22/07/2026
အလွိုင်းဂွေ နှင့် စတီးဂွေ
လူအတော်များများက စက်ဘီးတစ်စီးဝယ်ပြီဆိုလျှင်ဖြင့် အလွိုင်းဂွေလား စတီးဂွေလားဆိုပြီးဂွေကိုစမေးပါတော့တယ်။ စက်ဘီးတစ်စီးကိုထုတ်လုပ်လိုက်တဲ့နိုင်ငံကြီးတွေဟာ သူတို့ရဲ့ပစ္စည်းခံနိုင်ရည်အားကို နည်းလမ်းအမျိုးမျိုးဖြင့်စမ်းသပ်ပြီးမှသာ ထုတ်လုပ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ပစ္စည်းတွေကတော့ ဘာတစ်ခုမှမခံနိုင်ပါဘူးဗျာ။ စတီးဂွေထက်ပိုင်းကျိုးကာ အလွိုင်းဂွေ မုန့်ကြိုးလိမ်ဖြစ်အောင်အထိ နမော်နမဲ့အသုံးပြုမှုကများကြပါတယ်။
စက်ဘီးပဲဖြစ်စေ၊ ဆိုင်ကယ်ပဲဖြစ်စေ၊ ကားပဲဖြစ်စေ ကိုမောင်းနှင်လာတဲ့အရှိန်ကိုထိန်းသိမ်းနိုင်ပြီး ချိုင့်ခွက်တွေကို ရှောင်တိမ်းမောင်းနှင်နိုင်မှသာ မိမိပစ္စည်း သက်တမ်းပြည့်သုံးစွဲရမည်သာဖြစ်ပါတယ်။ ကားတောင်မှ ချိုင့်ခွက်တည့်တည့်ကို အရှိန်နဲ့ပစ်ချသော် အဆောင့်ခံလိုက်ရတဲ့အပိုင်းက ဒဏ်ဖြစ်ကာ နောက်ပိုင်း ထိုနေရာကနေ စတင်ကွဲထွက်လာရပါတယ်။ ကားမှာဂွေကဘာမှမဖြစ်ပေမယ့် ဘီးတစ်ခြမ်းအတွက် ငြိမ့်ညောင်းအောင်ထိန်းသိမ်းပေးရတဲ့ အဓိကအစိတ်အပိုင်း အမာခံတွဲထားတဲ့နေရာတွေကနေ လတ်တလောမသိရပေမယ့် ကြာလာတာနဲ့အမျှ ထိုနေရာတွေကနေ ပြတ်ထွက်လာရပါတယ်။
ဆိုင်ကယ်မှာဆိုလည်း ဒီအတိုင်းပါပဲ ဂွေမထိသော် ဂွေကိုထိန်းသိမ်းပေးရတဲ့ပစ္စည်းတွေပျက်ဆီးရပါတယ်။ စက်ဘီးမှာတော့ ဂွေကိုပျက်စီးစေပြီး စတီးဂွေလိုဟာမျိုးကို အနောက်ဝိတ်နဲ့မဆင်မခြင် ချိုင့်ထဲသို့ပစ်ချမိပါက စတီးဂွေကိုထက်ပိုင်းကျိုးစေပါတယ်။ အလွိုင်းဂွေကိုလည်း ထိုနည်းလည်းကောင်း လုပ်စီးပါက မုန့်ကြိုးလိမ်လိုဖြစ်ကာ ဂွေကိုပျက်စီးစေပါတယ်။
ပျက်စီးစေတဲ့အကြောင်းအရာပြောပြီးတော့ အလွိုင်းဂွေနှင့် စတီးဂွေမှာ အလွိုင်းဂွေဟာ ဘရိတ်တုံးဘာကြောင့်စားရသနည်း ဆိုတာကို ထပ်မံရှင်းပြပေးပါမယ်။
အလွိုင်းဂွေဟာ ဘရိတ်တုံး၏ပွတ်တိုက်မှုကြောင့် ဂွေတိုက်စားခြင်းခံရပါတယ်။ ဒီလိုမဖြစ်အောင် ဘယ်လိုသုံးရမလဲဆိုလျှင်ဖြင့်
ဘရိတ်တုံးတွင် အပိုင်းနှစ်ပိုင်း ရှိပါတယ်။ အပေါ်ပိုင်း အတုံးပုံစံ လိုင်းလေးတွေနှင့်အရာပေးထားတဲ့အပိုင်းဟာ ဘရိတ်တုံးကို တဝက်အထိသာအသုံးပြုစေပြီး ဘရိတ်တုံးရဲ့ ဗိုက်ဖောင်းဖောင်းနားက အရစ်ကလေး အလယ်အမှတ်ရောက်တဲ့အခါ ဆက်လက်အသုံးမပြုသင့်တော့ပေ။ ဘရိတ်တုံးတစ်တုံးကို ဘာလို့အကုန်အထိ အသုံးမပြုရတာလဲမေးစရာရှိပါတယ်။ ဘရိတ်တုံးအသစ်မှာ တစ်ဝက်လောက်အထိက ရာဘာအသားများသာဖြစ်ပြီး ကျန်တဝက်အောက်ခံအပိုင်းမှာတော့ သံမှုံလို မာကျောအမှုံများဖြင့် ဘရိတ်တုံးကို ခိုင်မာတောင့်တင်းအောင်လုပ်ပေးထားတဲ့အတွက် ဘရိတ်တုံးကို တဝက်အထိသာ အသုံးပြုခိုင်းခြင်းဖြစ်သည်။ ဒီလိုပြောနိုင်တာကလည်း လုပ်ငန်းထဲက လုပ်ရင်းပညာရဆိုသလို ပုန်လည်ရှင်းပြနိုင်သာတာဖြစ်ပါတယ်။
