဆိုမှု) ကောင်းမွန်ရမည်။

💰လစာ: 350,000/- ကျပ် + ရက်မှန်ကြေး + Transportation Charges + Sampling Charges

🕘အလုပ်ချိန်: 9:00 AM to 5:00 PM

6. 📢 ခြံသန့်ရှင်းရေး — (ကျား) ၂ ဦး

♦️ အရည်အချင်းသတ်မှတ်ချက်

 ✅ ကျန်းမာရေး ကောင်းမွန်ရမည်။

 ✅လုပ်ငန်းတာဝန် ဆောင်ရွက်နေစဉ်အတွင်း အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်း ကင်းရှင်းသူဖြစ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရပါမည်။

 ✅သန့်ရှင်းရေးတာဝန် ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရှိသူများ ဦးစားပေးပါမည်။

💰 ခံစားခွင့်: နေ့လည်စာ ကျွေးပါမည်။

💰လစာ: 300,000/- ကျပ် + ရက်မှန်ကြေး + Transportation Charges (ခရီးစရိတ်)

🕖 အလုပ်ချိန်: 7:00 AM to 5:00 PM

7. 📢 သန့်ရှင်းရေး - မ(၂)ဦး

♦️ အရည်အချင်းသတ်မှတ်ချက်

✅ သန့်ရှင်းသပ်ရပ်ပြီးအကျင့်စာရိတ္တကောင်းမွန်ရမည်

✅ အတွေ့အကြုံရှိသူဦးစားပေးမည်

✅ နယ်မှလာသူများအဆောင်စီစဉ်ပေးသည်

✅ အသက်(၂၅)မှ (၃၀)အတွင်း

💰လစာ: 300,000/- ကျပ်

💰အခြားခံစားခွင့်: ရက်မှန်ကြေး + Transportation Charges (ခရီးစရိတ်)

🕗 အလုပ်ချိန်: 8:00 AM - 5:00 PM

🔸ပိတ်ရက်: တနင်္ဂနွေနေ့ နှင့် အစိုးရရုံးပိတ်ရက်များ (Sunday & Public Holidays)

8. 📢ထမင်းချက် — (မ) ၂ ဦး

♦️အရည်အချင်းသတ်မှတ်ချက်

 ✅သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေး ကောင်းမွန်ရမည်။

 ✅ဝန်ထမ်းများအတွက် ထမင်းချက် အတွေ့အကြုံရှိသူကို ဦးစားပေးပါမည်။

 ✅အသက် (၃၀) နှစ်မှ (၄၀) နှစ်အတွင်း။
💰ခံစားခွင့်: နေ့လည်စာနှင့် ညစာ ကျွေးပါမည်။ နယ်မှလာသူများအတွက် အဆောင်စီစဉ်ပေးပါမည်။

💰 လစာ: 300,000/- ကျပ် + ရက်မှန်ကြေး + Transportation Charges (ခရီးစရိတ်)

🕖အလုပ်ချိန်: 7:00 AM to 4:00 PM

9. 📢စက်ရုံလုပ်သား — (ကျား) ၂၀ ဦး

♦️ အရည်အချင်းသတ်မှတ်ချက်

 ✅အေးခဲအသားစက်ရုံတွင် လုပ်ကိုင်ရန်အတွက် အကျင့်စာရိတ္တ ကောင်းမွန်ပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ ဖြစ်ရမည်။

 ✅ကျန်းမာရေး ကောင်းမွန်ပြီး လုပ်ငန်းတာဝန် ဆောင်ရွက်နေစဉ်အတွင်း အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်း ကင်းရှင်းသူ ဖြစ်ရမည်။

💰 ခံစားခွင့်: နယ်မှလာသူများအတွက် အဆောင်စီစဉ်ပေးပါမည်။

💰 လစာ: 300,000/- ကျပ် + OT (အချိန်ပိုကြေး) + ရက်မှန်ကြေး + Transportation Charges (ခရီးစရိတ်)

