29/10/2026
■ ရန်ကုန်မြို့တွင် ယာဉ်ရပ်နားခ ကောက်ခံမည်
ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁ ရက်မှစ၍ ယာဉ်ရပ်နားခ ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
နိုဝင်ဘာ ၁ ရက်မှစ၍ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ယာဉ်ရပ်နားခ တစ်နာရီလျှင် ၅၀၀ ကျပ်၊ ကျော်လွန်ရပ်နားသည့် မိနစ် (၃၀) အတွင်း ၃၀၀ ကျပ်၊ ကျော်လွန်ရပ်နားသည့် မိနစ် (၆၀) အထိ ၅၀၀ ကျပ် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ကောက်ခံမည့်နေရာမှာ ကမ်းနားလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား၊ ရာဇဓိရာဇ်လမ်းမှ အောင်ရတနာလမ်းကြားအား ဇုန် (၈) ဇုန်ခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတင်းစာများမှ တင်ဒါခေါ်ယူ၍ ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းအား တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
#အော်တိုမြန်မာကားရောင်းဝယ်ရေး #ရန်ကုန်မြို့ #ယာဉ်ရပ်နားခ #ကောက်ခံမည် #ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့