ဒါဆို အလွိုင်းဂွေနဲ့ ဘရိတ်တုံးကို ဘယ်လိုသုံးရမလဲ။
အလွိုင်းဂွေတွေ ဂွေကို ဘရိတ်တုံးကပွတ်တိုက်မှုဖြင့် တိုက်စားမှုမဖြစ်ရအောင် ဘရိတ်တုံးတဝက်ရောက်တာနှင့်တပြိုင်နက် နောက်ထပ်ဘရိတ်တုံး အသစ်ကိုလဲလည်တပ်ဆင်အသုံးပြုပေးပါ။ ဒီနေရာမှာ မြန်မာထုတ် ရာဘာသား အသားမာမာ သံဖြူတွေနဲ့လုပ်ထားတဲ့ ဘရိတ်တုံးကို အသုံးမပြုကြစေလိုပါ။ ဈေးပေါတယ် ဘရိတ်အမိမကောင်းပါဘူး။ အဆင်မသင့်လျင် ဘရိတ်ကြိုး ဘရိတ်ကိုင်းတွေပါနာလာပါတယ်။
ဒါဆိုဘယ်လိုဘရိတ်တုံးကို သုံးသင့်သလဲ။
တရုတ်ကဝင်နေတဲ့ ကဒ်နဲ့လာတဲ့ ဘရိတ်တုံးမျိုးကိုသုံးပါ။ တစ်စုံကို လေးငါးထောင်လောက်တော့ရှိပါတယ်။ ကျွန်တော့်ရောင်းဘီးတွေမှာဆိုလျင်လည်း ထိုဘရိတ်တုံးတွေကိုသာ လဲသင့်တဲ့အခါ လဲထည့်ပေးလေ့ရှိပါတယ်။ ဒီလိုဘရိတ်တုံးကို ပုံမှန်ခြောက်လတစ်ခါလောက်လဲလှယ်ပေးလျှင်ဖြင့် ဘရိတ်လည်းအမိကောင်းမည်။ အလွိုင်းဂွေမှာလည်း မည်သို့သော ဂွေတိုက်စားခံရမှုမျိုးမှ မရှိတော့ပါ။
ကျွန်တော်ကိုယ်တိုင်အသုံးပြုနေတဲ့ Air bike ဘီးဟာဆိုလျင်ဖြင့် ငါးနှစ်တာကာလအတွင်းရောက်လာခဲ့ပြီး ထိုကာလတစ်လျှောက် ဘရိတ်တုံးများကို မညှာပဲ တစ်သောင်းကျော်တန် အကောင်းဆုံးတွေကိုသာဝယ်ထည့်သုံးနေခြင်းကြောင့် ဂွေတိုက်စားမှု လုံးဝမရှိခဲ့ပဲ မူလအသားတိုင်းသာ တည်ရှိနေပါတယ်။ ကျွန်တော်ကတော့အကောင်းကြိုက်တော့ အကောင်းထည့်သလို ဝါသနာအရလည်း ပါတာပေါ့။ ဒါပေမယ့် ဘရိတ်တုံးကို ဈေးသင့်တင့်တဲ့ဟာကိုသာဝယ်သုံးကြပါ။ ဈေးပေါတာကို ဝယ်မသုံးကြပါနဲ့။ ခြောက်လတစ်ခါ ဘရိတ်တုံးများကို စစ်ဆေးပေးပါ။ အရှေ့ဘရိတ်ဟာ အသုံးနည်းသလို စက်ဘီးအားလုံးဝရပ်ခါနီးမျိုးနှင့် အရေူပေါ်ဘရိတ်ဆွဲရတဲ့အခါမျိုးမှာသာ အသုံးပြုကြတာများပါတယ်။
အရှေ့ဘရိတ်နဲ့ သက်သက်သာသာ slow down အချနှင့် လမ်းမညီမညာနေရာ အနိမ့်အမြင့်လမ်းမျိုးမှာတော့ အရှေ့ဘရိတ်ကိုသုံးပြီး နောက်ဘီးကို သက်သက်သာသာဖြင့် လှိုင်းစီး နိုင်ပါတယ်။ အဲ့လိုအခါ အရှေ့ဘရိတ်ကို အမိဆွဲစရာမလိုပဲ အရှိန်ထိန်းအနေအထားလောက်သာ ဆွဲရပါတယ်။
စတီးဂွေပဲသုံးသုံး၊ အလွိုင်းဂွေပဲသုံးသုံး အဓိကဘယ်လိုပစ္စည်းပဲဖြစ်ဖြစ် သုံးတဲ့သူအပေါ်မှာသာ မူတည်ပါတယ်ခင်ဗျာ။ ဒီလောက်ဆိုင် အလွိုင်းဂွေကို ဘယ်လိုထိန်းသိမ်း အသုံးပြုရမလဲဆိုတာကို သဘောပေါက်ကြမည်လို့ထင်ပါတယ်။
မိတ်သင်္ဂဟအပေါင်း ကျမ်းမာ၊ ချမ်းသာ ရွှင်လန်းကြပါစေ။
Hein Kyaw (Smile Fact)