🕖 အလုပ်ချိန်: 7:00 AM to 4:00 PM

🔸 အလုပ်ပိတ်ရက်: တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များ (Sunday & Public Holiday)

📍 အလုပ်လုပ်ရမည့်နေရာ
• အမှတ် (၄) ဘီ၊ သုဒဿန (၂) လမ်း၊ (၁၆/၂) ရပ်ကွက်၊ ရတနာဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်။

♦️ သာကေတ, သဃ်န်းကျွန်း , ရန်ကင်း,တောင်ဥက္ကလာ မြို့နယ်အနီးနေထိုင်သူဦးစားပေးမည်။

📩 လျှောက်ထားရန်နည်းလမ်း
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ ဆက်သွယ်ရန်လိပ်စာများမှတစ်ဆင့် CV Form ပေးပို့ လျှောက်ထားနိုင်ပါသည်။

📱Viber: 09-789610430

[email protected]






19/06/2026

📣 မင်္ဂလာပါရှင်! Grapevine ရဲ့ ချစ်ရတဲ့ Customer တွေနဲ့ လုပ်ငန်းရှင်မိတ်ဆွေများအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်နော်။ ✨

လာမယ့် ဇွန်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ Yangon Convention Center (YCC) မှာ ကျင်းပမယ့် Myanmar–China Trade & Investment Expo 2026 မှာ Grapevine F&B Distribution Co., Ltd. ကနေ ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။

ပွဲရက် ၃ ရက်အတွင်းမှာ Grapevine ရဲ့ အရသာထူးကဲတဲ့ Premium အသားထုတ်ကုန်တွေ (Beef Slice, Beef Block, Sausages...) ကို လေ့လာဝယ်ယူနိုင်မယ့်အပြင်၊ Expo အထူး Promotion & Discount တွေလည်း ရှိနေဦးမှာနော်။ 😍

ဒါတင်မကသေးပါဘူး... ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ရှာဖွေနေတဲ့ လုပ်ငန်းရှင်ကြီးတွေ၊ MSMEs တွေအတွက်လည်း မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုတွေ တိုက်ရိုက်လုပ်ဆောင်နိုင်မယ့် အခွင့်အရေးကြီးတစ်ခုလည်း ဖြစ်ပါတယ်။

🎁 Grapevine Booth (S-62, S-63) ကို လာရောက်လည်ပတ်တဲ့သူတွေအတွက် အထူးလက်ဆောင်တွေနဲ့ Surprise အစီအစဉ်တွေလည်း ပြင်ဆင်ထားတာမို့ မဖြစ်မနေ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 👋

📍 Venue: Yangon Convention Center (YCC)

⛺ Booth No: S-62, S-63

📅 Date: 26 - 28 June 2026

26/03/2026

အသားတစ်လွှာချင်းစီရဲ့ တိကျတဲ့ ဖြတ်တောက်မှုတွေက Grape Vine ရဲ့ လက်ရာကို သက်သေထူနေသလို၊ စံချိန်စံညွှန်း ပြည့်မီဖို့အတွက် တိကျမှုနဲ့ အရည်အသွေးကို အမြဲတမ်း အရေးကြီးဆုံးအဖြစ် ထားရှိပါတယ်။

အသေးစိတ်ကအစ ဂရုစိုက်ထားတဲ့ အကောင်းဆုံးအရသာကို Grape Vine မှာ ခံစားကြည့်လိုက်ပါ။

“ Myanmar’s Trusted Source for Premium Beef ”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎️ +959 781847222

အရသာထူးကဲတဲ့ ဟင်းပွဲတွေအတွက် စားဖိုမှူးတို့ရဲ့ အကောင်းဆုံး လက်တွဲဖော် - Grape Vine 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐭𝐲 𝐌𝐞𝐚𝐭 𝐂𝐮𝐭𝐬ဟင်းပွဲတစ်ပွဲရဲ့ အ...
17/03/2026

အရသာထူးကဲတဲ့ ဟင်းပွဲတွေအတွက် စားဖိုမှူးတို့ရဲ့ အကောင်းဆုံး လက်တွဲဖော် - Grape Vine 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐭𝐲 𝐌𝐞𝐚𝐭 𝐂𝐮𝐭𝐬

ဟင်းပွဲတစ်ပွဲရဲ့ အဆင့်အတန်းဟာ ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးအပေါ်မှာ အများကြီး မူတည်ပါတယ်။

ဒါကြောင့် Grape Vine F&B Distribution ကနေ စားဖိုမှူးတို့အတွက် အကောင်းဆုံးလက်တွဲဖော်အဖြစ် 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐭𝐲 𝐌𝐞𝐚𝐭 𝐂𝐮𝐭𝐬 တွေကို Ready to Cook အနေနဲ့ပြင်ဆင်ပေးထားပါတယ်။

Grape Vineရဲ့ 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐭𝐲 𝐌𝐞𝐚𝐭 𝐂𝐮𝐭𝐬 တွေဟာ-

🔸ဟင်းပွဲအမျိုးအစားအလိုက် ကိုက်ညီစေမဲ့ အပိုင်းအဖြတ်တွေမို့ အလေအလွင့် မရှိစေပါဘူး။

🔸 အရသာပိုင်းမှာလည်း စွဲမက်စရာ အသားရဲ့ လတ်ဆတ်မှုနဲ့ နူးညံ့မှုကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။

🔸အသားကို ပိုင်းဖြတ်ပြင်ဆင်ရတဲ့ အချိန် လျော့သွားတာကြောင့် အရသာ နဲ့ တီထွင်ဖန်တီးမှုအပိုင်းကို ပိုပြီး အာရုံစိုက်နိုင်မှာ ဖြစ်သလို ဟင်းပွဲအရေအတွက်လည်း အချိန်တိုအတွင်း တွက်ဆပြီး ချက်နိုင်ပါတယ်။

📌လေလွင့်မှုမရှိဘဲ အချိန်တိုအတွင်း ထူးကဲတဲ့ ဟင်းပွဲတွေ ဖန်တီးပေးစွမ်းနိုင်တာမို့ မိတ်ဆွေရဲ့ လုပ်ငန်းဂုဏ်သတင်းကို မြှင့်တင်ဖို့ Grape Vine ရဲ့ အမဲသားပုံစံ အမျိုးမျိုးကို ရွေးချယ်လိုက်ပါ။

Grape Vine F&B Distribution မှာ ရရှိနိုင်တဲ့ အမဲသားအမျိုးအစားတွေနဲ့ ဈေးနှုန်းအသေးစိတ်ကို သိရှိလိုပါက Message box မှာ မေးမြန်းနိုင်သလို ဖုန်းနံပါတ် [09 944 497 707] ကိုလည်း တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

“ Myanmar’s Trusted Source for Premium Beef ”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎️ +959 944 497 707

မင်္ဂလာရှိသော တောင်သူလယ်သမားနေ့ဖြစ်ပါစေခင်ဗျာ။ နိုင်ငံတစ်ဝန်းက စားနပ်ရိက္ခာတွေအတွက် မပင်မပန်း ကြိုးစားအားထုတ်နေကြတဲ့ ကျေ...
02/03/2026

မင်္ဂလာရှိသော တောင်သူလယ်သမားနေ့ဖြစ်ပါစေခင်ဗျာ။

နိုင်ငံတစ်ဝန်းက စားနပ်ရိက္ခာတွေအတွက် မပင်မပန်း ကြိုးစားအားထုတ်နေကြတဲ့ ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံးကို Grape Vine F&B Distribution မှ အလေးအမြတ်ထား ဂုဏ်ပြုလိုက်ပါတယ်။


ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူး အားလပ်ရက် ဖြစ်ပါစေကြောင်း Grape Vine F&B Distribution မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပ...
17/02/2026

ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူး အားလပ်ရက် ဖြစ်ပါစေကြောင်း Grape Vine F&B Distribution မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။


ယနေ့ ကျရောက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို Grape Vine F&B Distribution မှ ဂုဏ်ယူစွာဖြင့် ကြိုဆိုအပ်ပါတယ်။
12/02/2026

ယနေ့ ကျရောက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို Grape Vine F&B Distribution မှ ဂုဏ်ယူစွာဖြင့် ကြိုဆိုအပ်ပါတယ်။


ရာဇဝင်မသိတဲ့အသားတွေ သုံးနေတုန်းပဲလား ⁉️ဟိုတယ်နဲ့ စားသောက်ကုန်လုပ်ငန်းရှင်တိုင်းအတွက် အရေးကြီးဆုံးက "ယုံကြည်စိတ်ချရမှု" ပ...
11/02/2026

ရာဇဝင်မသိတဲ့အသားတွေ သုံးနေတုန်းပဲလား ⁉️

ဟိုတယ်နဲ့ စားသောက်ကုန်လုပ်ငန်းရှင်တိုင်းအတွက် အရေးကြီးဆုံးက "ယုံကြည်စိတ်ချရမှု" ပါပဲ။

ကိုယ့်ရဲ့မီးဖိုချောင်ထဲကို ရောက်လာတဲ့အသားတွေ၊ ကုန်ကြမ်းတွေက ဘယ်ကလာသလဲ၊ ဘယ်လိုအဆင့်ဆင့် ဖြတ်သန်းလာသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိထားမှသာ Customer တွေကို ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံးတည်ခင်းပေးနိုင်မှာဖြစ်ပါတယ်။

Grape Vine ရဲ့ Transparency System (ပွင့်လင်းမြင်သာမှုစနစ်) ဆိုတာ ...

🥩 တိကျသေချာတဲ့ အရည်အသွေးအဆင့်အတန်း သတ်မှတ်ချက်

အမဲသားတိုင်းကို (Receiving Stage) ကနေစပြီး တင်းကျပ်တဲ့စံချိန်စံညွှန်းတွေနဲ့အညီ အာရုံခံနိုင်တဲ့ Tool တွေ အသုံးပြုကာ ဘက်စုံကြည့်ရှုခြင်းဖြင့် စနစ်တကျရွေးချယ်စစ်ဆေးပါတယ်။ အစိတ်အပိုင်းတိုင်းမှာလည်း မှန်ကန်တဲ့ Code No. တွေနဲ့ သတ်မှတ်ထားတဲ့အတွက် Quality ပိုင်းမှာ တစ်သမတ်တည်းယုံကြည်စိတ်ချနိုင်ပါတယ်။

🥩 Cold-Chain စနစ်နဲ့ ပို့ဆောင်မှု

ဖြတ်တောက်ပြင်ဆင်ပြီးတာနဲ့ အသားတွေဟာ Cold-Chain System ထဲမှာ ထိန်းသိမ်းထားခြင်းခံရပါတယ်။

လတ်ဆတ်မှုလုံးဝလျော့ပါးမသွားစေဖို့ သတ်မှတ်အအေးချိန်နဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်၊ မှတ်တမ်းတင်ပြီး စားဖိုဆောင်အရောက် အမြန်ဆုံးပို့ဆောင်ပေးပါတယ်။

🥩 စနစ်ကျတဲ့ ထုပ်ပိုးမှု
လုပ်ဆောင်မှုအဆင့်တိုင်းမှာ သန့်ရှင်း‌ရေး၊ ရောဂါပိုးမွှား ကင်းရှင်းရေးအပြင် ပြင်ပလေထုနဲ့တောင် ထိတွေ့ခွင့်မရှိစေရအောင် သေသေချာချာအလေးထားပြီး ထုပ်ပိုးပြင်ဆင်မှုတိုင်းကို ဂရုစိုက်ပါတယ်။

✅ Grape Vine ရဲ့ စနစ်တကျခြေရာခံနိုင်တဲ့ လုပ်ငန်းစဉ်တွေကြောင့် ဘယ်အသားက ဘယ်ကလာလဲ၊ ဘယ်လောက်လတ်ဆတ်သလဲဆိုတာ အတိအကျသိနိုင်ပါတယ်။ ဒါဟာ Grape Vine ရဲ့အမဲသားတိုင်းအတွက် ယုံကြည်စိတ်ချနိုင်တဲ့ အာမခံချက်တစ်ခုပါပဲ။

Grape Vine နဲ့သာဆိုရင် ... စားဖိုဆောင်မှာပြင်ဆင်တဲ့ အမဲသားတစ်တုံးချင်းစီမှာ ယုံကြည်စိတ်ချရမှု၊ သန့်ရှင်းလတ်ဆတ်မှုနဲ့ အရည်အသွေးကောင်းမွန်ခြင်းတွေကို သယ်ဆောင်လာပါတယ်။

💯 ဒါကြောင့် Grape Vine F&B Distribution နဲ့အတူ အကောင်းဆုံးသော စံချိန်မီတဲ့ Beef တွေနဲ့ အကောင်းဆုံးသော Transparency System ကို ယုံကြည်စွာ အပ်နှံလိုက်ပါ။

“Myanmar’s Trusted Source for Premium Beef”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎ +959 944 497 707




09/02/2026

Premium Beef ကိုမှ ကြိုက်သူတိုင်းအတွက် အသန့်ရှင်းဆုံး၊ အလတ်ဆတ်ဆုံးနဲ့ စိတ်အချရဆုံး... 𝐆𝐫𝐚𝐩𝐞 𝐕𝐢𝐧𝐞 ရဲ့ 𝐓𝐫𝐚𝐧𝐬𝐩𝐚𝐫𝐞𝐧𝐜𝐲 𝐒𝐲𝐬𝐭𝐞𝐦 ✨🥩

အမဲသားဆို လတ်ဆတ်မှ၊ အရသာရှိမှ... ကြိုက်တတ်တဲ့ Foodies တို့အတွက် Grape Vineရဲ့ ထုတ်လုပ်မှု အဆင့်တိုင်းမှာ သန့်ရှင်းလတ်ဆတ်မှုကို အာမခံထားပါတယ်။

စက်ရုံကနေ အိမ်အရောက် ဘယ်လို စနစ်တကျ ပြင်ဆင်ကြလဲဆိုတော့...

✨ 100% Hygiene
အသားတွေကို ကိုင်တွယ်တဲ့နေရာမှာ ဖိနပ်လဲ၊ ပိုးသတ်၊ ဝတ်စုံပြည့်ဝတ်ခြင်းဖြင့် သန့်ရှင်းမှုကို အဓိကထားပြီးမှ ကိုင်တွယ်ပါတယ်။

✨ Vacuum Sealed
အသားတွေကို Cutting ကျကျ ကျွမ်းကျင်စွာ ဖြတ်ပြီး Vacuum စက်ကြီးတွေနဲ့ လေလုံအောင် စနစ်တကျ ထုပ်ပိုးတာကြောင့် ပိုးမွှားဝင်မှာလည်း လုံးဝ(လုံးဝ) စိတ်ပူစရာမလိုပါဘူး။

✨ Cold Chain Management
အသားရဲ့အရသာ ပေါ်လွင်အောင်၊ လတ်ဆတ်မှုလည်း လျော့မသွားအောင် သတ်မှတ်ထားတဲ့ အအေးနှုန်းအတိုင်း စနစ်တကျ သိမ်းဆည်းထားပါတယ်။

✨ Precision Cutting
အသားတွေကို ခေတ်မီစက်ကြီးတွေနဲ့ Cutting ဖြတ်တာကြောင့်လည်း အသားလွှာလေးတွေနဲ့ Steak တုံးလေးတွေက ညီညာလှပနေပါတယ်။

📌ဒါကြောင့် သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိရုံတင်မကဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Premium Beef ကို ရှာနေတယ်ဆိုရင်တော့ 𝐆𝐫𝐚𝐩𝐞 𝐕𝐢𝐧𝐞 𝐅&𝐁 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 ရှိပါတယ်။

“Myanmar’s Trusted Source for Premium Beef”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎ +959 944 497 707



✴️ Safe Handling Delivery အတွက် ဦးစားပေးတဲ့ Beef Supply Partner ဆိုရင် Grape Vine F&B Distribution ပါပဲ...စားသောက်ကုန်လု...
23/01/2026

✴️ Safe Handling Delivery အတွက် ဦးစားပေးတဲ့ Beef Supply Partner ဆိုရင် Grape Vine F&B Distribution ပါပဲ...

စားသောက်ကုန်လုပ်ငန်းတွေမှာ အရည်အသွေးမြင့် အစားအစာတွေ ဖန်တီးဖို့ ကုန်ကြမ်းပစ္စည်းကို စနစ်တကျ ကိုင်တွယ် သယ်ယူရာကနေ အစပြုပါတယ်။

Grape Vine F&B Distribution အနေနဲ့ ကုန်ပစ္စည်းတွေကို ပို့ဆောင်ရာမှာ သမားရိုးကျ ချပေးခဲ့တာမျိုး မဟုတ်ဘဲ ယုံကြည်မှုမြင့်မားစေတဲ့ "Safe Handling" လုပ်ငန်းစဉ်ကို အဓိကသော့ချက်အဖြစ် လက်ကိုင်ထားပြီး ဝန်ဆောင်မှုပေးပါတယ်...

✅ အမဲသားရဲ့ လတ်ဆတ်မှု၊ အနံ့၊အရသာ နဲ့ အရောင်...စတဲ့ အရည်အသွေးတွေ မပြောင်းလဲသွားအောင် သတ်မှတ်အအေးချိန် ထိန်းညှိထားပြီးသား ယာဉ်များနဲ့သာ ပို့ဆောင်ပါတယ်။

✅ အမဲသားတွေ စံချိန်မှီသန့်ရှင်းနေစေဖို့ အမှားအယွင်းမရှိအောင် ဂရုတစိုက် ကိုင်တွယ်နေရာချ အပ်နှံပေးပါတယ်။

✅ ပမာဏများပြားတဲ့ အမှာစာ(Order)တွေ ဖြစ်နေစေကာမူ အရည်အသွေးလုံးဝ မကျစေဘဲ အချိန်မှန်မှန်၊ အရောက်ပို့ပေးပါတယ်။

ဒီလို စနစ်တကျ ကိုင်တွယ်ပြီး ဝန်ဆောင်မှုပေးခြင်းက အမဲသားနဲ့ ပတ်သက်ပြီးဖြစ်စေ၊ ထုတ်လုပ်တဲ့ ပို့ကုန်ပစ္စည်းများနဲ့ ပတ်သက်ပြီးဖြစ်စေ... လူကြီးမင်းရဲ့ စားသောက်ကုန်လုပ်ငန်း အဆင့်အတန်းကို ပိုမိုမြင့်မားစေဖို့ အထောက်အကူ ဖြစ်စေမှာပါ။ ဒါကလည်း Grape Vine F&B Distributionရဲ့ ရည်မှန်းထားတဲ့ပန်းတိုင်တခု ဖြစ်ပါတယ််။

လူကြီးမင်းတို့ လုပ်ငန်းရဲ့ အောင်မြင်မှုနောက်ကွယ်မှာ "အရည်အသွေးရဲ့ယုံကြည်မှု" ကို အာမခံပေးမဲ့ Beef-Supplier အဖြစ် Grape Vine F&B Distribution က အဆင်သင့် ရှိနေပါတယ်။

ပို့ဆောင်မှု အဆင့်ဆင့်မှ အစပြုပြီး မိတ်ဆွေတို့ရဲ့ Kitchen အထိ အမဲသားရဲ့ စံချိန်မှီသန့်ရှင်းနေမှုအတွက် Grape Vine F&B Distribution မှ တာဝန်ယူပါရစေ။

“Myanmar’s Trusted Source for Premium Beef”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎ +959 944 497 707



Address

No. 4 Thu Datthana Street 2
Yangon

Website

Alerts

Be the first to know and let us send you an email when Grape Vine F&B Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share